အချစ်ဆုံးသူတွေကို ချန်မထားခဲ့ပါနဲ့

တခါတုန်းက အလွန်ခင်တဲ့ သူငယ်ချင်း နှစ်ယောက်ဟာ ပင်လယ်ထဲကို သင်္ဘောဖြင့် ခရီးထွက်ခဲ့ ပါတယ်။ ဒါပေမယ့် မုန်တိုင်းနဲ့ ကြုံပြီး သင်္ဘော ပျက်သွားတာကြောင့် နှစ်ယောက်စလုံး ရေကူးပြီး ကျွန်းတကျွန်း ပေါ်ကို ရောက်လာ ကြပါတယ်။

ကျွန်းပေါ် ရောက်တော့ သူတို့ သူငယ်ချင်းနှစ်ယောက် ဘယ်သူ ပိုကံကောင်းတယ် ဆိုတာ သိရအောင် ကျွန်းတခြမ်းစီမှာ သီးသန့် နေထိုင်ဖို့ လုပ်ကြ ပါတယ်။

ပထမနေ့မှာ တယောက်က အစားအသောက် ရဖို့ ဆုတောင်းတော့ သစ်သီးပင် တပင်ကို သူ့ကျွန်းဘက်ခြမ်းမှာ တွေ့ပါတယ်။ ကျန်တယောက် ကတော့ သစ်သီးပင် မတွေ့တာကြောင့် ရှိတဲ့ အရွက်တွေ ကိုပဲ စားရ ပါတယ်။

နောက်နေ့မှာ ပဌမတဦးကပဲ ဆုတောင်းတိုင်း ရရှိ နေပါတော့တယ်။ မိန်းမအဖော် လိုချင်တယ် လို့ ဆုတောင်းတော့ သင်္ဘောပျက် ပေါ်က အမျိုးသမီး တယောက်က သူ့ကျွန်းဘက်မှာ ရောက်လာ ပါတယ်။

အဲလိုပဲ အဝတ်အစားတွေ၊ အစားအသောက် တွေပါ သူဆုတောင်းတိုင်း ရရှိ ပါတယ်။ နောက်ဆုံးတော့ သူက သင်္ဘော တစီးဆုတောင်းပြီး ကျွန်းကနေ ပြန်ဖို့ လုပ်ပါတယ်။

သင်္ဘောတစီးက တကယ်ပဲ ရောက်လာတော့ သူရယ် သူ့အဖော် အမျိုးသမီးရယ်က ကျွန်းကနေ ထွက်ခွာဖို့ လုပ်ပါတယ်။ အဲဒီအချိန်မှာ သိကြားမင်း ပေါ်လာပြီး "ဘာလို့ မင်းသူငယ်ချင်းကို ခေါ်မသွားတာလဲ" လို့ မေးတယ်။

"သူက ကံမကောင်းဘူး။ သူ ဆုတောင်းသမျှ ပြည့်မှ မပြည့်တာ။ သူ့ကြောင့် ကျွန်တော်တို့ သင်္ဘော ပျက်ပြီး ကျွန်တော်တို့ ဒုက္ခ ရောက်တာလား ဆိုတာတောင် မသိဘူး။ ဒါကြောင့် ဒီတခါတော့ သူ့ကို ကျွန်တော် ထားခဲ့တော့မယ်"

ထိုအခါ သိကြားမင်းက ဆက်ပြောပါတယ်။ "သင်မှားနေပြီ။ ကျွန်ုပ် ဆုတောင်း ဖြည့်ပေးခဲ့တာက သင့်သူငယ်ချင်းရဲ့ ဆုတောင်းတခုတည်း ကိုပါ။ သင့်ဆုတောင်းတွေကို ကျွန်ုပ် မဖြည့်စီး ပေးခဲ့ပါဘူး"

ထိုအခါကျမှ သူလည်း အံ့သြသွားပြီး "ဒါဆို ကျွန်တော့် သူငယ်ချင်းရဲ့ ဆုတောင်းက ဘာလဲ" လို့ မေးလိုက်တော့ သိကြားမင်းက "သင့်သူငယ်ချင်းရဲ့ ဆုတောင်းက သူ့အချစ်ဆုံး သူငယ်ချင်း ဖြစ်တဲ့ သင့်ရဲ့ ဆုတောင်းများ အားလုံး ပြည့်ပါစေတဲ့။ အဲ့ဒီ ဆုတောင်းကိုပဲ ငါဖြည့်ဆည်း ပေးခဲ့တာပါ" လို့ ပြောလိုက် ပါတော့တယ်။

လောကမှာလည်း တူတူပါပဲ။ ကိုယ့်ရဲ့ ကံကောင်းမှုတိုင်းက လူတဦး တယောက်ရဲ့ ဖြည့်ဆည်းပေးမှုလည်း ပါဝင်နိုင်တယ် ဆိုတာကို မမေ့ပါနဲ့။ သင်အချစ်ဆုံး လူတွေကို ဘယ်တော့မှ ချန်မထားခဲ့ ပါနဲ့။ Crd

Post a Comment

0 Comments