အိမ်ထောင်ကွဲတွေက ပြောပြတဲ့ အိမ်ထောင်ရေးသင်ခန်းစာ

အိမ်ထောင်ရေး ပြသနာတွေ ဆိုတာက ကိုယ်ကိုယ်တိုင် အိမ်ထောင် ပြုလိုက်မှသာ သိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အောက်က အချက်တွေ ကတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ အယူအဆတွေ ရှိခဲ့သူတွေ သိလိုက်ရတဲ့ သင်ခန်းစာတွေ ဖြစ်ပါတယ်။

မိတ်ဆွေလည်း သူတို့ရဲ့ အတွေ့ အကြုံကနေ အိမ်ထောင်ရေး အကြောင်း လေ့လာနိုင် ပါတယ်။

(၁) ဆွေမျိုးတွေက သင့်ရဲ့ အိမ်ထောင်ရေးကို အနှောက်အယှက် ပေးလိမ့်မယ်။ (ချွေးမနဲ့ ယောက်ခမ ပြသာနာ)

(၂) လက်ထပ်စာချုပ်က ဘာမှ သိပ်ပြောင်းလဲ မပေးနိုင်ပါဘူး။ လက်ထပ်စာချုပ် ရှိနေလို့ သူ့ကို သင်ပိုင်တယ်လို့ ယူဆနေ ပါလိမ့်မယ်။ လူတယောက်ရဲ့ စိတ်ကို စာရွက် တရွက်က ပြောင်းလဲပေး နိုင်စွမ်း၊ ထိန်းချုပ် နိုင်စွမ်း မရှိပါဘူး။

(၃) သာယာတဲ့ အိမ်ထောင်ရေး ဖြစ်ဖို့ အချစ် တခုထဲနဲ့ မလုံလောက်ပါဘူး။ ကိုယ့်အိမ်ထောင်ဘက်ကို ချစ်ရုံသာမက သဘောကျ နှစ်ခြိုက်ရမယ်၊ လေးစားမှု ရှိနေရမယ်။ အချစ်ဆုံး သူငယ်ချင်းလို ဖြစ်နေရ ပါမယ်။ ဘဝ တသက်တာ ရဲဘော် ရဲဘက်ဖြစ်ဖို့ လိုပါတယ်။

(၄) အမြဲတမ်း အတူ ရှိနေဖို့ မလိုအပ်ဘူး။ အိမ်ထောင်သည်တွေ ဖြစ်တဲ့အခါ စီးပွားရေး အတူ လုပ်တာတို့၊ ဘယ်သွားသွား အနားက ကပ်ပါနေတယ် ဆိုတာ ကြာရင် တဦးကို တဦး ငြီးငွေ့စရာ ဖြစ်သလို အပြစ်တွေလည်း ပိုမြင်လာနိုင် ပါတယ်။ လူတိုင်းမှာ ကိုယ့်ဝါသနာကိုယ် လုပ်ဖို့ အချိန် ရှိသင့် ပါတယ်။

(၅) သင့် အိမ်ထောင်ဘက်က တခုခုကို စိတ်ညစ်နေတယ် လို့ သံသယ ဖြစ်ရင် အကြောင်းရင်းကို သိရအောင် လုပ်ပါ ဘာမှ မဟုတ်ဘူး လို့ လျစ်လျူ မရှုပါနဲ့။ ဘာ မဟုတ်တာလေး တခုအပေါ် သူက စိတ်ညစ်တတ်တယ် ဆိုရင်တောင် သူဘာအတွက် စိတ်ညစ်တယ် ဆိုတာ သင် သိထားဖို့ နားလည်ထားဖို့ လိုအပ် ပါတယ်။

(၆) သင် ဒေါသ ထွက်ရတဲ့ စိတ်ပျက်စရာ အကျင့်တွေဟာ လက်ထပ်ပြီးတာနဲ့ ပျောက်သွားမှာ မဟုတ်ပါဘူး။ လက်ထပ်ပြီးတဲ့ အချိန်မှာ သူ့မှာရှိတဲ့ သင် စိတ်ပျက်ရတဲ့ အကျင့်တွေက အဆပေါင်း များစွာ ဆိုးရွား လာပါမယ်။

ချစ်သူ ဘဝမှာ သင် စိတ်ပျက်သွားမှာ စိုးတဲ့ စိတ်နဲ့ ထိန်းချုပ်မှုတွေ ရှိနေသေးတဲ့ အတွက် သင်မြင်ရတဲ့ ဆိုးရွားမှုတွေက နည်းတောင် နည်းနေ ပါသေးတယ်။

(၇) စိတ်ပျက်စရာ အိမ်ထောင်ရေးတခုမှာ အတင်း ကြိတ်မှိတ် နေစရာ မလိုဘူး။ ငါ့ဘဝတော့ ဆုံးပြီ ဆိုပြီး ဘဝကို ရေစုံ မျှောစရာ အကြောင်း မရှိပါဘူး။

ခိုင်မြဲတဲ့ အိမ်ထောင်ရေး ဖြစ်ချင်တာ အိမ်ထောင်သည်တိုင်းရဲ့ ဆန္ဒ ဖြစ်ပေမဲ့ အဲဒီ အိမ်ထောင်ရေးက သင်လိုချင်တဲ့ သင်ဖြစ်ချင်တဲ့ သင်နဲ့ ထိုက်တန်တဲ့ အိမ်ထောင်ရေး မဟုတ်ဘူး ဆိုရင် သင့်မှာ ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။ Crd

Post a Comment

0 Comments