မိန်းမတယောက်ရဲ့ အိမ်ထောင်ရေးကံ

အိမ်ထောင်ရေးကံ ဆိုတာ တကယ် ရှိပါတယ်။ ရုပ်ရည် နဲ့လည်း မဆိုင်ပါဘူး။ စည်းစိမ် နဲ့လည်း မဆိုင်ပါဘူး။ ပညာ တတ်ခြင်း မတတ်ခြင်း နဲ့လည်း မဆိုင်ပါဘူး။

ပြောတတ် ဆိုတတ် နေတတ် ထိုင်တတ်ခြင်း နဲ့လည်း မဆိုင်ပါဘူး။ အိမ်ထောင်ဖက်ကို ဘယ်လို ကိုင်တွယ်တတ်ခြင်း နဲ့လည်း မဆိုင်ပါဘူး။ ဘာဆို ဘာနဲ့ မှကို မဆိုင်ဘူး။

လူတယောက်ကို ဘယ်လိုမှ လိုက်ယှဉ်လို့ မရတဲ့ နေရာဟာ အိမ်ထောင်ရေး ကံပဲ။

မယူခင်က လူကောင်း ဖြစ်ပြီး ယူပြီးခါမှ သုံးစား မရတော့ တာဟာ အိမ်ထောင်ရေးကံ။ မယူခင်က ဆိုးသလောက် ယူလည်း ပြီးရော လူကောင်း ဖြစ်လာတာ အိမ်ထောင်ရေးကံ။

လူတယောက် ပြောင်းလဲလာဖို့ ဘယ်နတ်ဘုရားမှ မစွမ်းဆောင် နိုင်ပါဘူး။ ဘယ်သူမှ ဝင်မပြုပြင် နိုင်ပါဘူး။

ကာယကံရှင် ကိုယ်တိုင် ပြုပြင် ချင်စိတ် မရှိသ၍၊ အားထုတ်ခြင်း မရှိသ၍ ဘာနဲ့မှ လုပ်ယူလို့ မရတာ အိမ်ထောင်ရေး ကံပါပဲ။

အကောင်းဆုံး ကြိုးစား ပါလျက်နဲ့ နာကျင် ရတဲ့အခါ ငါဘာမှားလို့လဲ တွေးစရာ မလိုတာ အိမ်ထောင်ရေးကံ ပါပဲ။

ဝမ်းနည်းရတာတွေ အတွက် ကိုယ့်ကိုယ်ကို အပြစ်တင် နေဖို့ မလိုတာ အိမ်ထောင်ရေးကံ ပါပဲ။

အိမ်ထောင်ရေးကံ မကောင်းသူ တယောက် ကိုလည်း နင်က ဘာဖြစ်တာကိုး ညာဖြစ်တာကိုးတွေ လုံးဝ မပြောသင့် ဘူးပေါ့။

သူ ကြိုးစားခဲ့ရတာ သူအသိဆုံး၊ သူနာကျင် ရတာလည်း သူသာ အသိဆုံးပါ။ လူသားစင်စစ် ကာယကံရှင် မပြောနဲ့ ဘယ်တန်ခိုးရှင်မှ ဝင်ပြင်လို့ မရတာ အိမ်ထောင်ရေးကံ ပါပဲ။

မျက်ရည် ကျတဲ့အခါ သုတ်ပေးပြီး၊ တုန်ရီ နေတဲ့အခါ ထွေးပွေ့လို့၊ အထီးကျန် နေတဲ့အခါ အတူ ရှိနေပေးရုံက လွဲရင် ဘယ်အရာနဲ့မှ ထပ်မနာကျင် စေသင့်သူ တွေပါ။ Crd

Zawgyi

အိမ္ေထာင္ေရး ကံ

အိမ္ေထာင္ေရးကံ ဆိုတာ တကယ္ ရွိပါတယ္။ ႐ုပ္ရည္ နဲ႔လည္း မဆိုင္ပါဘူး။ စည္းစိမ္ နဲ႔လည္း မဆိုင္ပါဘူး။ ပညာ တတ္ျခင္း မတတ္ျခင္း နဲ႔လည္း မဆိုင္ပါဘူး။ ေျပာတတ္ ဆိုတတ္ ေနတတ္ ထိုင္တတ္ျခင္း နဲ႔လည္း မဆိုင္ပါဘူး။

အိမ္ေထာင္ဖက္ကို ဘယ္လို ကိုင္တြယ္တတ္ျခင္း နဲ႔လည္း မဆိုင္ပါဘူး။ ဘာဆို ဘာနဲ႔ မွကို မဆိုင္ဘူး။ လူတေယာက္ကို ဘယ္လိုမွ လိုက္ယွဥ္လို႔ မရတဲ့ ေနရာဟာ အိမ္ေထာင္ေရး ကံပဲ။

မယူခင္က လူေကာင္း ျဖစ္ၿပီး ယူၿပီးခါမွ သုံးစား မရေတာ့ တာဟာ အိမ္ေထာင္ေရးကံ။ မယူခင္က ဆိုးသေလာက္ ယူလည္း ၿပီးေရာ လူေကာင္း ျဖစ္လာတာ အိမ္ေထာင္ေရးကံ။

လူတေယာက္ ေျပာင္းလဲလာဖို႔ ဘယ္နတ္ဘုရားမွ မစြမ္းေဆာင္ ႏိုင္ပါဘူး။ ဘယ္သူမွ ဝင္မျပဳျပင္ ႏိုင္ပါဘူး။ ကာယကံရွင္ ကိုယ္တိုင္ ျပဳျပင္ ခ်င္စိတ္ မရွိသ၍၊ အားထုတ္ျခင္း မရွိသ၍ ဘာနဲ႔မွ လုပ္ယူလို႔ မရတာ အိမ္ေထာင္ေရး ကံပါပဲ။

အေကာင္းဆုံး ႀကိဳးစား ပါလ်က္နဲ႔ နာက်င္ ရတဲ့အခါ ငါဘာမွားလို႔လဲ ေတြးစရာ မလိုတာ အိမ္ေထာင္ေရးကံ ပါပဲ။ ဝမ္းနည္းရတာေတြ အတြက္ ကိုယ့္ကိုယ္ကို အျပစ္တင္ ေနဖို႔ မလိုတာ အိမ္ေထာင္ေရးကံ ပါပဲ။

အိမ္ေထာင္ေရးကံ မေကာင္းသူ တေယာက္ ကိုလည္း နင္က ဘာျဖစ္တာကိုး ညာျဖစ္တာကိုးေတြ လုံးဝ မေျပာသင့္ ဘူးေပါ့။ သူ ႀကိဳးစားခဲ့ရတာ သူအသိဆုံး၊ သူနာက်င္ ရတာလည္း သူသာ အသိဆုံးပါ။ လူသားစင္စစ္ ကာယကံရွင္ မေျပာနဲ႔ ဘယ္တန္ခိုးရွင္မွ ဝင္ျပင္လို႔ မရတာ အိမ္ေထာင္ေရးကံ ပါပဲ။

မ်က္ရည္ က်တဲ့အခါ သုတ္ေပးၿပီး၊ တုန္ရီ ေနတဲ့အခါ ေထြးေပြ႕လို႔၊ အထီးက်န္ ေနတဲ့အခါ အတူ ရွိေနေပး႐ုံက လြဲရင္ ဘယ္အရာနဲ႔မွ ထပ္မနာက်င္ ေစသင့္သူ ေတြပါ။ Crd

Post a Comment

0 Comments