လူတွေ အရွယ် ရောက်လာတဲ့ အခါ ကြုံတွေ့ရမယ့် အရာ တခုက အိမ်ထောင်ပြုခြင်း ဖြစ်ပါတယ်။ အိမ်ထောင် ပြုတယ် ဆိုတာကလည်း လွယ်ကူတဲ့ ကိစ္စ တခုတော့ မဟုတ်ပါဘူး။
ဒါပေမယ့်လည်း ဒီနေ့ခေတ် လူငယ်တွေ ကတော့ အလွယ်တကူ ပြုလုပ်နေတာ တွေ့ရပါတယ်။ ခဏလေး ဂရုစိုက် ပြရုံနဲ့ အိမ်ထောင်ဖက်လို သတ်မှတ်နေ ကြတယ်။
လပိုင်းလောက် သက်တမ်း ရှိတာနဲ့ ကိုယ့်ဘဝရဲ့ အရှင်သခင်လို ကိုးကွယ်ချင် နေကြတယ်။ သွေးသားနဲ့ ပေးဆပ်နိုင်မှ အချစ်စစ် လို့ မြင်နေကြတယ်။ အချစ်ဆိုတာက ဘဝမှာ တစိတ် တဒေသတော့ အရေးပါ ပါတယ်။ ဘဝ တခုလုံးစာ အတွက်တော့ မဟုတ်ပါဘူး။
လူငယ် အများစုက လူတယောက်ကို ချစ်ပြီ ဆိုတာနဲ့ ဘဝအတွက်ပါ ရည်ရွယ် ထားပြီးသား ဆိုတဲ့ ရည်ရွယ်ချက်က ကပ်ပါလာ တတ်ပါတယ်။ ကိုယ်ချစ်တဲ့သူ ကိုပဲ ကိုယ့်ဘဝရဲ့ လက်တွဲဖော် အိမ်ထောင်ဖက် အဖြစ် ရွေးချယ်ချင်တာ သဘာဝကျ ပါတယ်။
ဒါပေမယ့် ကိုယ့်ချစ်သူရဲ့ ကိုယ်ကျင့်တရား၊ စရိုက်လက္ခဏာနဲ့ နေထိုင်မှု ပုံစံ၊ ကိုယ်နဲ့ သဟဇာတ ကျ မကျ၊ ကိုယ်နဲ့ ဘယ်အတိုင်းအတာ ထိ လက်တွဲသွားနိုင်မလဲ ဆိုတာ အချိန်ယူပြီး စောင့်ကြည့်ပါဦး ။
ခဏလေး ဂရုစိုက်ပြရုံ၊ အနွံတာ ခံရုံ၊ ခဏလေး နားလည်မှုတွေ ပေးနိုင်ရုံ နဲ့တော့ အချစ်တခု အတွက်ထဲ နဲ့ မျက်လုံးကို စုံမှိတ်ပြီး ဝင်မတိုးချင် ပါနဲ့။ အချစ်က ထာဝရ မတည်မြဲဘူး ဆိုတာ သိလာတဲ့ တနေ့မှ နောင်တ ကောင်းကောင်း ရကြလိမ့်မယ်။
အနာဂတ်မှာ ကိုယ့်အတွက် ပါရမီဖြည့်ဖက် အနေနဲ့ ဘာအာမခံချက်မှ မရှိတဲ့ သူကို ချစ်တဲ့စိတ် တခုနဲ့သာ ရွေးချယ်မိရင် ကိုယ့်ဘဝ တခုလုံးကို ဆုံးရှုံးသွားပြီ ဆိုတာ မှတ်ထားပါ။
ငွေကြေး ချမ်းသာမှ အိမ်ထောင်ဖက် အဖြစ် ရွေးချယ်ချင် တာလား၊ ဘွဲ့လက်မှတ် ရာထူးတွေရှိမှ အိမ်ထောင်ဖက် အဖြစ် ရွေးချယ် ချင်တာလား။
သူတို့တွေထက် ဘယ်လို အခက်အခဲတွေပဲ ကြုံကြုံ ရှောင်ထွက် မသွားပဲ ကိုယ့်လက်ကို တွဲပြီး ရင်ဆိုင်နိုင်သူ၊ အားငယ် နေချိန်မှာ အဖော်ပြုပေး နိုင်သူ၊ ကိုယ့်ရဲ့ အားနည်းချက် တွေကို အရှိအတိုင်း လက်ခံပေးနိုင်သူ သူတို့တွေက ပိုသာ ပါတယ်။
ငွေတသိန်း ဖြုန်းနိုင်သူကို ရွေးဖို့ထက် ငွေတသောင်း ရှာနိုင်သူ ကိုသာ ရွေးချယ်ပါ။ သူက အရာအားလုံးရဲ့ တန်ဖိုးကို နားလည်သလို ကိုယ့်ရဲ့ တန်ဖိုးကိုလည်း နားလည်ပြီး တန်ဖိုးထားပေး နိုင်တယ်။
ဒါကြောင့်မို့ လူငယ်တွေ လက်ထပ်ကြတဲ့ အခါ အိမ်ထောင်ဖက် ကိုပဲ ဦးတည်ပြီး မရွေးချယ် ကြပါနဲ့။ ကိုယ့်အတွက် ဘဝတလျှောက်လုံးစာ အထိ ပါရမီ ဖြည့်သွားပေး နိုင်မယ့် အိမ်ထောင်ဖက် ကိုပဲ ရွေးချယ်ကြပါ လို့ ဆန္ဒပြုချင် ပါတယ်။ LinnLinnPhyo
0 Comments