မိုးတွေ တအား ရွာပြီး မြစ်ထဲမှာ ရေတွေ ပြည့်သွားတယ်။ ရေစီးကလည်း သန်တာပေါ့။ အဲဒီအချိန်မှာ TV မှာ Breaking News လာတော့ ကြည့်လိုက်တာ မီးသတ်သမားတွေ ရဲတွေ ဟယ်လီ ကော့ပတာတွေ မီဒီယာတွေ အယောက် ၁၀၀ လောက် ရှိမယ်။ ရေမျောပါ သွားနေတဲ့ ခွေးတကောင်ကို ဆယ်ဖို့ ကြိုးစားနေ ကြတာ။

မိုးထဲ လေထဲ အလွန် ခက်ခက် ခဲခဲနဲ့ ရေစီး အတိုင်း အရှည် ပြင်းထန်စွာ မျောပါသွား နေတဲ့ ခွေးကို မောင်းနေတဲ့ ဟယ်လီကော့ပတာ ပေါ်ကနေ ကြိုးတန်းလန်းနဲ့ ဆင်းလာတဲ့ မီးသတ်သမားက ခွေးကို ပိုက်ကွန်နှင့် ပစ်ပြီး ဖမ်းဖို့ လုပ်နေတယ်။

ကြည့်နေတဲ့ လူသိန်းပေါင်း များစွာကလည်း ခွေး အသက်ရှင်ဖို့၊ မီးသတ်သမား ဘေးကင်းဖို့ ဆုတောင်းနေ ကြတယ်။ နာရီဝက် လောက်ကြာမှ ပိုက်ကွန် မှာ မိတယ်။ ခွေးကို အနီးကို ဆွဲယူပြီး ရင်ဘက်မှာ ပွေ့ဖို့ လုပ်တော့ ကြောက်နေတဲ့ ခွေးက စပြီး ကိုက်တော့တာပဲ။

ခွေးက အကောင်ကြီး မျိုးဗျ။ မီးသတ်သမား၏ နာကျင်စွာ ညည်းတွား သံကို TV မှာ ကြားနေရတယ်။ Radio ကနေ အထက်အရာရှိက ပြောတယ်။ မင်းသဘောပဲ။ အကိုက်ခံ ရတာ မခံနိုင်ရင် ပြန်လွှတ်ချ လိုက်တဲ့။

မီးသတ်သမား ပြောတာက ဒီလောက် နာရီဝက်ကြာ ခက်ခက် ခဲခဲနဲ့ ကြိုးစား ထားပြီးမှ ပြန်မစ ချင်ဘူးတဲ့။ ခွေးနှင့် လေထဲမှာ တွဲလောင်းကြီး ရုန်းကန် နေကြတယ်။ ခွေးက သုံးလေးချက် ကိုက်တယ်။ မျက်နှာကို မကိုက်မိအောင် လက်ကို ပေးကိုက် ထားတယ်။

ကြည့်နေတဲ့ လူတွေလည်း ရင်တထိတ်ထိတ် နဲ့ပေါ့။ နောက်ဆုံး ခွေးမသား ခွေး ဟယ်လီကော့ပတာ ပေါ်ကို ရောက်သွားတယ်။ အဲဒီ rescue operation အတွက် ဒေါ်လာ သိန်းချီပြီး ကုန်ကျ သွားတယ်။

နောက်တပတ်လောက် ကြာတော့ မီးသတ်သမားကို ဂုဏ်ပြုပွဲ လုပ်ကြသေးတယ်။ မြို့တော်ဝန် တွေက အစ တက်ရောက် ကြတဲ့ ဂုဏ်ပြုပွဲမှာ သတင်းထောက် တယောက်က မေးတယ်။ ဒီလောက် ကိုက်နေတဲ့ ခွေးကို အသား အနာခံပြီး ဘာဖြစ်လို့ ကယ်တာလဲတဲ့။

သူက ဘာပြောလဲ ဆိုတော့ ခွေးအလုပ်က ကိုက်ရမယ့် အလုပ်၊ သူ့ အလုပ်က အသက် ကယ်ရမယ့် အလုပ်။ ခွေး အလုပ် ခွေးလုပ်ပြီး လူ အလုပ်ကို လူလုပ်တာ ပါတဲ့။

အဲဒီတော့ မှတ်သားစရာ ကောင်းတဲ့ အချက်က တခါတရံ လူတွေကို ကူညီပေး ပေမယ့် ကူညီတဲ့ လူကို ကျေးဇူးတင်ဖို့ နေနေ သာသာ ပြန် ဒုက္ခပေးကြ၊ ဆဲကြ၊ ကိုက်ကြတဲ့ လူ့ခွေးတွေ ရှိနေပေမယ့်လည်း ကူညီမှုကို မရပ်ဆိုင်း လိုက်ပါနဲ့။

လူဟာ လူ့အလုပ် လုပ်ပါ။ ခွေးဟာ ခွေးအလုပ် လုပ်ပါစေ။ လူသား ပီသတဲ့ လူဟာ သူတပါး အပေါ်မှာ စာနာစိတ် ရှိပြီး ဘယ်လို အခြေအနေ မျိုးမှာ မဆို တတ်နိုင်သလောက် ကူညီတတ်သူတွေ ဖြစ်တယ်။ Crd