မြန်မာတို့ရေ ကျွန်တော်တို့ ရှုံးပြီ

မနေ့ညနေက မိတ်ဆွေဟောင်း ဂျပန်ကြီးတယောက်နဲ့ ပြန်တွေ့တော့ တိတ်ဆိတ်တဲ့ နေရာမှာ စကားနည်းနည်း ပြောဖြစ် ကြတယ်။ ဂျပန်မိတ်ဆွေက ပြောတယ်။

ခင်ဗျားတို့ မြန်မာတွေက ဂျပန်တွေနဲ့ သိပ်မကွာပါဘူး တဲ့။ ဟုတ်လို့လား ကျွန်တော် ကတော့ ကွာတယ်လို့ ထင်ပါတယ်၊ ရှင်းပြပါဦး လို့ ပြန်ပြောလိုက်တယ်။

တကယ်တမ်းက ဂျပန်တယောက်နဲ့ မြန်မာတယောက် Level တူ Ground field မှာ ပညာရပ် ဖြစ်ဖြစ်၊ တီထွင်မှု ဖြစ်ဖြစ် တခုခုကို ပြိုင်ခိုင်းရင် တခါတရံ ဂျပန်လည်း နိုင်နိုင်တယ်။

ဒါပေမယ့် မြန်မာလည်း နိုင်နိုင်တယ်။ တယောက် တလှည့်စီ နိုင်ဖို့ ဖြစ်နိုင်ခြေ ရှိတယ်။ ၅၀ ရာခိုင်နှုန်းခန့် ရှိတယ်။ မျှော်လင့်လို့ ရတယ်ပေါ့လေ။ အဲဒီတော့ ကျွန်တော် ဖြစ်နိုင် မဖြစ်နိုင် စဉ်းစား ကြည့်သေးတယ်။ ပြီးတော့မှ ဂျပန်က ဆက်ပြောတယ်။

ဒါပေမယ့် ဆရာ ခင်ဗျားနဲ့ ကျွန်တော် တယောက်ချင်း ပြိုင်ရင် နိုင်ချင်တဲ့ အခါ နိုင်မယ်။ ပညာ ပေါ့နော်၊ အားကစား၊ နည်းပညာ၊ တီထွင်မှုပေါ့။ ဂျပန်က ဖြတ်ထိုးဉာဏ်ထက် လုံ့လ ဝီရိယ ပိုအားကောင်းတယ်။ မြန်မာက ဖြတ်ထိုးဉာဏ် ပိုကောင်းတယ်။

ဒါပေမယ့် ဆရာ တဲ့။ ခင်ဗျားတို့ မြန်မာ ငါးယောက်နဲ့ ဂျပန် ငါးယောက် ပြိုင်ရင်တော့ ခင်ဗျားတို့ ဘယ်တော့မှ မနိုင်ဘူး။ ၁၀၀ ရာခိုင်နှုန်း မနိုင်ဘူးတဲ့။

ဘာဖြစ်လို့လဲ ဆိုတော့ ခင်ဗျားတို့က တဦးချင်း အရည်အချင်း၊ စွမ်းရည် ရှိပေမယ့် အုပ်စုလိုက်၊ အဖွဲ့လိုက် နှစ်ယောက် သုံးယောက် ပေါင်းလုပ်ခဲ့ရင် အမြဲတမ်း မညီညွတ်တော့ ခင်ဗျားတို့ ကျဆုံးမှာပါ။ အဲဒီ cultural ခင်ဗျားတို့မှာ အားနည်းတယ်။

အဲဒီလို ရှင်းပြတော့ ကျွန်တော် မင်သက်မိတယ်။ တဆက်တည်း ကျွန်တော့် ဘေးက လူတွေ၊ ကျွန်တော့် မိတ်ဆွေတွေ၊ ကျွန်တော့် အသိုင်းအဝိုင်းတွေ၊ ကျွန်တော့် လူ့အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေ၊ သမိုင်းကြောင်းတွေ အားလုံး တန်းစီ စဉ်းစားမိရောပေါ့ဗျာ။

သူပြောတာ ဟုတ်နေတာကိုး။ အတော်ကို ဟုတ်နေတာ။ ကျွန်တော်တို့ ရှုံးနေဦး မှာပဲလေ။

တဦးချင်း တယောက်ချင်း ဘယ်လောက် တော်တော် ဘယ်လောက် ကောင်းကောင်း ဘယ်လောက်ပဲ အရည်အချင်း ရှိရှိ အချင်းချင်း မညီညွတ် ကြတော့ အမြဲတမ်း ရှုံးနေဦး မှာပါ။ Than Soe (Economist)

Post a Comment

0 Comments