ရွေးချယ်နေကျ နှုတ်ခမ်းနီအရောင် (၈) မျိုးကနေ သိနိုင်မယ့် သင့်ရဲ့အားသာချက်များ

အရောင်တွေက လူတွေရဲ့စိတ်ကို လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ အရောင်တွေကနေတစ်ဆင့် လူတွေရဲ့စိတ်သဘောထားကို ခန့်မှန်းနိုင်ပါတယ်။ အဲဒါကြောင့် သင် မကြာခဏ အသုံးပြုလေ့ရှိတဲ့ နှုတ်ခမ်းနီအရောင်ကနေ သိနိုင်မယ့် သင့်ရဲ့စိတ်အကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ လိမ္မော်ရောင်

သင်က လိမ္မော်ရောင်နဲ့ ဆက်စပ်တဲ့ နှုတ်ခမ်းနီတွေကို အသုံးများသူဆိုရင် ဟာသဉာဏ်ရှိသူပါ။ အားလပ်ချိန်တွေကို မိတ်ဆွေသူငယ်ချင်းတွေ၊ သူငယ်ချင်းအသစ်တွေနဲ့ တွေ့ပြီး ကုန်ဆုံးလေ့ရှိပါတယ်။

လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းတာကြောင့် လူအများရဲ့ အာရုံစိုက်တာကိုလည်း ခံရပါတယ်။ သင်က ပျော်ပျော်နေတတ်ပြီး အကောင်းမြင်တဲ့စိတ် ရှိသူကြောင့် လူချစ်လူခင်လည်း ပေါများပါတယ်။

၂။ အနီရောင်

အနီရောင်က ကြောက်ရွံ့မှုကင်းမဲ့တာကို ဖော်ပြတာပါ။ သင်က အနီရောင်နှုတ်ခမ်းနီတွေကို ကြိုက်နှစ်သက်သူဆိုရင် ဘယ်စိန်ခေါ်မှုကိုမဆို ရင်ဆိုင်နိုင်သူပါပဲ။ စိတ်ကူးရည်မှန်ုးချက်တွေနောက်ကို အဆက်မပြတ် လိုက်တတ်ပြီး အလုပ်အရမ်း ကြိုးစားတတ်သူပါ။ ရိုးရိုးရှင်းရှင်း နေထိုင်တာကို ပိုပြီး သဘောကျတတ်ပါတယ်။

၃။ ပန်းရောင်

သင်က သူငယ်ချင်းတွေကို အရမ်းဂရုစိုက်တတ်သူပါ။ သူတို့မှာ ပြဿနာတစ်ခုခု ရှိလာတိုင်း စိတ်သက်သာရာရဖို့ သင့်ဆီကို ပြေးလာတတ်ပါတယ်။ နှုတ်ခမ်းနီပန်းရောင်တွေကို ရွေးချယ်တတ်သူတွေက ကိုယ်ချင်းစာစိတ်အပြည့်ရှိသူတွေပါပဲ။ တစ်ခါတရံမှာတော့ စိတ်ထိခိုက်လွယ်ပါတယ်။

၄။ အသားရောင်

သင်က ဘဝကို ရိုးရှိးရှင်းရှင်း ရှုမြင်ပြီး ရိုးရိုးရှင်းရှင်း ဖြတ်သန်းသူပါ။ ရိုးသားမှုကို အမြဲဦးစားပေးတတ်ပါတယ်။ သင့်ကို ကြည့်လိုက်ရင် အမြဲအေးချမ်းနေတာကတော့ အားသာချက်ပါပဲ။ စိတ်ခံစားချက်ကို အလျင်အမြန်ထိန်းချုပ်နိုင်စွမ်းလည်း ရှိပါတယ်။

၅။ အညိုရောင်

သင့်အတွက်တော့ မိသားစုက အမြဲပထမဦးစားပေးပါပဲ။ မိသားစုနဲ့အချိန်ကုန်လေ သင့်အတွက် ပျော်ရွှင်လေပါပဲ။ အတိတ်ကပျော်ရွှင်စရာတွေကို အမြဲသတိရနေတတ်ပါတယ်။ အတိတ်ကို တသသဖြစ်နေတတ်တာကြောင့် အရင်ခေတ်က ရုပ်ရှင်တွေ၊ သီချင်းတွေ၊ ဖက်ရှင်တွေကို သဘောကျလေ့ရှိပါတယ်။

၆။ ခရမ်းရောင်

သင်လိုချင်တဲ့အရာ တစ်ခုခုရှိတဲ့အခါ သင့်ကို ဘယ်အရာကမှ မတားမြစ်နိုင်တော့ပါဘူး။ အချို့တွေကတော့ သင့်ကို ခေါင်းမာတဲ့သူလို့ ပြောကြပါလိမ့်မယ်။ တကယ်တော့ သင်က ဘယ်အရာကိုမဆို ဆုံးဖြတ်ပြီးသွားရင် စိတ်အားထက်ထက်သန်သန် လုပ်ကိုင်တတ်သူပါ။ လူအများအပေါ်မှာ အလွယ်တကူ ဩဇာသက်ရောက်နိုင်စွမ်းရှိပါတယ်။ ခရမ်းရောင်နှုတ်ခမ်းနီတွေကို ကြိုက်တတ်သူတွေက ပြိုင်ပွဲတွေကို အရမ်းသဘောကျတတ်ကြပါတယ်။

၇။ အနက်ရောင်

သင့်အကြောင်းကို အခြားသူတွေက ဘာပြောပြာ ဂရုမစိုက်တတ်ပါဘူး။ ကိုယ့်ဘဝကို ကိုယ့်အတွက်ပဲ နေထိုင်လေ့ရှိပြီး ဘယ်သူ့ပေါ်မှာမှ မှီခိုအားထားရတာကို မကြိုက်ပါဘူး။ တော်လှန်ရတာကို သဘောကျတဲ့စိတ်ထား ရှိပါတယ်။

ဘောင်ထဲကနေ ဖောက်ထွက်ပြီး ‌တွေးခေါ်တတ်တာကြောင့် သင့်အယူအဆတွေက အခြားသူတွေနဲ့ ကွဲပြားနေလေ့ ရှိပါတယ်။ ဒါ့အပြင် သင့်အနီးအနားမှာ ရှိတဲ့လူတွေအကြောင်းကို အမြဲမေးခွန်းထုတ်နေတတ်ပါတယ်။

၈။ အခြားအရောင်များ

အပြာရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အဖြူရောင် နှုတ်ခမ်းနီတွေကို သင်က နှစ်သက်သူဆိုရင် ဖန်တီးနိုင်စွမ်း အပြည့်ရှိသူပါ။ လူတွေက သင့်ကို နားလည်ရခက်သူအဖြစ် ရှုမြင်ကြပါတယ်။ ပျော်ပျော်နေတတ်ပေမယ့် အတွေးအခေါ်ကို ပိုပြီးဦးစားပေးပါတယ်။ သင့်ရဲ့စိတ်ကူးအိမ်မက်တွေက ကြီးကျယ်ခမ်းနားနေပြီး အခြားသူတွေအတွက်တော့ နားလည်ဖို့ခက်ခဲနေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments