လွှတ်ချလိုက်ပါတော့

တခါတုန်းက တောအုပ် တခုထဲမှာ အရမ်းကို ပျော်ရွှင်နေတဲ့ မျောက်တကောင် ရှိတယ်။ သူ ဗိုက်ဆာလာတဲ့ အခါ အရသာ ရှိတဲ့ သစ်သီးတွေ စားလိုက် သူမောလာတဲ့ အခါ အနားယူလိုက်နဲ့ တောအုပ်မှာ ပျော်နေ ခဲ့တယ်။

တနေ့တော့ မျောက်ဟာ မျက်စိလည် လမ်းမှားရင်း အိမ်တလုံးဆီ ရောက်တယ်။ အဲဒီမှာ သူ မြင်လိုက်ရတာ ကတော့ အရမ်းကို လှပတဲ့ ပန်းသီးတွေ ထည့်ထားတဲ့ ပန်ကန်လုံးကြီးပေါ့။ သူက လက်တဖက်စီမှာ ပန်းသီး တလုံးစီ ယူပြီး တောအုပ်ထဲ ပြန်ပြေးလာ ခဲ့တယ်။

မျောက်က ပန်းသီးကို အနံ့ခံတယ်။ ဒါပေမယ့် ဘာနံ့မှ မရဘူး။ ပြီးတော့ ပန်းသီးကို စားဖို့ ကြိုးစားတယ်။ ဒါပေမယ့် သူသွားတွေ နာကျင်ပြီး စားမရအောင် မာနေတယ်။ တကယ်တော့ ပန်းသီးသာ သစ်သားနဲ့ ပြုလုပ်ထားတာ ဖြစ်တယ်။ ဒါပေမယ့် ပန်းသီးက အရမ်းလှတယ်။

အဲဒီပန်းသီးကို တွေ့တဲ့အခါ တခြား မျောက်တွေ ကလည်း အလုအယက် ပြေးယူဖို့ လာကြတယ်။ ပန်းသီးရှင် မျောက်က သူ့ ပန်းသီးတွေကို တင်းကြပ်စွာ ပွေ့ဖက် ထားလိုက်တယ်။ သူဟာ ဒီပန်းသီး ပိုင်ဆိုင်တဲ့ အတွက် ဂုဏ်ယူ ဝင့်ကြွားစွာနဲ့ သဘောတွေ ကျနေခဲ့တယ်။

ပန်းသီးက သူ့ကို ပြည့်စုံစေတယ်လို့ ခံစားရတယ်။ သူဟာ ဆာလောင်နေတာ ကိုတောင် မေ့သွားတယ်။ သစ်သီးပင် တပင်က မျောက်ကို သတိပေးတယ်။ သူ့လက်ထဲက ပန်းသီးလောက် သူဘာကိုမှ ဂရုမစိုက် တော့ဘူး။ သူစားဖို့ ပန်းသီးခူးဖို့ အတွက်တောင် သူ့လက်ထဲက ပန်းသီးတွေကို သူ မချနိုင် ဖြစ်နေခဲ့တယ်။

တကယ်တော့သူ နားလည်း မနားရသလို သူ့ပန်းသီး တွေကို တခြားမျောက်တွေ လာလုမှာ စိုးတဲ့ အတွက် အချိန်တိုင်း ကာကွယ် နေရတယ်။ ဂုဏ်ယူ ဝင့်ကြွားမှု တခုအတွက် အရင်က ပျော်ရွှင်နေတဲ့ မျောက်ဟာ ပျော်ရွှင်မှုတွေ နည်းလာပြီး သစ်တောတလျှောက် မှာ လျှောက်သွားနေ ခဲ့ရတယ်။

ပန်းသီးတွေက တဖြည်းဖြည်း လေးပင်လာသလို ခံစားလာ ရတယ်။ သနားစရာ ကောင်းတဲ့ မျောက်ဟာ ပန်းသီးတွေကို လွှတ်ချ လိုက်ဖို့ အတွက် စဉ်းစားတယ်။ သူဆာနေပြီ သစ်ပင်ပေါ် တက်ပြီး ပန်းသီး အစစ်တွေ ခူးမစားနိုင် သေးဘူး။

သူ့လက်ထဲမှာတော့ စားလို့ မရတဲ့ပန်းသီးတွေပဲ ပြည့်နေတယ်။ တကယ်လို့ သူ့လက်ထဲက ပန်းသီးတွေကို လွှတ်ချ လိုက်ရင် သူ ဘာဆက်ဖြစ်မလဲ။ သူ့လက်ထဲက ပန်းသီးတွေ သယ်လာတာ ရူးသွပ်မှုလို့ပဲ လို့ သူမြင်လာတယ်။

သူအရမ်းလည်း ပင်ပန်းနေ ခဲ့ပြီး နောက်ဆုံး အသီးပင်အောက် ရောက်တဲ့ အခါ သစ်သီး ရနံ့တွေကို ရူရှိုက်ရင်း သူ အရာရာကို နားလည် သဘောပေါက် သွားတယ်။ သူ့လက်ထဲက သစ်သား ပန်းသီးတွေကို မြေပြင်ပေါ် ပစ်ချ လိုက်ပြီး သူ့အစာအတွက် သစ်ပင်ပေါ် တက်သွားတယ်။ သူ အရင်ကလို ပြုံးပျော် နိုင်ပါပြီ။

ဒါဆို ကျွန်တော်တို့ ဘဝ မှာကော မျောက်ကလေးလိုပဲ ဘာတွေကို သယ်ဆောင်ထားမိ ကြပါလိမ့်။ စည်းစိမ် ဥစ္စာတွေလား၊ စိုးရိမ်ကြောင့်ကျမှု တွေလား၊ စိတ်ပျက် ဝမ်းနည်းစရာ တွေလား၊ မာန်မာန တွေလား၊ ဘွဲ့ထူး ဂုဏ်သိမ် တွေလား။

တခုခု ကိုတော့ ကျွန်တော်တို့ သယ်ဆောင်ပြီး တောအုပ်ထဲကို လျှောက်သွားနေ မိကြပါတယ်။ လွတ်ချသင့်တဲ့ အရာကို လွှတ်ချသင့်တဲ့ အချိန်မှာ လွှတ်ချနိုင်မှ သာလျှင် တကယ် ပျော်ရွှင်မှုကို ခံစားနိုင် ပါလိမ့်မယ်။ Crd

Post a Comment

0 Comments