သင့်ရဲ့ Laptop ပေါ်ကို အရည်တစ်ခုခု မှောက်သွားခဲ့ရင် ဒီအချက် (၁၁) ချက်ကို ချက်ချင်းပြုလုပ်ပါ

Laptop ပေါ်ကို အရည်တစ်ခုခု မှောက်ကျသွားရင် စက်တစ်ခုလုံး ဆယ်မရနိုင်အောင်အထိ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ရေမှောက်ကျသွားတာနဲ့ ချက်ချင်းမှာပဲ ဒီအချက်တွေ ပြုလုပ်နိုင်ရင် သင့်ရဲ့ laptop ကို ပြန်သုံးလို့ ရနိုင်မှာပါ။

လိုအပ်သောပစ္စည်းများ

- အဝတ်စခြောက်

- တစ်ရှူး

- တဘက်စ

၁။ ရေတွေက laptop ပေါ် မှောက်ကျကျချင်းမှာပဲ စက်ကို ချက်ချင်းပိတ်လိုက်ပါ။ ကြိုးတပ်ထားတာတွေကို ဖြုတ်လိုက်ပြီး power ခလုပ်ကို ၅ စက္ကန့်ကနေ ၇ စက္ကန့်လောက်အထိ ဖိထားပါ။ မြန်မြန်လုပ်နိုင်လေ laptop အတွက် ပိုကောင်းလေပါပဲ။

၂။ အဲဒီနောက်မှာ laptop ရဲ့နောက်ဖုံးကိုဖွင့်ပြီး ဓာတ်ခဲကို ဖြုတ်လိုက်ပါ။

၃။ USB drives တွေအားလုံးနဲ့ laptop မှာတပ်ထားသမျှ ကြိုးတွေကို ဖြုတ်လိုက်ပါ။ laptop ထဲကို လျှပ်စစ်တစ်ခုခု စီးမဝင်နေဖို့ အရေးကြီးတာပါ။ Laptop က အရမ်းပူလာရင် ဒါမှမဟုတ် ညှော်နံ့တွေထွက်လာရင်၊ ပုံမှန်မဟုတ်သလို သတိထားမိရင် သွားမထိလိုက်ပါနဲ့။ အထူးသဖြင့် လက်က ရေစိုနေရင်၊ ရေစိုနေတဲ့အဝတ်အစားဝတ်ထားရင် ပိုပြီးတောင် မထိသင့်ပါဘူး။

၄။ ရေတွေစုပ်ယူသွားအောင် ပိတ်စခြောက်လေးနဲ့ laptop မျက်နှာပြင်ပေါ်ကို တို့ပေးပါ။

၅။ ပြီးနောက် ရေတွေ ထွက်ကျလာအောင် laptop ကို ဇောက်ထိုးပြုလုပ်လိုက်ပါ။ ပိတ်စလေးတစ်ခုကို laptop ရဲ့အောက်မှာ ထားလိုက်ပါ။

၆။ ရေတွေအားလုံး ထွက်သွားအောင်လို့ အဲဒီအနေအထားအတိုင်း ၂၄ နာရီခန့်ထားပါ။ အကြာကြီး မစောင့်နိုင်ဘူးဆိုရင် အနည်းဆုံး ၄ နာရီတော့ စောင့်ပါ။

၇။ laptop ကို ဆန်ပုံးထဲထည့်ပြီး အခြောက်မခံသင့်ပါဘူး။

၈။ ၂၄ နာရီထားပြီးနောက်မှာ laptop ကို ဖွင့်လိုက်ပါ။ ကြီးကြီးမားမား ထိခိုက်သွားတာမရှိရင် laptop က ချက်ချင်းအလုပ်ပြန်လုပ်ပါတယ်။

၉။ အဲဒီနောက်မှာ laptop ကို ပြုပြင်တဲ့ဆိုင် ပို့လိုက်ပါ။ ရေတွေ အငွေ့ပြန်သွားပြီးနောက် စက်ထဲက အပိုင်းအစ သေးသေးလေးတွေကို တဖြည်းဖြည်းချင်း ထိခိုက်သွားစေနိုင်ပါတယ်။

၁၀။ ဓာတ်ခဲက ရေနဲ့ထိသွားတယ် ဆိုရင် အသစ်ဝယ်သင့်ပါတယ်။ အဟောင်းကိုပဲ ပြန်သုံးမယ် ဆိုရင်လည်း စိတ်ချရမှာ မဟုတ်ပါဘူး။

၁၁။ laptop နဲ့ပတ်သက်ပြီး မူမမှန်တာ တစ်ခုခု ဖြစ်လာရင် ကိုယ်တိုင်မလုပ်ဘဲ ကျွမ်းကျင်သူနဲ့သာ တိုင်ပင်သင့်ပါတယ်။

Desktop တွေမှာ keyboard ပေါ်မှာ ရေမှောက်ကျသွားရင် လဲလှယ်လိုက်လို့ ရပါတယ်။ Laptop တွေက Desktop တွေနဲ့ မတူဘဲ keyboard က စက်နဲ့တိုက်ရိုက်ဆက်သွယ်ထားတာကြောင့် ပိုပြီးထိခိုက်မှုတွေ ရှိလာစေမှာပါ။

ရေကြောင့် speaker, trackpad နဲ့အခြားပစ္စည်းတွေလည်း ပျက်သွားနိုင်တာကြောင့် ရေမမှောက်ကျအောင် ဂရုစိုက်တာက အကောင်းဆုံးပါ။

Zombie (lovemedia)

Post a Comment

0 Comments