မမေ့ပျောက်နိုင်သော နာကျင်မှု

တခါတုန်းက လယ်သမား တဦး၏ သားလေးသည် မြွေတကောင်ကို မတော်တဆ တက်နင်းမိရာ မြွေက ထိုကောင်လေးအား ပေါက်သတ်လိုက် သဖြင့် ထိုကောင်လေး သေဆုံး သွားလေ၏။

သားလေး သေဆုံးသွား သဖြင့် ဒေါသ ထွက်နေသော ကောင်လေး၏ ဖခင်က ပုဆိန် တလက်ဖြင့် သူ၏ သားကို ကိုက်သတ် သွားသော မြွေအား လိုက်လံ ရှာဖွေ၍ မြွေကို ခုတ်သတ် သောအခါ မြွေ၏ အမြီးကိုသာ ခုတ်ဖြတ်မိ လေသည်။

ထို့နောက် မြွေက တဖန် လယ်သမား ဖြစ်သူ အဆိုပါ ကောင်လေး၏ ဖခင် ပိုင်ဆိုင်သော ကျွဲ၊ နွား တိရစ္ဆာန်များ မြွေဆိပ် တက်၍ သေဆုံး သွားကြရန် လုပ်ဆောင် ပြန်လေ၏။

ထို့နောက်မှာတော့ ကောင်လေး၏ ဖခင်ဖြစ်သူက ဤမြွေနှင့် ညှိနှိုင်းခြင်း သည်သာ အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်သည်ဟု ယူဆကာ အစားအစာ များနှင့် ပျားရည်များကို ယူဆောင် လာပြီး

"အရာ အားလုံးကို ခွင့်လွှတ်ပြီး မေ့ပစ်လိုက် ကြပါစို့။ မင်းက ငါ့သားကို အပြစ် ပေးတာ မှန်တယ်။ ငါကလည်း မင်းအပေါ် လက်တုံ့ပြန် ခဲ့တာလည်း မှန်တာပဲ။

မင်းကလည်း ငါ့ ကျွဲ နွား တိရစ္ဆာန် တွေကိုလည်း မင်း လက်စား ချေသင့် ပါတယ်။ ဒါပေမယ့် ဒီအတိုင်း ဆက်သွားနေရင် ပြီးမှာ မဟုတ်တော့ဘူး။

ဒီတော့ ငါတို့တွေ ကျေအေးပြီး ပြန်လည် သင့်သင့် မြတ်မြတ် နေကြရအောင်" ဟု မြွေအား ပြောကြားခဲ့ လေသည်။

ထိုအခါ မြွေက "မဟုတ်ဘူး၊ သင့်လက်ဆောင် တွေကို ပြန်ယူ သွားလိုက်ပါ။ သင့်သား၏ သေဆုံးမှုကို သင်မေ့နိုင်မှာ မဟုတ်သလို ငါ့အမြီး ဆုံးရှုံးရမှု ကိုလည်း ငါမေ့နိုင်မှာ မဟုတ်ပါဘူး" ဟု ပြန်လည် ပြောကြားလိုက် လေသည်။

တချို့ အဖြစ်အပျက်တွေကို ပြန်လည် ညှိနှိုင်းပြီး နားလည်မှုနဲ့ သင့်သင့်မြတ်မြတ် နေထိုင်ကြဖို့ အဆင်မပြေ ကြတော့ပါဘူး။

နာကျင်မှု ဆိုသည်မှာ ခွင့်လွှတ် ပေးနိုင် သော်လည်း မမေ့ပျောက် နိုင်သော အရာပင် ဖြစ်လေသည်။ Crd

Post a Comment

0 Comments