တခါတုန်းက ချောင်းကလေး တခုကို ခွပြီး တည်ထားတဲ့ ရွာကလေး တရွာ ရှိသတဲ့။
အဲ့ဒီ ရွာအလယ်က ချောင်းကလေးဟာ အလွန် ရေစီးသန်တဲ့ အတွက် ချောင်းကို ဖြတ်ကူးတဲ့ အခါတိုင်း ရွာသားတွေဟာ ရေစီးနဲ့ အတူ မျောပါ သွားတတ် ကြတယ်။
ဒါကြောင့် ရွာသားတွေဟာ ချောင်းကို ဖြတ်ကူးတိုင်းမှာ မျောပါ မသွားအောင် ကျောက်ခဲ တွေကို ခေါင်းပေါ် ကိုယ်စီ ရွက်ပြီး ဖြတ်ကူး ကြရသတဲ့။
လူ့ဘဝ မှာလည်း ဒီလိုပါပဲ။ ဘာဝန်ကိုမှ မယူပဲ မသယ်ပဲ အရာရာကို ပေါ့ပေါ့ ပါးပါး နေထိုင် ဖြတ်သန်းမယ် ဆိုရင်တော့ ရေစီးထဲမှာ မျောပြီး ပျက်စီး သွားကြရ ပါလိမ့်မယ်။
ကိုယ်စီ ထမ်းရမယ့် ဝန်ကလေး တွေကို ထမ်းပြီး ဖြတ်ကူး မှသာ ဘဝနဲ့ တူတဲ့ ချောင်းကလေးကို အောင်အောင် မြင်မြင် ဖြတ်ကူး နိုင်ပြီး မိမိတို့ လိုရာခရီးကို ရောက်ရှိ နိုင်မှာပါ။ The Logical Indians
Zawgyi
ထမ်းရမယ့် ဝန်
0 Comments