ယောကျ်ားကောင်းနဲ့ ယောကျ်ားပျော့

ဒီနေရာမှာတော့ ယောက်ျားကောင်းနဲ့ ယောက်ျားညံ့လို့ မသုံးပဲ ယောက်ျားကောင်းနဲ့ ယောက်ျားပျော့လို့ သုံးပါရစေ။

ယောက်ျားကောင်း ဆိုတာ ကိုယ့်မိန်းမကို အရမ်း ချစ်တတ်တယ်။ ယောက်ျားပျော့တွေ ကျတော့ ကိုယ့်ကိုယ်ကို ပိုချစ်တတ် ပါတယ်။

ယောက်ျားကောင်းများဟာ ကိုယ့်မိန်းမကို အပြတ် ယုံကြည်တယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ ကိုယ်ကိုယ်ကို ယုံကြည်တဲ့ အပြင် ကိုယ့်ရဲ့ အရည်အချင်း ကိုလည်း အပြတ် ယုံကြည်လို့ပါ။

ယောက်ျားပျော့တွေ ကျတော့ အမြဲ သံသယ ဝင်နေ တတ်တယ်။ သူတို့ဟာ ကိုယ့်မိန်းမကို ယုံကြည်မှု မရှိသလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု မရှိလို့ ပါပဲ။

ယောက်ျားကောင်း များဟာ မိန်းမနဲ့ ဘယ်တော့မှ စိတ်မကောက် တတ်ပါ။ ဘာကြောင့်လဲ ဆိုတော့ ကိုယ်ချစ်တဲ့သူကို စိတ်ဆင်းရဲအောင် ပြုလုပ်ခြင်းထက် ပျော့ညံ့တဲ့ အရာ မရှိတော့ဘူး ဆိုတာကို သူတို့ နားလည်ထားလို့ ပါပဲ။

ယောက်ျားပျော့များ ကျတော့ အိမ်မှာ ဘယ်သူ သာသလဲ ဆိုတာ ပြိုင်နေ တတ်တယ်။ ဘာကြောင့်လဲ ဆိုတော့ အိမ်မှာ သနားစရာကောင်းတဲ့ သြဇာလေးကို ရနေသေးလို့ ပါပဲ။

ယောက်ျားကောင်းများ အတွက် မိန်းမ ဆိုတာ အားနွဲ့တယ်။ အလိုလိုက်မယ်။ ယုယမယ်။ မိန်းမ ဆိုတာ ချစ်ဖို့ ယူထားတာ ဖြစ်တယ်။

ယောက်ျားပျော့များ အဖို့ ကျတော့ မိန်းမနဲ့ နွား မသနားနဲ့ တဲ့။ တခုခု အငြင်းအခုန် လေးများ ဖြစ်ခဲ့ရင် မိန်းမရဲ့ ခေါင်းကို လက်ညိုး ထိုးပြီး ပြောလေ့ ရှိတာက "ငါ့ကို ဒီလို အကျောကြီးနဲ့ လာမပြောနဲ့ဟေ့"

ယောက်ျားကောင်း များဟာ မိသားစုရော အလုပ်ပါ ကြည့်ရှု့ စောင်မ နိုင်စွမ်း ရှိပါတယ်။ အိမ်ထောင်ကို ဝန်ထုပ် ဝန်ပိုး အဖြစ် ဘယ်တော့မှ သဘော မထားပါဘူး။

ယောက်ျားပျော့များ ကျတော့ နေ့တိုင်း ညည်းညူ နေတတ် ပါတယ်။ မင်းတို့ အတွက်ကြောင့် မို့လို့ ငါအကုန်လုံး ဆုံးရှုံးလိုက် ရပြီ ဆိုပြီး ပြောဆို တတ်ပါတယ်။ We Chat

Post a Comment

0 Comments