ဟိုး ရှေးရှေးတုန်း ကပေါ့။ မျက်လုံး တဖက် ကန်းပြီး ခြေတချောင်း မရှိတဲ့ သူဋ္ဌေးကြီး တယောက် ရှိသတဲ့။
တနေ့မှာ သူဋ္ဌေးကြီးဟာ အတော်ဆုံး ပန်းချီဆရာ တွေကို ခေါ်ပြီး သူ့ရဲ့ ပုံတူ ပန်းချီကားကို အလှဆုံးနဲ့ အကောင်းဆုံး ဖြစ်အောင် ရေးဆွဲဖို့ ပြောသတဲ့။
ပန်းချီဆရာ တွေကလည်း မျက်စိ တဖက်လပ်၊ ခြေတချောင်း မရှိတဲ့ သူရဲ့ ပုံတူကို အလှဆုံး ဖြစ်အောင် ရွေးဆွဲဖို့ ဆိုတော့ လက်တွန့် နှုတ်ဆိတ် နေကြ တာပေါ့။
အဲဒီမှာပဲ ပန်းချီဆရာ တယောက်ဟာ သူဋ္ဌေးကြီးရဲ့ ပုံတူ ပန်းချီကားကို အလှဆုံး အကောင်းဆုံး ဖြစ်အောင် ရွေးဆွဲဖို့ ကတိပြုလိုက် ပါသတဲ့။
ပြီးတော့ ပန်းချီဆရာဟာ ပုံတူ ပန်းချီကားကို စတင် ရေးဆွဲ ပါတော့တယ်။ ပန်းချီကား ရေးဆွဲပြီးတဲ့ အခါ မှာတော့ မြင်ရသူ အားလုံးဟာ တအံ့တသြနဲ့ ငေးမော ချီးကျူးကြ ပါသတဲ့။
တကယ့်ကို သူဋ္ဌေးကြီးရဲ့ ပုံတူက အလှဆုံးနဲ့ အကောင်းဆုံး ပန်းချီကားပဲလို့ မှတ်ချက် ပြုလိုက် ကြသတဲ့။
ပန်းချီကားထဲမှာ သူဋ္ဌေးကြီးဟာ မျက်လုံး တဖက်ကို ပိတ်ထားပြီး မြင်းကို ခွစီးကာ သားကောင်ကို လေးမြား တို့ဖြင့် ချိန်ရွယ်လို့ အမဲလိုက် နေတဲ့ ပုံပဲ ဖြစ်ပါတယ်။
ဒီပုံပြင်ကို ဖတ်ပြီး တွေးကြည့်မိတယ်။ ပန်းချီဆရာချင်း တူပါလျက် တခြား ပန်းချီဆရာတွေ ကရော သူ့လို ဘာကြောင့်များ မတွေးမိပါလိမ့်။
အတတ်ပညာချင်း တူလျှင် အသိပညာချင်း ကွာခြား ပါလိမ့်မယ်။ အသိပညာချင်း တူလျှင် အလှကို ခံစားတတ်တဲ့ နှလုံးသားချင်း ကွာခြား ပါလိမ့်မယ်။
တခြားသူတွေရဲ့ အားနည်းချက်ကို မြင်ဖို့က လွယ်ကူပြီး၊ အကောင်းမြင် စိတ်လေး မွေးတတ်ဖို့က ခက်ခဲနေ ကြလို့ပဲ ဖြစ်ပါတယ်။ Crd, phoomyatchal
Zawgyi
အေကာင္းျမင္စိတ္ေမြးပါ
ဟိုး ေရွးေရွးတုန္း ကေပါ့။ မ်က္လုံး တဖက္ ကန္းၿပီး ေျခတေခ်ာင္း မရွိတဲ့ သူေ႒းႀကီး တေယာက္ ရွိသတဲ့။ တေန႔မွာ သူေ႒းႀကီးဟာ အေတာ္ဆုံး ပန္းခ်ီဆရာ ေတြကို ေခၚၿပီး သူ႔ရဲ႕ ပုံတူ ပန္းခ်ီကားကို အလွဆုံးနဲ႔ အေကာင္းဆုံး ျဖစ္ေအာင္ ေရးဆြဲဖို႔ ေျပာသတဲ့။
ပန္းခ်ီဆရာ ေတြကလည္း မ်က္စိ တဖက္လပ္၊ ေျခတေခ်ာင္း မရွိတဲ့ သူရဲ႕ ပုံတူကို အလွဆုံး ျဖစ္ေအာင္ ေ႐ြးဆြဲဖို႔ ဆိုေတာ့ လက္တြန႔္ ႏႈတ္ဆိတ္ ေနၾက တာေပါ့။ အဲဒီမွာပဲ ပန္းခ်ီဆရာ တေယာက္ဟာ သူေ႒းႀကီးရဲ႕ ပုံတူ ပန္းခ်ီကားကို အလွဆုံး အေကာင္းဆုံး ျဖစ္ေအာင္ ေ႐ြးဆြဲဖို႔ ကတိျပဳလိုက္ ပါသတဲ့။
ၿပီးေတာ့ ပန္းခ်ီဆရာဟာ ပုံတူ ပန္းခ်ီကားကို စတင္ ေရးဆြဲ ပါေတာ့တယ္။ ပန္းခ်ီကား ေရးဆြဲၿပီးတဲ့ အခါ မွာေတာ့ ျမင္ရသူ အားလုံးဟာ တအံ့တၾသနဲ႔ ေငးေမာ ခ်ီးက်ဴးၾက ပါသတဲ့။ တကယ့္ကို သူေ႒းႀကီးရဲ႕ ပုံတူက အလွဆုံးနဲ႔ အေကာင္းဆုံး ပန္းခ်ီကားပဲလို႔ မွတ္ခ်က္ ျပဳလိုက္ ၾကသတဲ့။
ပန္းခ်ီကားထဲမွာ သူေ႒းႀကီးဟာ မ်က္လုံး တဖက္ကို ပိတ္ထားၿပီး ျမင္းကို ခြစီးကာ သားေကာင္ကို ေလးျမား တို႔ျဖင့္ ခ်ိန္႐ြယ္လို႔ အမဲလိုက္ ေနတဲ့ ပုံပဲ ျဖစ္ပါတယ္။
ဒီပုံျပင္ကို ဖတ္ၿပီး ေတြးၾကည့္မိတယ္။ ပန္းခ်ီဆရာခ်င္း တူပါလ်က္ တျခား ပန္းခ်ီဆရာေတြ ကေရာ သူ႔လို ဘာေၾကာင့္မ်ား မေတြးမိပါလိမ့္။ အတတ္ပညာခ်င္း တူလွ်င္ အသိပညာခ်င္း ကြာျခား ပါလိမ့္မယ္။ အသိပညာခ်င္း တူလွ်င္ အလွကို ခံစားတတ္တဲ့ ႏွလုံးသားခ်င္း ကြာျခား ပါလိမ့္မယ္။
တျခားသူေတြရဲ႕ အားနည္းခ်က္ကို ျမင္ဖို႔က လြယ္ကူၿပီး၊ အေကာင္းျမင္ စိတ္ေလး ေမြးတတ္ဖို႔က ခက္ခဲေန ၾကလို႔ပဲ ျဖစ္ပါတယ္။ Crd, phoomyatchal
0 Comments