မိသားစု

အိမ်ထောင်ရှိ အမျိုးသား တယောက်က နောက်နေ့ သူငယ်ချင်းဟောင်းများနှင့် မိတ်ဆုံစားပွဲ သွားဖို့ ဘောင်းဘီအသစ်ကို ဝယ်လာခဲ့တယ်။ အိမ်ပြန်ရောက်မှ ဝတ်ကြည့်တော့ ၁၀ စင်တီမီတာလောက် ရှည်နေတယ်။

ဒါနဲ့ သူ့အမေကို ပြင်ပေးဖို့ ပြောတယ်။ ဒါပေမဲ့ သူ့အမေက ပင်ပန်းတယ်၊ စောစော အနားယူမယ် ဆိုပြီး မပြင်ပေးဘူး။ သူ့ဇနီးထံ ပြင်ပေးရန်ပြောပြန်တယ်။ အိမ်အလုပ် အများကြီး လုပ်ရမယ် ဆိုပြီး ပြောပြန်တယ်။

နောက်ဆုံး သူ့သမီးထံ ပြောပြန်တယ်။ party ပွဲ သွားရန် ရှိကြောင်း အကြောင်းပြ ပြန်တယ်။ အဲဒါနဲ့ သူလည်း ဘောင်းဘီဟောင်းပဲ ဝတ်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။

အဲဒီညမှာ သူ့အမေက "အော် ငါ့သားလေး၊ မိဘကို လုပ်ကျွေးရှာတယ်။ သူ့ကို ဒါလေးတောင် မလုပ်ပေးလို့ မဖြစ်ဘူး" ဆိုပြီး ဘောင်းဘီကို ၁၀ စင်တီမီတာ တိုပေးလိုက်တယ်။

သူ့ဇနီးကလည်း အိမ်အလုပ် ပြီးတော့ စိတ်မကောင်း ဖြစ်ပြီး "မိန်းကလေးအလုပ် မလို့ လာလုပ်ခိုင်းတာကို ငါ မလုပ်ပေးရ ကောင်းလား" ဆိုပြီး ဘောင်းဘီကို ၁၀ စင်တီမီတာ တိုပေးပြန်တယ်။

သူ့သမီးကလည်း party က "အပြန်မှာ သူ့အဖေအတွက် မလုပ်ပေးရလို့" ဆိုပြီး ဘောင်းဘီကို ပြင်ပေးပြန်တယ်။

နောက်နေ့ကျတော့ ဘောင်းဘီကို ဝတ်ကြည့်တော့ အရမ်း တိုနေရော။ ဒါနဲ့ သူက အားရပါးရ ရယ်ပြီး "ငါ ဒီဘောင်းဘီကို ဝတ်သွားမယ်။ သူငယ်ချင်းတွေကို ပြောမယ်။ ငါ့မှာ ငါ့အပေါ် ကောင်းတဲ့ အမေ၊ ဇနီး၊ သမီး ရှိတယ် ဆိုတာကို"

မိတ်ဆုံစားပွဲမှာ သူ့သူငယ်ချင်းတွေက သူ့ရဲ့ အိမ်ထောင်ရေး သာယာကြောင်း ပြောတယ်။ ဒါကို သူ့အိမ် ပြန်ရောက်တော့ ပြောပြတော့ အမေ၊ဇနီးနဲ့ သမီးက အရမ်းကို ပီတိ ဖြစ်သွားကြတယ်။

မိတ်ဆွေသာ အဲဒီအမျိုးသား နေရာမှာဆို ဘယ်လို တုံ့ပြန်မိမှာလဲ။ ဘောင်းဘီပျက်လို့ ဒေါသ ထွက်မှာလား၊ ရယ်မောနိုင်မှာလား။

လူတွေက အပြင်လူနဲ့ တွေ့တဲ့အချိန်မှာ သဘောထား ကြီးကြပြီး ကိုယ့်မိသားစုဝင်နဲ့ တွေ့တဲ့ အချိန်မှာဆိုရင် နားလည်မှု မပေးပဲ တယောက်ကိုတယောက် ထိခိုက်အောင် ပြောတတ်ကြပါတယ်။

ကိုယ့်မိသားစု အပေါ် စိတ်ရှည်ပြီး နားလည်မှု လေးတွေ ရှိရင် မကောင်းဘူးလား။ မဟုတ်ရင် ဘယ်လိုလုပ် ပျော်ရွှင်စွာ နေထိုင်နိုင်မှာလဲ။ ကိုယ့်ရဲ့ မိသားစုဝင်တွေကို ဂရုစိုက်ပေးပါ။ Crd

Post a Comment

0 Comments