တန်ဖိုးကြီးသော အပေါစားများ

ယောက်ျားလေး တယောက် ရုပ်ချောရင် မိန်းကလေး အချို့က ကြိုက်ကြတယ်၊ ချစ်သူ ဖြစ်ချင် ကြတယ်။ ဒီလိုပဲ မိန်းကလေး တယောက် ရုပ်ချောရင် ယောက်ျားလေး တချို့က ကြိုက်ကြတယ်၊ ချစ်သူ ဖြစ်ချင် ကြတယ်။

ကိုယ်ပိုင် အရည်အချင်း အသိဉာဏ် မရှိတဲ့ လူတွေက မမြင်ရ တာထက် မြင်ရတဲ့ ရုပ်ရည် ရူပါကို ကြည့်ပြီး ချစ်သူ ရွေးချယ် ကြတယ်။

အလှအပ ဆိုတာမျိုးက ခဏတာ ပါပဲ။ အချစ်ဆိုတာ အလှအပထက် အရေးပါတဲ့ နားလည်မှု ကြင်နာ ယုယမှု လေးစားမှု သစ္စာရှိမှု ယုံကြည်မှုတွေနဲ့ ဖွဲ့စည်း တည်ဆောက် ထားတဲ့ နုညံ့တဲ့ အရာလေး တခုပါ။

ယောကျာ်း တယောက် ရုပ်ချောတာ တခုထဲနဲ့ ဘဝတခု တည်ဆောက်လို့ မရဘူး။ တန်ဖိုး ထားတတ်ဖို့၊ လက်ကြောတင်းဖို့၊တာဝန်ယူ တတ်တဲ့ စိတ်ရှိဖို့၊ ဂရုစိုက်တတ်ဖို့ လောကကြီးကို ရင်ဆိုင်ရဲဖို့ စသည်ဖြင့် လိုအပ်ပါတယ်။

ဒီလိုပဲ မိန်းကလေး တယောက် ရုပ်လှတာ တခုထဲနဲ့ Perfect ဖြစ်ပြီလို့ မထင်ပါနဲ့။ အရည်အချင်း ရှိဖို့ နားလည်ပေး တတ်ဖို့၊ လေးစားမှု ပေးတတ်ဖို့၊ ဂရုစိုက်ပေး တတ်ဖို့ ယုံကြည်ပေး တတ်ဖို့ စသည်ဖြင့် လိုအပ်ပါတယ်။ အဆင်း ရှိပြီး အချင်း မရှိရင် အလကား ပါပဲ။

Facebookမှာ Like 10K ရပြီး အပြင်မှာ ဖုန်းဘေ တထောင် တောင်မှ ကိုယ်တိုင် မရှာတတ်တဲ့ သူမျိုးတွေ၊ Facebook မှာ အရမ်း Fine ပြီး အပြင်မှာ အလုပ်အကိုင် မရှိ၊ ၁၀၉ ၁၁၀ ကျပ်မပြည့်တဲ့ လူမျိုးတွေ၊ Facebook မှာ အရမ်းမိုက်ပြီး အပြင်မှာ လက်ဓါးရှရင်တောင် ငိုယိုတတ်တဲ့ သူမျိုးတွေ။

Facebook မှာ အရမ်း တည်ငြိမ်ပြီး အပြင်မှာ လုံဝကို ကြည့်မဖြစ်တဲ့ ပေါကြောင်ကြောင် လူမျိုးတွေ၊ Facebook မှာ အသက် 16 ပြောပြီး အပြင်မှာ သေခါနီး လူလိမ် လူညာကြီးတွေ စသည်ဖြင့် စသည်ဖြင့် အများကြီး ရှိပါတယ်နော်။

ထက်မြတ်တဲ့ သူတွေက မြင်ရတာထက် မမြင်ရတဲ့ အရည်အချင်းကို ကြည့်ပြီး အချစ်ကို ရွေးချယ် ကြပါတယ်။ ခပ်ညံ့ညံ့ သူတွေက မြင်ရတဲ့ ရုပ်ရည်ရူပါ အပြင်ပန်းကို ကြည့်ပြီး အချစ်ကို ရွေးချယ် ကြပါတယ်။

နောက်ဆုံးမှာ ဘယ်သူတွေက အိမ်ထောင်ရေး သာယာကြ သလဲ။ ထက်မြတ်တဲ့ ယောကျာ်း တယောက်ရဲ့ နောက်ကွယ်မှာ အဆင်း မရှိပေမယ့် အချင်းရှိတဲ့ မိန်းမတွေ ရှိပါတယ်။ ထက်မြတ်တဲ့ မိန်းမ တယောက်ရဲ့ နောက်ကွယ်မှာ အရည်အချင်း ရှိတဲ့ ယောကျာ်းကောင်းတွေ ရှိပါတယ်။

ကိုယ်တိုင်က မထက်မြတ်သေး သရွှေ့တော့ အပေါ်ယံ အရေခွံနဲ့ Cute တွေ Fine တွေဟာ သင်ဘဝအတွက် တန်ဖိုးကြီး အရာတွေလို့ သင်ထင်မှတ် ကိုးကွယ်နေ မိမှာပါပဲ။ ဒါ့ကြောင့် အဆင်းထက် အချင်းကိုသာ ရွေးချယ်ကြဖို့နဲ့ ကိုယ်ကိုယ်တိုင်လည်း ထက်မြတ်တဲ့သူ ဖြစ်အောင် ကြိုးစားဖို့ လိုပါတယ်။ Crd

Post a Comment

0 Comments