လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ နှိပ်နယ်ပေးရုံနဲ့ ဝမ်းဗိုက်ချပ်ပြီး ခါးသေးသွယ်စေမယ့် နည်းလမ်း (၇) ခု

ခါးဆိုဒ်တွေ ကြီးလာပြီး ဝတ်ချင်တဲ့အဝတ်အစားတွေ ဝတ်မရတော့တာ အရမ်းကို နှမြောစရာကောင်းပါတယ်။ သင်က အမောလည်းမခံနိုင်၊ အချိန်လည်းမပေးနိုင်သူဆိုရင် ဝမ်းဗိုက်ချပ်ရပ်ပြီး ခါးသေးသွားဖို့အတွက် ဒီအချက်လေးတွေကို မပင်ပန်းဘဲ ပြုလုပ်ပေးနိုင်ပါတယ်။

နည်းလမ်း ၁

လက်ဖဝါးနှစ်ဖက်ကို ပွတ်တိုက်ပြီး အပူထွက်လာအောင် ပွတ်တိုက်ပါ။ အဲဒီနောက် ဝမ်းဗိုက်ကို နာရီလက်တံပုံစံ၊ နာရီလက်တံပြောင်းပြန်ပုံစံနဲ့ ၃မိနစ်ကြာ ပွတ်တိုက်ပေးပါ။ ဒီနှိပ်နည်းက ဝမ်းဗိုက်အဆီကျစေတဲ့အပြင် သွေးလည်ပတ်မှုကိုလည်း အားကောင်းစေပါတယ်။

နည်းလမ်း ၂

ချက်ရဲ့အထက် လက် ၄လုံးနေရာကို ရှာဖွေပါ။ အဲဒီနေရာကို ရောက်ရင် နာရီလက်တံပုံစံ၊ နာရီလက်တံပြောင်းပြန်ပုံစံနဲ့ ၃မိနစ်ကြာ နှိပ်နယ်ပေးပါ။ ဒီလိုနှိပ်နယ်ခြင်းဖြင့် လေပွတာကို သက်သာစေပါတယ်။

နည်းလမ်း ၃

ဗိုက်အဆီကို လက်နှစ်ဖက်ကြားထဲကို ထည့်ပြီး အရှေ့ကို ညှစ်ထုတ်ပါ။ အဲဒီပုံစံအတိုင်း ၃ကြိမ်ကနေ ၅ကြိမ်အထိထိ ပြုလုပ်နိုင်ပါတယ်။ ပြီးရင် ဗိုက်အဆီအခေါက်တွေကို လက်နဲ့ လှုပ်ရမ်းခါပေးပါ။ ဒီနည်းလမ်းလေးကတော့ ခါးကို သေးသွယ်ဖို့ ကူညီပေးပါတယ်။

နည်းလမ်း ၄

ဝမ်းဗိုက်အဆီတွေကို လက်နှစ်ဖက်နဲ့ ကိုင်ထားပြီး ဗိုက်တစ်လျှောက် နှိပ်နယ်‌ပေးပါ။ တစ်ခါနှိပ်ရင် ၂မိနစ်ကနေ ၃မိနစ်ကြာအထိ နှိပ်နယ်ပေးလို့ရပါတယ်။ တစ်နေ့ကို ၃ကြိမ်ခန့် ပြုလုပ်ပေးရင် ရက်သတ္တပတ်အနည်းငယ်အတွင်း အဆီတွေ နည်းပါးသွားတာကို တွေ့ရမှာပါ။

နည်းလမ်း ၅

လက်ချောင်းလေးတွေကို ခါးနေရာမှာထားပြီး ဖြည်းဖြည်းချင်း အပေါ်ဘက်ကို နှိပ်နယ်သွားပါ။ ၅ကြိမ်ကနေ ၁၀ကြိမ်အထိ ဒီနည်းလမ်းကို ပြုလုပ်လို့ရပါတယ်။

နည်းလမ်း ၆

ချက်အောက်နေရာမှာ လက်ကို ထားပါ။ ပြီးရင် လက်ချောင်းနှစ်ချောင်းနဲ့ ချက်နေရာကို ဝိုင်းပြီး စက်ဝိုင်းပုံစံ ၂မိနစ်ကြာအောင် နှိပ်နယ်ပေးပါ။ ဒီနည်းလမ်းကိုတော့ တရုတ်နိုင်ငံမှာ အသုံးပြုကြပါတယ်။

နည်းလမ်း ၇

ချက်ကနေအောက်ဘက် ၁လက်မနေရာကို Ren 6၊ ၂ လက်မနေရာကို Ren 4၊ ၃လက်မနေရာကို Ren 3 လို့သတ်မှတ်ထားကြပါတယ်။ ချက်ကနေ ဘေးဘက် ၀.၅ လက်မနေရာတွေကိုတော့ Ki 16 အမှတ်လို့ ခေါ်ပါတယ်။ Zigong အမှတ်တွေကတော့ Ren 4 အမှတ်နဲ့ ၃လက်မအကွာမှာတည်ရှိပါတယ်။

လက်ချောင်းနှစ်ချောင်းနဲ့ အဲဒီအမှတ်နေရာတွေကို ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ အဲဒီနောက် မိနစ်အနည်းငယ်ကြာ ဖိထားပေးပါ။ ဒီနည်းကတော့ ဗိုက်က အဆီတွေကို သိသိသာသာ လျော့ကျစေတဲ့နှိပ်နယ်နည်းပါ။

Bonus

ဒီနည်းလမ်းလေးတွေကို အစားစားပြီးပြီးချင်းမှာ မပြုလုပ်သင့်ပါဘူး။ ပိုပြီး သိသာတဲ့ရလဒ်ရဖို့အတွက် မနက်စာမစားခင်နဲ့ ညအိပ်ရာမဝင်ခင်မှာ ပြုလုပ်ပေးနိုင်ပါတယ်။ ဆိုက်ပရက်စ်ရနံ့ဆီကိုလိမ်းပြီး နှိပ်နယ်ပေးရင် ပိုပြီး ထိရောက်ပါတယ်။ ခြေထောက်မှာ သွေးခဲဖူးရင်၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အရိုးပွရောဂါ၊ သွေးတိုးရောဂါတွေရှိရင် ဒီနှိပ်နယ်နည်းတွေကို မပြုလုပ်သင့်ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments