ကျီးကန်းရဲ့ ကြက်ဥ

တခါတုန်းက ကြက်ဥ မကြိုက်တဲ့ ကျီးကန်း တကောင်ဟာ သူပိုင်တဲ့ ကြက်ဥကို အမြဲတမ်း ခွေးကို ပေးတယ်။ ခွေးက အစပိုင်း ကျေးဇူး တင်တယ်ပေါ့။

ကြာတော့ အကျင့် ဖြစ်သွားတယ်။ အကျင့် ဖြစ်လာတော့ ဒါက သူ့ကို ပေးကို ပေးရမယ် ဆိုတဲ့ စိတ် ဖြစ်လာတယ်။

တနေ့ ကျတော့ ကျီးကန်းက ကြက်ဥကို ငါးကို ပေးလိုက်တော့ ခွေးက မကျေနပ် တော့ဘူး။ ကြက်ဥဟာ အစ ကတည်းက ကျီးကန်းဟာ ဆိုတာ ခွေးက မေ့သွားတယ်။

ကြက်ဥ ဘယ်သူ့ကို ပေးမယ် ဆိုတာ ကျီးကန်းမှာ ဆုံးဖြတ်ခွင့် ရှိတယ် ဆိုတာ မေ့သွားတယ်။ ဒါနဲ့ သူတို့ စကားများ ကြပြီး အခင်အမင် ပျက်သွားကြတယ်။

ကျွန်တော် ပတ်ဝန်းကျင် မှာလည်း ဒီအတိုင်းပါပဲ။ တချိူ့သော လူတွေဟာ သူတပါး ဆီက တခါတရံ ရလိုက်တဲ့ အရာတွေကို တသက်လုံး ရမယ့်အရာလို့ သတ်မှတ်တတ်တဲ့ လူတွေ ရှိပါတယ်။

အမြဲတမ်း သူများက ကိုယ့်အပေါ် ကောင်းဖို့ပဲ မျှော်လင့် ကြတယ်။ အစပိုင်းတော့ ကျေးဇူးတင် မဆုံးဘူးပေါ့။

ကြာလာတော့ သူများက ကိုယ့်အပေါ် ကောင်းတာကို အမြဲ လိုချင်တဲ့ အကျင့် ဖြစ်လာတယ်။ ဒါကို ဖြစ်သင့်တဲ့ အရာ လို့ ထင်လာတယ်။

တနေ့မှာ ကိုယ့်အပေါ် မကောင်းခဲ့ရင် အပြစ်တင် ရှုံ့ချ မိတော့တယ်။ တကယ်တန်း ကျတော့ သူများ မကောင်းတော့တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စိတ်တွေက ပြောင်းကုန် တာပါ။

ရနေကျ ဆိုတော့ ရပိုင်ခွင့် တခုလို မြင်လာပြီး ကျေးဇူးတရား ဆိုတာကို မေ့သွား တာပါ။ ဒါကြောင့် သူတပါး ပိုင်တဲ့ ပစ္စည်းကို ကိုယ့်ရပိုင်ခွင့်လို ပုံသေ သတ်မှတ် မထားသင့် ပါဘူး။

တကယ်တော့ ကြက်ဥ ဘယ်သူ့ကို ပေးမယ် ဆိုတာ ကျီးကန်း မှာပဲ ဆုံးဖြတ်ခွင့် ရှိပါတယ်။ Crd

Zawgyi

က်ီးကန္းရဲ႕ ၾကက္ဥ

တခါတုန္းက ၾကက္ဥ မႀကိဳက္တဲ့ က်ီးကန္း တေကာင္ဟာ သူပိုင္တဲ့ ၾကက္ဥကို အၿမဲတမ္း ေခြးကို ေပးတယ္။ ေခြးက အစပိုင္း ေက်းဇူး တင္တယ္ေပါ့။ ၾကာေတာ့ အက်င့္ ျဖစ္သြားတယ္။ အက်င့္ ျဖစ္လာေတာ့ ဒါက သူ႔ကို ေပးကို ေပးရမယ္ ဆိုတဲ့ စိတ္ ျဖစ္လာတယ္။

တေန႔ က်ေတာ့ က်ီးကန္းက ၾကက္ဥကို ငါးကို ေပးလိုက္ေတာ့ ေခြးက မေက်နပ္ ေတာ့ဘူး။ ၾကက္ဥဟာ အစ ကတည္းက က်ီးကန္းဟာ ဆိုတာ ေခြးက ေမ့သြားတယ္။ ၾကက္ဥ ဘယ္သူ႔ကို ေပးမယ္ ဆိုတာ က်ီးကန္းမွာ ဆုံးျဖတ္ခြင့္ ရွိတယ္ ဆိုတာ ေမ့သြားတယ္။ ဒါနဲ႔ သူတို႔ စကားမ်ား ၾကၿပီး အခင္အမင္ ပ်က္သြားၾကတယ္။

ကြၽန္ေတာ္ ပတ္ဝန္းက်င္ မွာလည္း ဒီအတိုင္းပါပဲ။ တခ်ိဴ႕ေသာ လူေတြဟာ သူတပါး ဆီက တခါတရံ ရလိုက္တဲ့ အရာေတြကို တသက္လုံး ရမယ့္အရာလို႔ သတ္မွတ္တတ္တဲ့ လူေတြ ရွိပါတယ္။ အၿမဲတမ္း သူမ်ားက ကိုယ့္အေပၚ ေကာင္းဖို႔ပဲ ေမွ်ာ္လင့္ ၾကတယ္။ အစပိုင္းေတာ့ ေက်းဇူးတင္ မဆုံးဘူးေပါ့။

ၾကာလာေတာ့ သူမ်ားက ကိုယ့္အေပၚ ေကာင္းတာကို အၿမဲ လိုခ်င္တဲ့ အက်င့္ ျဖစ္လာတယ္။ ဒါကို ျဖစ္သင့္တဲ့ အရာ လို႔ ထင္လာတယ္။ တေန႔မွာ ကိုယ့္အေပၚ မေကာင္းခဲ့ရင္ အျပစ္တင္ ရႈံ႕ခ် မိေတာ့တယ္။ တကယ္တန္း က်ေတာ့ သူမ်ား မေကာင္းေတာ့တာ မဟုတ္ပါဘူး။ ကိုယ့္ရဲ႕ စိတ္ေတြက ေျပာင္းကုန္ တာပါ။

ရေနက် ဆိုေတာ့ ရပိုင္ခြင့္ တခုလို ျမင္လာၿပီး ေက်းဇူးတရား ဆိုတာကို ေမ့သြား တာပါ။ ဒါေၾကာင့္ သူတပါး ပိုင္တဲ့ ပစၥည္းကို ကိုယ့္ရပိုင္ခြင့္လို ပုံေသ သတ္မွတ္ မထားသင့္ ပါဘူး။ တကယ္ေတာ့ ၾကက္ဥ ဘယ္သူ႔ကို ေပးမယ္ ဆိုတာ က်ီးကန္း မွာပဲ ဆုံးျဖတ္ခြင့္ ရွိပါတယ္။ Crd

Post a Comment

0 Comments