လုံးဝ မယူသင့်သော ယောက်ျားများ

(၁) လင်မွဲ

ဘယ်လောက်ပဲ ချစ်ချစ် စီးပွားရေး အသိတရား မရှိဘူး ဆိုရင် အိမ်ထောင်ရေးဟာ ရေမရှိတဲ့ အိုင်မှာ နေရတဲ့ ငါးလိုပဲ ပူလောင် ခြောက်သွေ့ လွန်းပါတယ်။ ဒါ့ကြောင့် မွဲတဲ့ ယောက်ျား မယူလေနဲ့။

(၂) လင်နာ

မင်္ဂလာဦးညက စလို့ ဖြစ်လိုက်တဲ့ ရောဂါ ကြီးသေး ပေါင်းစုံ။ ပိုးမွေးသလို မွေးနေရမယ့် ကိုချူချာ၊ ကုလိုက်ရတဲ့ ဆေး၊ ရှိသမျှ အကုန်ပြောင်။ အကျိုးစီးပွား တိုးတက်ရာ လမ်းမမြင်။ ဆုတ်ယုတ်ရန် သာရှိ မယူလေနဲ့ အမိ။

(၃) လင်အရက်သမား (လင်သူရာကြိုက်)

အရက်သေစာ။ ယခုခေတ်တော့ မူးယစ်ဆေး သောက်စား မူးယစ်တတ်တဲ့ ယောက်ျား။ မိတ်ကောင်း ဆွေကောင်း မရှိ၊ ဂုဏ်သိက္ခာ ကင်းမဲ့၊ ကျော်စောမှု နတ္ထိ၊ စီးပွားဥစ္စာ ပျက်ပြား။

ကိုယ့်လက်ထဲ ရောက်မှ ပြုပြင်ပါ့မယ်၊ ကိုယ်ကိုင်တွယ် ပါ့မယ်လို့ မတွေးနဲ့။ ကတိတွေ အထပ်ထပ် ပေးလည်း မယုံလိုက် လေနဲ့။ လျှာမှာ အရိုးမရှိ။ အလကား ခွေးမြီးကောက် ကျည်တောက်စွပ်ပဲ။

(၄) လင်မိုက် (လင်ရမ်းကား)

ထစ်ခနဲရှိ ဆဲရေး၊ ပေးစား၊ အိုးခွက်ပန်းကန် မကျန် ကုန်အောင် ရိုက်ခွဲ။ ခြေပါ လက်ပါ ရမ်းကား။ ယူမိရင် မျက်ရည်နဲ့ ဒူးနဲ့ ဝမ်းဆက် ဖြစ်လိမ့်မယ်။

(၅) လင်ဖျင်း

အစစ အရာရာ မိန်းမကသာ ဦးဆောင် ရတယ်။ အစပိုင်းတော့ မိုက်တယ်။ ချစ်လို့ပဲ ဦးစားပေး သယောင်ယောင်၊ သာယာစရာ လိုလို ဘာလိုလို။

ကိုယ်ပိုင် ရပ်တည်ချက် မရှိ။ ကိုယ်ပိုင် အစွမ်းအစ မရှိ။ နွားများလို သူများခိုင်းတာ နားစွင့်ပြီး လုပ်တတ်တဲ့ယောက်ျား။ လင်ရုပ်သေး ဝေးဝေးက သာရှောင်။

(၆) လင်ပျင်း

သေချာတယ် ချစ်သူဘဝမှာ ကတည်းက ထမင်းတောင် ခွံ့ကျွေးရ လိမ့်မယ်။ မိခင်စိတ် ရှိတတ်တဲ့ မိန်းကလေးတွေ အဖို့ သဘောကျ စရာပဲ။ ဒီလိုအစား ကြာကြာဝါးမှ ခါးမှန်း သိမယ်။ မိတ်ဆွေကောင်း မရှိ။ အပျင်းထူ အရေထွက် စီးပွားမတက်။

(၇) လင်အို

အိုတဲ့ယောက်ျား သူများ အတွက်ရော၊ မိန်းမ အတွက်ရော ဘယ်နေရာများ အသုံးတဲ့တာ ရှိသတုန်း။ သဝန်တို တတ်တာ နှစ်ယောက် မရှိ။ သူ မစွမ်းတာ သူသိတိုင်း လူတကာနဲ့ ပေးစား။ စိတ်ကို မီးလို ပူစေတဲ့ ယောက်ျား ဝေးရာက ရှားလော့ ချစ်သမီး။

(၈) လင်အလိုမပြည့်

ဘယ်လောက်ပဲ ကောင်းအောင် လုပ်ပေးပေး ကျေးဇူးတရားကို မသိ၊ အဆိုး အပြစ်သာ မြင်တတ် ပြောတတ်တဲ့ ယောက်ျား။ အပြုသဘော မဆောင် အပျက်သဘော၊ အဖျက်သဘောသာ ရှိတဲ့ ယောက်ျား အလကားပဲ။

လင်မွဲ လင်နာ လင်သူရာကြိုက် လင်မိုက် လင်ဖျင်း လင်ပျင်း လင်အို အလိုမဖြည့် မပြည့်ဆန္ဒ ရှိတုံကလျှင် မိန်းမဟူသည် ဤရှစ်မည်ကြောင့် မကြည်မသာ အနာတရ ရှိတတ်စွရှင်။

ကြိုက်ရင်လည်း ယူတော်မူ ကိုယ်ဖြစ်ကိုယ်ခံ၊ မတားလိုပါ။ Crd

Post a Comment

0 Comments