အခက်အခဲတွေကို တက်လမ်းအဖြစ် အသုံးချပါ

တရက်မှာ လယ်သမား တယောက်ရဲ့ မြည်းဟာ ရေတွင်း ပျက်ထဲကို ပြုတ်ကျ ပါလေရော။ မြည်းက စနားစဖွယ် ငိုကြွေး နေခဲ့ပြီး၊ လယ်သမားကလည်း ဘယ်လို လုပ်ရမလဲ ဆိုတာ အကြံ ထုတ်နေ ခဲ့ပါတယ်။

မြည်းဟာ အိုနေပြီ။ ရေတွင်းဟောင်း ကလည်း ဟောင်းနေလို့ မြေဖို့ ပြစ်ဖို့ လိုနေပြီ။ ဒါကြောင့် မြည်းကို ကယ်တင်ဖို့ မထိုက်တန် တော့ဘူး လို့ လယ်သမားက ဆုံးဖြတ် လိုက်တယ်။

လယ်သမားဟာ အိမ်နီးချင်း တွေကို ဖိတ်ခေါ်ပြီး အကူအညီ တောင်းခဲ့တယ်။ အိမ်နီးချင်း တွေလည်း ဂေါ်ပြား ကိုယ်စီ ကိုင်ပြီး ရောက်လာ ကြတယ်။ ရေတွင်းကို အမှိုက်တွေ၊ မြေကြီးတွေနဲ့ စတင် ဖို့ကြတယ်။

ပထမ တော့ မြည်းဟာ သူ့ကို ရေတွင်းထဲမှာ မြေကြီးနဲ့ ဖို့သတ်နေတယ် ဆိုတာ သိပြီး တုန်လှုပ် ငိုကြွေး ပါတော့တယ်။ နောက်တော့ မြည်းဟာ ငြိမ်သက် သွားတယ်။

မြေကြီးတွေ အတော် ဖို့ပြီးတော့ လယ်သမားဟာ ရေတွင်းထဲကို ငုံ့ကြည့်လိုက်တယ်။ လယ်သမားဟာ မြင်လိုက် ရတဲ့ အရာကို အံအားသင့် သွားတယ်။

မြည်းဟာ သူ့ရဲ့ ကျောပေါ် ကျလာတဲ့ အမှိုက်တွေ မြေကြီး တွေကို ခါချပြီး မြင့်တက် လာတဲ့ မြေသားနဲ့ အတူ အပေါ်ကို တဖြည်း ဖြည်း ရောက်လာ ခဲ့ပါတယ်။

နောက်ဆုံးမှာ မြည်းဟာ သူ့ကို ဖို့တဲ့ မြေကြီးတွေကို အသုံး ချရင်း ရေတွင်းထဲက လွတ်မြောက် လာခဲ့ ပါတော့တယ်။

လူ့ဘဝမှာ ဘယ်လို အညစ်အကြေးတွေ မကောင်းမှုတွေ သင့်အပေါ် ကျရောက် နေပါစေ၊ အဲဒါတွေကို ခါချပြီး ဘဝတက်လမ်းအတွက် အသုံးချလိုက်ပါ။

တကယ်တော့ ဒုက္ခ ဆိုတာ ဘဝ အောင်မြင်ဖို့အတွက် ခုတုံးတွေ လှေခါးထစ် တွေပဲ ဖြစ်ပါတယ်။ ဘယ်လို နက်ရှိုင်းတဲ့ ဒုက္ခ ရေတွင်းထဲ ကျရောက်ပါစေ အရှုံးမပေး ပါနဲ့။

ဒုက္ခတွေကို ခါထုတ် ပစ်လိုက်ပြီး လှေခါးထစ်လို အသုံးချလိုက်ပါ။ Crd

Zawgyi

အခက္အခဲေတြကို တက္လမ္းအျဖစ္ အသုံးခ်ပါ

တရက္မွာ လယ္သမား တေယာက္ရဲ႕ ျမည္းဟာ ေရတြင္း ပ်က္ထဲကို ျပဳတ္က် ပါေလေရာ။ ျမည္းက စနားစဖြယ္ ငိုေႂကြး ေနခဲ့ၿပီး၊ လယ္သမားကလည္း ဘယ္လို လုပ္ရမလဲ ဆိုတာ အႀကံ ထုတ္ေန ခဲ့ပါတယ္။

ျမည္းဟာ အိုေနၿပီ။ ေရတြင္းေဟာင္း ကလည္း ေဟာင္းေနလို႔ ေျမဖို႔ ျပစ္ဖို႔ လိုေနၿပီ။ ဒါေၾကာင့္ ျမည္းကို ကယ္တင္ဖို႔ မထိုက္တန္ ေတာ့ဘူး လို႔ လယ္သမားက ဆုံးျဖတ္ လိုက္တယ္။

လယ္သမားဟာ အိမ္နီးခ်င္း ေတြကို ဖိတ္ေခၚၿပီး အကူအညီ ေတာင္းခဲ့တယ္။ အိမ္နီးခ်င္း ေတြလည္း ေဂၚျပား ကိုယ္စီ ကိုင္ၿပီး ေရာက္လာ ၾကတယ္။ ေရတြင္းကို အမႈိက္ေတြ၊ ေျမႀကီးေတြနဲ႔ စတင္ ဖို႔ၾကတယ္။

ပထမ ေတာ့ ျမည္းဟာ သူ႔ကို ေရတြင္းထဲမွာ ေျမႀကီးနဲ႔ ဖို႔သတ္ေနတယ္ ဆိုတာ သိၿပီး တုန္လႈပ္ ငိုေႂကြး ပါေတာ့တယ္။ ေနာက္ေတာ့ ျမည္းဟာ ၿငိမ္သက္ သြားတယ္။

ေျမႀကီးေတြ အေတာ္ ဖို႔ၿပီးေတာ့ လယ္သမားဟာ ေရတြင္းထဲကို ငုံ႔ၾကည့္လိုက္တယ္။ လယ္သမားဟာ ျမင္လိုက္ ရတဲ့ အရာကို အံအားသင့္ သြားတယ္။

ျမည္းဟာ သူ႔ရဲ႕ ေက်ာေပၚ က်လာတဲ့ အမႈိက္ေတြ ေျမႀကီး ေတြကို ခါခ်ၿပီး ျမင့္တက္ လာတဲ့ ေျမသားနဲ႔ အတူ အေပၚကို တျဖည္း ျဖည္း ေရာက္လာ ခဲ့ပါတယ္။ ေနာက္ဆုံးမွာ ျမည္းဟာ သူ႔ကို ဖို႔တဲ့ ေျမႀကီးေတြကို အသုံး ခ်ရင္း ေရတြင္းထဲက လြတ္ေျမာက္ လာခဲ့ ပါေတာ့တယ္။

လူ႔ဘဝမွာ ဘယ္လို အညစ္အေၾကးေတြ မေကာင္းမႈေတြ သင့္အေပၚ က်ေရာက္ ေနပါေစ၊ အဲဒါေတြကို ခါခ်ၿပီး ဘဝတက္လမ္းအတြက္ အသုံးခ်လိုက္ပါ။

တကယ္ေတာ့ ဒုကၡ ဆိုတာ ဘဝ ေအာင္ျမင္ဖို႔အတြက္ ခုတုံးေတြ ေလွခါးထစ္ ေတြပဲ ျဖစ္ပါတယ္။ ဘယ္လို နက္ရႈိင္းတဲ့ ဒုကၡ ေရတြင္းထဲ က်ေရာက္ပါေစ အရႈံးမေပး ပါနဲ႔။ ဒုကၡေတြကို ခါထုတ္ ပစ္လိုက္ၿပီး ေလွခါးထစ္လို အသုံးခ်လိုက္ပါ။ Crd

Post a Comment

0 Comments