ခံနိုင်ရည်ချင်း မတူဘူး

တခါတုန်းက ပန်းတိမ်ဆရာ တယောက်ဟာ သေခါနီး ဆဲဆဲမှာ သားဖြစ်သူကို အနားကို ခေါ်ပြီး ပြောခဲ့ ပါတယ်။

"ဒီ သေတ္တာကို ဖွင့်လိုက်ရင် အထဲမှာ ပုံစံတူ စိန်နားကပ် နှစ်ဘက် တွေ့လိမ့်မယ်။ တခုဟာ စိန်အစစ် ဖြစ်တယ်။ နောက်တဘက် ကတော့ဖြင့် ပုလင်းကွဲနဲ့ လုပ်ထားတဲ့ စိန်နားကပ် အတုသာ ဖြစ်တယ်"

အဖေဖြစ်သူဟာ စိန်အတု နှင့်အစစ်ကို ပြသကာ သားကို ပြောတယ်။ "ဒီ စိန်နားကပ် နှစ်ဘက်ဟာ မင်းအဖိုးက လက်ဆောင် ပေးခဲ့တာ ဖြစ်တယ်"

မကြာခင်မှာ အဖေ ဖြစ်သူ သေဆုံးသွားတော့ သားဖြစ်သူဟာ စိန်နားကပ် နှစ်ဘက်ကို ယူကာ ဘုရင်ထံကို ရောက်သွားတယ်။ ဘုရင်ကို ပြောတယ်။

"ဘုရင်ကြီး ခင်ဗျာ ဒီ စိန်နားကပ် နှစ်ဘက် အနက်မှ တခုဟာ စိန်အစစ် ဖြစ်ပြီး တခုဟာ အတု ဖြစ်ပါတယ်။ ဘုရင်ကြီးရဲ့ နိုင်ငံက ဘယ်သူမဆို အတုနဲ့ အစစ်ကို ခွဲခြားနိုင်ရင် အစစ်ကို အပိုင်ပေးမှာ ဖြစ်ပါတယ်။ တကယ်လို့ မခွဲနိုင် ရင်တော့ စိန်အစစ်ရဲ့ တန်ကြေးကို ပေးရမှာ ဖြစ်ပါတယ်"

ဘုရင်ကလည်း သဘောတူ လိုက်ပြီး နိုင်ငံမှာ ရှိနေတဲ့ ပညာရှင်များကို ကြည့်ခိုင်း ပေမယ့် တယောက်မှ အတု အစစ်ကို မခွဲနိုင်ကြပါဘူး။ နောက်ဆုံးမှာတော့ စိန်အစစ်ရဲ့ တန်ကြေး ကိုသာ ပေးလိုက် ကြရပါတယ်။

စိန်ပိုင်ရှင်ဟာ အဲဒီလိုနဲ့ တနိုင်ငံပြီး တနိုင်ငံ လှည့်လည် စိန်ခေါပြီး စိန်ကို မပေးလိုက်ရ ပါပဲနဲ့ ပိုက်ဆံတွေ အများကြီး ရယူကာ မိမိနေရပ်သို့ ပြန်လာစဉ် တနေရာ အရောက်မှာ နန်းတော်ငယ်လေး တခုကို တွေ့လိုက်တယ်။

ဘုရင်ဟာ ကွင်းပြင်ကြီးမှာ နန်းတော် အသေးလေး ဆောက်ထားတာ ဖြစ်ပြီး ၎င်းဘုရင် ကိုလည်း ယခင် နည်းတူ စိန်ခေါ်ပါတယ်။ ဘုရင်က သူ့ နန်းတော်မှာ ရှိတဲ့ ပညာရှင်များကို ကြည့်ခိုင်းတယ်။ သူတို့လည်း အတုနဲ့ အစစ်ကို မခွဲခြားနိုင် ကြဘူး။

အဲဒီလိုနဲ့ နောက်ဆုံးမှာတော့ မျက်မမြင် အဖိုးတယောက်ဟာ ကျနော့်ကို အတု အစစ် ခွဲခြားဖို့ အခွင့်အရေး ပေးပါ ဆိုတော့ ဘုရင်က ခွင့်ပြု လိုက်တယ်။

မျက်မမြင် အဖိုးအိုက စိန်နားကပ်ကို လက်နဲ့ ကိုင်ပြီး ပြောတယ်။ "ဒါဟာ အတု ဖြစ်တယ်။ ဒါဟာ အစစ် ဖြစ်တယ်"

ပိုင်ရှင်က တအံ့တသြဖြင့် "အဖိုးပြောတာ မှန်ပါတယ်။ ဒါပေမယ့် အတုနဲ့ အစစ် ဘယ်လိုခွဲလဲ သိလိုပါတယ်" ပြောတော့ အဖိုးက ပြောပါတယ်။ "ငါတို့ အားလုံး နေပူထဲမှာ ရှိနေသလို ဒီစိန်နားကပ် နှစ်ဘက်ဟာလည်းပဲ နေပူထဲ မှာပဲ။

ဒါပေမယ့် စိန်အစစ်ဟာ နေဘယ်လောက် ပူပူ မပူပဲ အေးမြဲ အေးနေတတ် ပြီးတော့ ပုလင်းကွဲဟာ နေဒဏ်ကို မခံနိုင်ပါပဲ ပူလာတယ်" လို့ ရှင်းပြလိုက် ပါတော့တယ်။

ဒီလိုပါပဲ။ လူတယောက် အနေနဲ့ ထစ်ခနဲ ရှိဒေါသ ထွက်တယ် စိတ်ဆိုးတယ် ကိုယ့်ခံစားချက်ကို မျိုသိပ်မထားနိုင်ဘူး ဆိုရင် သူဟာ စိန်အစစ် မဟုတ်ပါဘူး။ သူဟာ ပုလင်းကွဲသာ ဖြစ်ပါမယ်။ Crd

Post a Comment

0 Comments