တခါတုန်းက လူတယောက်ဟာ အိမ်နောက်ဘက် ကွက်လပ်မှာ နွားတကောင်နဲ့ ဆီဆုံ လှည့်နေရင်း ခဏ ထားခဲ့ပြီး အိမ်ရှေ့မှာ ရေနွေးကြမ်း ငှဲ့သောက်နေ သတဲ့။
အဲဒီတုန်းမှာ လမ်းပေါ်မှာ လူစိမ်း ဧည့်သည်တယောက် ဖြတ်လာတာ မြင်လို့ ရေနွေးကြမ်းသောက် လှမ်းဖိတ်လိုက် သတဲ့။
သူ့အရပ် ကိုယ့်ဒေသ မိုးလေဝသ အကြောင်း၊ စိုက်ရေးပျိုးရေး အကြောင်း အလ္လာပ သလ္လာပတွေ ပြောနေကြရင်း အိမ်ရှင်က ကြမ်းပြင်ကို နှင်တံ (နွားကန်) နဲ့ ဗြန်းကနဲ ရိုက်လိုက်တယ်။ ပြီးတော့ စကား ဆက်ပြောကြ ပြန်တယ်။
တအောင့်လောက် အကြာ ကြမ်းပြင်ကို ရိုက်လိုက်ပြန်ရော ဧည့်သည် လူစိမ်းလည်း အိမ်ရှင်ရဲ့ ထူးဆန်းတဲ့ အပြုအမူကြောင့် အကြောင်းရင်းကို မေးကြည့်မိ သတဲ့။
"မေးစမ်းပါရစေဦး နောင်ကြီးရယ်၊ စကားပြောနေရင်း နောင်ကြီးက ကြမ်းပြင်ကို ခဏခဏ တဗြန်းဗြန်း ရိုက်နေတာ ဘာသဘောလဲဗျ" ဆိုတော့ အိမ်ရှင်က
"ဒီလိုဗျ။ ကျုပ်က အိမ်နောက်ဖေးမှာ နွားနဲ့ ဆီပွတ် နေတာလေ။ ခလောက်သံက တိတ်သွားတော့ ဒီနွားက ဆုံမလှည့်ပဲ ရပ်နေလို့ ကျုပ်က နှင်တံရိုက် အသံ ပေးနေရတာ။
ကိုင်း အခု ကျုပ်နွားရဲ့ ခလောက်သံကို မိတ်ဆွေ ကြားတယ် မဟုတ်လား၊ သူ ဆုံလှည့် နေပြီလေ"
လူစိမ်းက ဘဝင် မကျသလိုနဲ့ "ဒီလိုဖြင့် နောင်ကြီးရယ် ခင်ဗျားရဲ့ နွားက ဆုံကို ဆွဲချင်ဟန် ဆောင်ပြီး ခြေစုံ ရပ်နေရင်းက ခေါင်းကို လှုပ်ရမ်းပြီး ခလောက်သံ ပေးနေရင် ရောဗျာ"
ဒီအခါမှာ အိမ်ရှင်က အခုလို ပြန်ပြောလိုက် ပါတယ်။ "ဒါကတော့ မိတ်ဆွေက လူဆိုတော့ လူလို တွေးတာကိုး ဗျ။ သူက နွားလေဗျာ နွားလိုပဲ တွေးတော့မှာပေါ့" တဲ့။
တိရစ္ဆာန်ဟာ တိရိစ္ဆာန်အတွေးပဲ တွေးတတ်ပြီး တိရိစ္ဆာန်အလုပ်ပဲ လုပ်တတ်ပါတယ်။ လူထုဦးလှ မြန်မာ့ရိုးရာ ပုံပြင်များမှ။ Crd
Zawgyi
လူလို မတွေးတဲ့ နွား
တခါတုန်းက လူတယောက်ဟာ အိမ်နောက်ဘက် ကွက်လပ်မှာ နွားတကောင်နဲ့ ဆီဆုံ လှည့်နေရင်း ခဏ ထားခဲ့ပြီး အိမ်ရှေ့မှာ ရေနွေးကြမ်း ငှဲ့သောက်နေ သတဲ့။ အဲဒီတုန်းမှာ လမ်းပေါ်မှာ လူစိမ်း ဧည့်သည်တယောက် ဖြတ်လာတာ မြင်လို့ ရေနွေးကြမ်းသောက် လှမ်းဖိတ်လိုက် သတဲ့။
သူ့အရပ် ကိုယ့်ဒေသ မိုးလေဝသ အကြောင်း၊ စိုက်ရေးပျိုးရေး အကြောင်း အလ္လာပ သလ္လာပတွေ ပြောနေကြရင်း အိမ်ရှင်က ကြမ်းပြင်ကို နှင်တံ (နွားကန်) နဲ့ ဗြန်းကနဲ ရိုက်လိုက်တယ်။ ပြီးတော့ စကား ဆက်ပြောကြ ပြန်တယ်။
တအောင့်လောက် အကြာ ကြမ်းပြင်ကို ရိုက်လိုက်ပြန်ရော ဧည့်သည် လူစိမ်းလည်း အိမ်ရှင်ရဲ့ ထူးဆန်းတဲ့ အပြုအမူကြောင့် အကြောင်းရင်းကို မေးကြည့်မိ သတဲ့။
"မေးစမ်းပါရစေဦး နောင်ကြီးရယ်၊ စကားပြောနေရင်း နောင်ကြီးက ကြမ်းပြင်ကို ခဏခဏ တဗြန်းဗြန်း ရိုက်နေတာ ဘာသဘောလဲဗျ" ဆိုတော့ အိမ်ရှင်က "ဒီလိုဗျ။ ကျုပ်က အိမ်နောက်ဖေးမှာ နွားနဲ့ ဆီပွတ် နေတာလေ။
ခလောက်သံက တိတ်သွားတော့ ဒီနွားက ဆုံမလှည့်ပဲ ရပ်နေလို့ ကျုပ်က နှင်တံရိုက် အသံ ပေးနေရတာ။ ကိုင်း အခု ကျုပ်နွားရဲ့ ခလောက်သံကို မိတ်ဆွေ ကြားတယ် မဟုတ်လား၊ သူ ဆုံလှည့် နေပြီလေ"

0 Comments