ပြောင်းလဲလာတဲ့ခေတ်

ဒီဘက်ခေတ်မှာ လက်မထပ်တဲ့ သူတွေက လက်ထပ် ထားတဲ့ အတိုင်း အတူတူ နေကြတယ်။ လက်ထပ်ထားတဲ့ သူတွေက လက်မထပ်ထား သလိုပဲ ခွဲနေ ကြတယ်။

တိတ်တိတ်ပုန်းက မယားကြီးထက် ပိုချစ်ပြလာ ကြတယ်။ မယားကြီးက စွန့်ပစ် ခံရမှာ ကြောက်လို့ အချိန်ပြည့် စိုးထိတ်နေ ကြရတယ်။ ကလေးတွေက လူကြီးတွေလို ရင့်ကျက်(၁၈+) လာကြတယ်။ လူကြီးက ကလေးလို ငယ်မူ ပြန်ချင် ကြတယ်။

မိန်းကလေးက ယောက်ျားလေးလို မိုက်ရဲလာ ကြတယ်။ ယောက်ျားလေးက မိန်းကလေးလို ခြောက်လာ ကြတယ်။ အိမ်ထောင် မကျခင်က မိန်းမက Secretary လုပ်တယ်။ အိမ်ထောင် ကျပြီး Secretary က မိန်းမ လုပ်တယ်။

ဆင်းရဲတဲ့ လူတွေက အသား စားချင်တယ်။ ချမ်းသာတဲ့ လူတွေက အရွက် စားတယ်။ ချမ်းသာတဲ့ လူတွေက ပိန်ချင်တယ်။ ဆင်းရဲတဲ့ လူက ဝချင်တယ်။ တိရစ္ဆာန်တွေက လူတွေလို အင်္ကျီ ဝတ်လာတယ်။ လူတွေက တိရစ္ဆာန်တွေလို အသားတွေ ပေါ်လာကြတယ်။

ဆင်းရဲသားက ဂုဏ်အတွက် သူဌေးလို ဟန်ဆောင် လာကြတယ်။ သူဌေးသားက အသက်အတွက် ဆင်းရဲသားလို ဟန်ဆောင်လာ ကြတယ်။

သူဌေးတွေက မမြတ်ဘူး လို့ ညည်းပြီး တိုက်တွေ တလုံးပြီး တလုံး ဖြစ်လာတယ်။ လခ စားတွေက လစာ ထုတ်ရင် ပျော်ပြီး လုံးပါး ပါးလာ ကြတယ်။

တဖြည်းဖြည်း နားလည်လာတာက ငွေသုံးထောင်တန် လက်ပတ် နာရီနဲ့ သိန်းသုံးရာတန် လက်ပတ်နာရီရဲ့ အချိန်က အတူတူ ပါပဲ။ ငါးရာတန် ဆေးလိပ်နဲ့ ငါးသိန်းတန် ဆေးလိပ် ကင်ဆာ ဖြစ်ပုံခြင်း အတူတူပဲ။

ပေသုံးဆယ် ပတ်လည် အိမ်နဲ့ သုံးရာ ပတ်လည်အိမ် အထီးကျန် ရတာခြင်းက အတူတူပဲ။ ရိုးရိုးတန်းမှ စီးတာနဲ့ BUSSINESS Class မှာ စီးတာချင်း Accident ဖြစ်ရင် အိမ် မပြန်ရတာခြင်း အတူတူ ပါပဲ။

တနေ့တော့ မိတ်ဆွေလည်း နားလည်လာပါ လိမ့်မယ်။ ကျနော်တို့ တကယ် လိုချင်နေတဲ့ အရာတွေက တကယ် လိုအပ်နေ တာလား၊ ဒါမှမဟုတ် ကျနော်တို့ မရှာဖွေမိ ခဲ့တဲ့ ပျော်ရွှင်မှုကပဲ တကယ် လိုအပ်ခဲ့ တာလား။

လိုချင်လျှင် ဆင်းရဲသည်၊ မလိုချင်လျှင် ချမ်းသာသည် ဆိုတဲ့ စကားလေးအတိုင်း တခါတလေ ဘဝမှာ ရောင့်ရဲ တင်းတိမ်မှု ဆိုတာ လိုအပ်လာ ပါလိမ့်မယ်။

မိတ်ဆွေ ဘယ်သူနဲ့ နေရတာ ပျော်သလဲ။ ထိုသူ ဘေးမှာပဲ ထာဝရ လက်မလွှတ်ဘဲ ပျော်ပျော် ရွှင်ရွှင် နေထိုင်သွားပါ။ လူ့အဖြစ်က ရခဲလှပါတယ်။ ဘဝခြေလှမ်း တလှမ်းချင်းစီ တိုင်းကို ချစ်တတ် မြတ်နိုးတတ် ပါစေ။ Crd မာယာများသောလောက

Post a Comment

0 Comments