ဗျိုင်းတို့တွင် အဖိုမရှိ အားလုံး အမတွေချည်းသာ

လူပဲ ဖြစ်စေ ခွေးပဲ ဖြစ်စေ ဘယ်သတ္တဝါ မဆို အဖိုရယ် အမရယ်လို့ နှစ်မျိုးစီ ရှိတတ် ကြပါတယ်။ ဒါပေမဲ့ ဗျိုင်းတို့ မှာတော့ကား အဖိုဟူ၍ မရှိ၊ အားလုံး အမတွေ ချည်းသာ ဖြစ်ပါတယ်။ ဒါဆို ဗျိုင်းမတွေ ဘယ်လိုကြောင့် ဥ ဥနိုင်ကြတာလဲ ဆိုတဲ့ မေးခွန်း တက်လာနိုင်စရာ အကြောင်း ရှိပါတယ်။

အဲဒီအတွက် အဖြေကတော့ ဗျိုင်းမ တွေဟာ ဥတုလာချိန်မှာ မိုးခြိမ်းသံကို သာယာပြီး ကိုယ်ဝန် ယူကြရ ပါတယ်။ ဗျိုင်းတင်မဟုတ်ပါ။ ကြက်မတွေလည်း ရံဖန်ရံခါ ကြက်ဖ တွန်သံကို သာယာပြီး ကိုယ်ဝန် ယူတတ် ကြပါတယ်။ နောက်ပြီး အချို့သောနွားမများ ဟာလည်း နွားလား ဥဿဖ၏ အသံကို သာယာပြီး ကိုယ်ဝန် ယူတတ် ကြပါတယ်။

အဲဒီအကြောင်းကို ကျမ်းဂန်မှာ ဒီလိုဆို ထားပါတယ်။ "ဗလာကာသု ပန ပုရိသော နာမ နတ္တိ၊ တာ ဥတုသမယေ မေဃသဒ္ဒံ သုတွာ ဂဗ္ဘံ ဂဏှန္တိ။ ကုက္ကုဋိယောပိ ကဒါစိ ဧကဿ ကုက္ကဋဿ သဒ္ဒံ သုတွာ ဗဟုကာပိ ဂဗ္ဘံ ဂဏှန္တိ၊ တထာ ပိ ဂါဝီ ဥသဘဿ" ဟုဆိုပါတယ်။ အဓိပ္ပါယ် ကတော့ အထက်က ဆိုခဲ့တဲ့ အတိုင်းပါပဲ။

ကိုယ်ဝန်တည်ခြင်းဟာ များသောအားဖြင့် ကာမ ကိစ္စနဲ့ ကိုယ်ဝန် တည်တတ် ကြသော်လည်း အချို့ အချို့တွေမှာ ကိုယ်လက်နှီး နှောခြင်း စသော အခြားသော အကြောင်း (၇) မျိုးနှင့် ကိုယ်ဝန် ယူတတ်တာလည်း ရှိကြ ပါသေးတယ်။

စာရှည်မှာ စိုးလို့ အဲဒီ (၇) မျိုး အနက် ရုပ်ကို မြင်မိ၍ ကိုယ်ဝန် တည်ခြင်း၊ အသံကို ကြားမိ၍ ကိုယ်ဝန် တည်ခြင်းနှင့် အနံ့ကို ရှုမိ၍ ကိုယ်ဝန်တည်ခြင်း (၃) မျိုး လောက်သာ ပြောပြချင် ပါတယ်။

အသံကို ကြား၍ ကိုယ်ဝန်တည်ခြင်း ကတော့ ပြောပြီး ပါပြီ။ အဲဒီမှာ အနည်းငယ် ဗဟုသုတ အဖြစ် ပြောရမယ် ဆိုရင် တခါက ကြက်မွေးမြူရေး ခြံတခြံမှ ကြက်ဥများသည် အလွန် သေးငယ်သော ကြက်ဥတွေချည်း ဥသည်ဟု ဆို သည်။ အဘယ့်ကြောင့် ကြက်ဥတွေ အရမ်း သေးနေကြပါသလဲ လို့ အမျိုးမျိုး ကြံဆတွေး တောပြီး နောက်ဆုံးမှ အဖြေ တွေ့သည်ဟု ဆိုပါသည်။

ထိုကြက်ခြံ၏ အနီး အိမ်တအိမ်မှာ တိန်ညင်ကြက်ဖများ ရှိသည် ဟု ဆို၏၊ ထိုတိန်ညင် ကြက်ဖလေးတွေရဲ့ ချိုသာလွန်းတဲ့ တွန်သံကို သာယာပြီး ကြက်မတွေမှာ တိန်ညင်ကြက်ဥလေး တွေချည်း ဥကြတယ် လို့ ဆိုပါတယ်။ (ဒါက အသံကြောင့် ကိုယ်ဝန်တည်ခြင်းပါ)

တခါက ဘုရင့်သမီးတော် တယောက်ကို ဘယ်အမျိုးသားနဲ့မှ ထိတွေ့ခွင့် မရအောင် အစောင့်အကြပ် ထူထပ်စွာ ချထားခဲ့ပါတယ်။ တနေ့မှာ ထိုဘုရင့် သမီးတော်လေး ကိုယ်ဝန် ရှိလာပါတယ်။

ဘုရင်ကြီးလည်း ဒေါသထွက်၊ နန်းတော် တခုလုံး အုံးအုံးကျက်ကျက် ဖြစ်သွားလေတယ်။ ဘယ်အမျိုးသားနဲ့မှ ထိတွေ့ခြင်း မရှိပါပဲလျက် အဘယ့်ကြောင့် ကိုယ်ဝန် ရနေပါသလဲ။

ကိုယ်ဝန်ရခြင်း အကြောင်းကို အမျိုးမျိုး လေ့လာ ကြပါတယ်။ နောက်ဆုံးတော့ ဘုရင့်သမီးတော် ရာသီဥတု လာပြီးစ အချိန် ဘုရင့်ထံ အခစား ဝင်လာသော လက်မောင်းကြွက်သားများ တောင့်တင်း ခိုင်မာသော စစ်သည်တော် တဦးကို မြင်လိုက်မိ သဖြင့် စိတ်ထဲမှာ သာယာသွား သောကြောင့် ကိုယ်ဝန် ရကြောင်း အဖြေ တွေ့ခဲ့ရ ပါတယ်။

ဒီနေရာမှာ ဗဟုသုတ အဖြစ် အခြားထူးခြားမှု တခု ပြောပြချင် ပါသေးတယ်။ မွတ်စလင် လုံးဝ မရှိသော ဒေသတခုမှာ အမျိုးသမီး တယောက် အသားမဲမဲ မွတ်စလင်လေး တယောက် မွေးလာတယ် လို့ ဆိုပါတယ်။

ဒီကိစ္စ တရွာလုံး တနယ်လုံး အုံးအုံးကျက်ကျက် ဖြစ်သွားပါတယ်။ ဒီအမျိုးသမီးဟာ ဘယ်မှ ခရီးထွက်သူ မဟုတ်လို့ မွတ်စလင် တယောက်ယောက်ကြောင့်မဟုတ်ဖူး ဆိုတာတော့ လုံးဝ သေချာတယ်။

နောက်ဆုံး ဗဟုသုတ ရှိတဲ့ လူတယောက်က သူ့အိပ်ခန်း ဝင်ကြည့်လိုက် တော့မှ အဖြေ တွေ့ရတယ်။ အမျိုးသမီး အိပ်တဲ့ ခြေရင်းက နံရံမှာ သန်သန်မာမာ မဲတုန်းတုန်း ကလားကြီးတယောက်ရဲ့ ပြက္ခဒိန် ချိတ်ထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ထိုအမျိုးသမီးဟာ အိပ်ယာ ဝင်တိုင်း ခြေရင်း နံရံမှာ ချိတ်ထားတဲ့ ကလားကြီးပုံကို အမြဲ တွေ့မြင်နေ ရတာကြောင့် (အတွေးနဲ့သာယာပြီး) ဒီလို ဖြစ်သွားတယ် လို့ ဆိုပါတယ်။ (ဒါဟာ ရုပ်ကိုမြင်၍ ကိုယ်ဝန်ရခြင်း ဖြစ်ပါတယ်)

နွားမ တွေဟာ ရံဖန်ရံခါ နွားလား ဥဿဖတို့၏ အနံ့ကို ရှုပြီး ကိုယ်ဝန် ယူတတ်ကြတယ် လို့ ကျမ်းဂန်မှာ ဆိုထားပါတယ်။ (ဒါဟာ အနံ့ကို ရှု၍ ကိုယ်ဝန်ရခြင်း ဖြစ်ပါတယ်) ဗျိုင်းတွေ ကတော့ အထက်က ပြောခဲ့တဲ့ အတိုင်း မိုးခြိမ်းသံကို သာယာပြီး ကိုယ်ဝန် ယူကြတာကို ဓမ္မာစရိယ ရဟန်းသံဃာတော် တွေကတော့ သိပြီး ဖြစ်ပါတယ်။

မိုးတွေ ရွာခါနီး မိုးခြိမ်းသံနှင့် အတူ တိမ်မဲညိုတွေ တလိပ်လိပ် တက်လာစဉ်မှာ ဗျိုင်းမများ ပျံသန်း ပျော်မြူးနေကြတာ ကိုတော့ တွေ့ဘူးကြ လိမ့်မယ် လို့ ထင်ပါတယ်။

ဗဟုသုတ ရစေရန် ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။ စာရှည်သွားမှာ စိုးလို့ အခြား ပဋိသန္ဓေနေခြင်း အကြောင်းတွေ မရေးတော့ပါ။ ဗျိုင်း ဆိုရာမှာ ဗျိုင်းအောက်ကို ဆိုလိုပါသည်။ (ဝိ၊ဋ္ဌ၁၊၁၈၀) ဦးနန္ဒာစာရ မုံရွာ။ ဇာမဏီ

Post a Comment

0 Comments