ရသေ့ကြီးလိုစိတ် မွေးပါ

တခါတုန်းက မြစ်ကမ်းစပ် တခုမှာ ရသေ့ကြီးတပါး ရေချိုးနေတယ်။ အဲ့ဒီအချိန်မှာ ကင်းမြီးကောက် တကောင်ဟာ ထင်းချောင်းလေး တချောင်းကို ဖက်ပြီး ရေမျောလာတယ်။

ရသေ့ကြီးက ကင်းမြီးကောက်လေးကို မြင်တော့ လက်နဲ့ ဆယ်ယူ လိုက်တယ်။ ဒါပေမဲ့ ကင်းမြီးကောက်က အမြီးနဲ့ ထိုးတယ်။ ရသေ့က ပြန်ပြီးလွှတ်ချ လိုက်တယ်။

တခါ ပြန်ဆယ်တယ်၊ ကင်းမြီးကောက်က ထပ်ထိုးတယ်၊ ရသေ့ကြီးက ပြန်လွှတ်ချ လိုက်တယ်။

အဲ့ဒီလိုနဲ့ ၃ ခါလောက် ဆယ်လိုက် လွှတ်ချ လိုက်နဲ့ နောက်ဆုံးတော့ ကင်းမြီးကောက်လေးဟာ ကမ်းပေါ်ကို ရောက်ပြီး အသက်ဘေးမှ လွတ်သွား ခဲ့တယ်။

အဲ့ဒီလို ဆယ်လိုက် လွှတ်ချလိုက် ဆယ်လိုက် လွှတ်ချလိုက်နဲ့ လုပ်နေတဲ့ ရသေ့ကြီးကို ကမ်းပေါ်က လူတယောက်က ကြည့်ပြီး ရသေ့ကြီးကို ပြောတယ်။

"အရှင်ရသေ့၊ ကိုယ့်ကို ဒီလောက် အမြီးနဲ့ ထိုးနေတဲ့ ကင်းမြီးကောက်ကို ဘာလို့ ကယ်နေတာလဲ။ သူဟာသူ သေသေ ပစ်ထားလိုက် ပါ့လား" လို့ပြောတော့ ရသေ့ကြီးက

"ဒကာ၊ ကင်းမြီးကောက်တို့ သဘောက သူတပါးကို ထိုးတဲ့ အလုပ်၊ ငါက သူတပါးကို ကယ်တဲ့ အလုပ်။ သူလည်း သူ့အလုပ် သူလုပ်တာပဲ၊ ငါလည်း ငါ့အလုပ် ငါလုပ်တာပဲ။ အခုတော့ သူ့အလုပ်လည်း ပြီးသွားပြီ၊ ငါ့အလုပ်လည်း ပြီးသွားပါပြီ" လို့ ပြန်ပြီး အဖြေပေး လိုက်ပါတယ်။

ကျွန်တော်တို့ လူ့လောကကြီး မှာလည်း ကင်းမြီးကောက်လို လူတွေ အများကြီး ရှိပါတယ်။

ကိုယ့်ကို ကယ်လို့ ကယ်နေမှန်း မသိ၊ ကူလို့ ကူနေမှန်း မသိ၊ တပါးသူကို အပြစ်တင် ပုတ်ချခြင်းဖြင့် သူတို့ဘဝကို တည်ဆောက်နေ ကြတယ်။ တပါးသူကို ဒုက္ခပေးပြီး ရယူတဲ့ အောင်မြင်မှု ကလည်း ရေရှည် မတည်တံ့ နိုင်ပါဘူး။

ကူညီခြင်းဖြင့် ရှင်သန်ပါ။ ကြိုးစားခြင်းဖြင့် အောင်မြင်ပါ။ crd 99Snay

Zawgyi

ရေသ့ႀကီးလိုစိတ္ေမြးပါ

တခါတုန္းက ျမစ္ကမ္းစပ္ တခုမွာ ရေသ့ႀကီးတပါး ေရခ်ိဳးေနတယ္။ အဲ့ဒီအခ်ိန္မွာ ကင္းၿမီးေကာက္ တေကာင္ဟာ ထင္းေခ်ာင္းေလး တေခ်ာင္းကို ဖက္ၿပီး ေရေမ်ာလာတယ္။

ရေသ့ႀကီးက ကင္းၿမီးေကာက္ေလးကို ျမင္ေတာ့ လက္နဲ႔ ဆယ္ယူ လိုက္တယ္။ ဒါေပမဲ့ ကင္းၿမီးေကာက္က အၿမီးနဲ႔ ထိုးတယ္။ ရေသ့က ျပန္ၿပီးလႊတ္ခ် လိုက္တယ္။ တခါ ျပန္ဆယ္တယ္၊ ကင္းၿမီးေကာက္က ထပ္ထိုးတယ္၊ ရေသ့ႀကီးက ျပန္လႊတ္ခ် လိုက္တယ္။

အဲ့ဒီလိုနဲ႔ ၃ ခါေလာက္ ဆယ္လိုက္ လႊတ္ခ် လိုက္နဲ႔ ေနာက္ဆုံးေတာ့ ကင္းၿမီးေကာက္ေလးဟာ ကမ္းေပၚကို ေရာက္ၿပီး အသက္ေဘးမွ လြတ္သြား ခဲ့တယ္။

အဲ့ဒီလို ဆယ္လိုက္ လႊတ္ခ်လိုက္ ဆယ္လိုက္ လႊတ္ခ်လိုက္နဲ႔ လုပ္ေနတဲ့ ရေသ့ႀကီးကို ကမ္းေပၚက လူတေယာက္က ၾကည့္ၿပီး ရေသ့ႀကီးကို ေျပာတယ္။

"အရွင္ရေသ့၊ ကိုယ့္ကို ဒီေလာက္ အၿမီးနဲ႔ ထိုးေနတဲ့ ကင္းၿမီးေကာက္ကို ဘာလို႔ ကယ္ေနတာလဲ။ သူဟာသူ ေသေသ ပစ္ထားလိုက္ ပါ့လား" လို႔ေျပာေတာ့ ရေသ့ႀကီးက

"ဒကာ၊ ကင္းၿမီးေကာက္တို႔ သေဘာက သူတပါးကို ထိုးတဲ့ အလုပ္၊ ငါက သူတပါးကို ကယ္တဲ့ အလုပ္။ သူလည္း သူ႔အလုပ္ သူလုပ္တာပဲ၊ ငါလည္း ငါ့အလုပ္ ငါလုပ္တာပဲ။ အခုေတာ့ သူ႔အလုပ္လည္း ၿပီးသြားၿပီ၊ ငါ့အလုပ္လည္း ၿပီးသြားပါၿပီ" လို႔ ျပန္ၿပီး အေျဖေပး လိုက္ပါတယ္။

ကြၽန္ေတာ္တို႔ လူ႔ေလာကႀကီး မွာလည္း ကင္းၿမီးေကာက္လို လူေတြ အမ်ားႀကီး ရွိပါတယ္။ ကိုယ့္ကို ကယ္လို႔ ကယ္ေနမွန္း မသိ၊ ကူလို႔ ကူေနမွန္း မသိ၊ တပါးသူကို အျပစ္တင္ ပုတ္ခ်ျခင္းျဖင့္ သူတို႔ဘဝကို တည္ေဆာက္ေန ၾကတယ္။ တပါးသူကို ဒုကၡေပးၿပီး ရယူတဲ့ ေအာင္ျမင္မႈ ကလည္း ေရရွည္ မတည္တံ့ ႏိုင္ပါဘူး။

ကူညီျခင္းျဖင့္ ရွင္သန္ပါ။ ႀကိဳးစားျခင္းျဖင့္ ေအာင္ျမင္ပါ။

crd 99Snay

Post a Comment

0 Comments