ပျားနှင့် ယင်ကောင်

တခါတုန်းက ပျားတကောင်နဲ့ ယင်ကောင်တကောင်ဟာ ပျံသန်းရင်း လမ်းမှာ ဆုံကြတော့ ပျားက လမ်းလွှဲ သွားတယ်။

ဒါကို ယင်ကောင်က သိတော့ ဒီကောင်တွေ ဒါသက်သက် လုပ်သွားတာ ဆိုပြီး ပျားရှိရာကို လိုက် ပျံသန်း လာတယ်။

"ဟေ့ကောင်ပျား မင်းဘာလို့ ငါ့ကို ရှောင်ကွင်း သွားတာလဲ" "မင်းတို့အနား မကပ်ချင်လို့ ပေါ့ကွ" "ဘာလဲ ငါတို့က နူနေလို့လား"

"မဟုတ်ပါဘူး။ ငါ့တို့ရဲ့ သဘာဝက မတူညီကြ ဘူးလေ။ မင်းလည်း အတောင်တွေနဲ့ ပျံသန်းတယ်၊ ငါလည်း အတောင် တွေနဲ့ပျံသန်းတယ်။ ဒါပေမယ့် ငါ့တိုဟာ မိတ်ဆွေ မဖြစ်ထိုက် ကြဘူး။

ပျားဆိုတဲ့ ငါတို့က ပန်းဝတ်ရည်တွေ စုပ်တယ်။ ပြီးရင် ပျားအိမ်မှာ ပျားရည်ကို စုကြတယ်။ မင်းတို့ ယင်ကောင်တွေ ကတော့အညစ်အကြေးတွေ အညှီ အဟောက်တွေမှာ မွေ့ပျော် ကြတယ်။

ငါတို့ ပျားတွေက တဖြောင့်တည်း ပျံသန်းတယ်။ မင်းတို့ ယင်ကောင်တွေ ကတော့ တဝဲလည်လည် ပျံသန်းတယ်။

ငါတို့ ပျားတွေက ကိုယ့်စုပ်ယူမယ့် ပန်းခင်းကို တပါတ် ပါတ်ပြီးမှ ဝတ်ရည် စုပ်တယ်။ မင်းတို့ ယင်ကောင်တွေက အညစ်အကြေးတွေ ရှိရာဆီ တန်းတန်း မတ်မတ် သွားလာ ပျံသန်း ကြတယ်။

ငါတို့က လူတွေကို မင်းတို့လို အဆိပ်နဲ့ မတုန့်ပြန် ပါဘူး။ ငါ့တို့ အဆိပ်က ငါတို့ရဲ့ အားထုတ်မှု အပေါ်မှာ ကာကွယ်ဖို့ သဘာဝက ပေးထားတာပါ။

ငါ့တို့ပျားတွေက ချွေးနံ့ကို မုန်းတယ်။ အညစ်အကြေးတွေကို ရှောင်တယ်။ မင်းတို့ရဲ့ နူတ်သီးတွေ ခြေလက်တွေကမှ လူတွေအတွက် တကယ့် အဆိပ်ပါကွာ။

သေချာတာကတော့ ငါတို့ဟာ မတူညီတဲ့ ဖြတ်သန်းမှုတွေ နဲ့ပါ။ မင်းလည်း မင်းဘာသာ မင်းနှစ်သက်တဲ့ အညစ်အကြေးတွေကြားမှာ ပျော်ပါ။ ငါလည်း ငါနှစ်သက်တဲ့ အေးချမ်း သာယာခြင်းတွေ ကြားမှာ ပျော်မွေ့မယ်

သင်ခန်းစာ။ ။ ဘဝဆိုတဲ့ အရိပ်အောက်မှာ တူရာ တူရာ စုကြတယ် ဆိုပေမယ့် ယင်ကောင်လို အညှီအဟောက်တွေ ထဲမှာ ပျော်မွေ့နေသူ နဲ့လည်း ကြုံမယ်၊ ပျားလို အေးချမ်း သာယာတဲ့ နေရာကိုမှ နှစ်သက်တဲ့ လူတွေနဲ့လည်း ဆုံမယ်။

ဖြတ်သန်းပုံနဲ့ ခံယူချက် မတူညီကြတဲ့ ဘဝမှာ ကိုယ့်က ဘယ်လိုမျိုးလဲ ဆိုတာ ကိုယ့်ကိုယ်ကို မေးကြည့်သင့်ပါတယ်။ Crd

Post a Comment

0 Comments