လှပခြင်း အစစ်အမှန်

တနေ့သော အခါ ကျားသစ် တကောင်ဟာ သူ့ရဲ့ အစက် အပြောက်တွေ ပိုင်ဆိုင် ထားတဲ့ အမွှေးတွေကို သူ့ကိုယ်သူ ချီးကျူးနေတာကို မြေခွေး တကောင်က နားစွန် နားဖျား ကြားလိုက် မိတယ်။

ထိုအခါ မြေခွေးက ကျားသစ်ကို "သင်ဟာ လှကောင်း လှနေ ပေလိမ့်မည်။ သင့်ရဲ့ အလှက ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အလှသာ ဖြစ်တယ်။ ကျွန်ုပ်ရဲ့ အလှ ကတော့ စိတ်ပိုင်းဆိုင်ရာ အလှ ဖြစ်သည်" လို့ မြေခွေးကို ကျားသစ်ကို ပြောလိုက် ပါတော့တယ်။

ကျနော်တို့ လူ့ပတ်ဝန်းကျင် မှာလည်း လူတချို့ဟာ သူတို့ကို လှတယ်ဟု ပြောလာအောင် တခုခု လုပ်ဆောင်၍ မသိမသာ ဟန်အမူအရာဖြင့် ပြတတ်လေ့ ရှိပါတယ်။ ကိုယ့်ကို လှတယ်ဟု ပြောလာအောင် မသိမသာ အမူအရာ ပြတတ် ကြပါတယ်။

တချို့ကတော့ ပြင်ပ ဝတ်ဆင်မှုများကို ကြည့်၍ ပေါင်းသင်း ကြတယ်။ လှ မလှ ဆုံးဖြတ်တတ် ကြတယ်။ ရုပ်လှပမှု ကို ကြည့်ပြီး ပေါင်းသင်း ဆက်ဆံတတ် ကြပါတယ်။

အဲဒီလို ပြင်ပ လှပမှုကို ကြည့်ပြီး ပေါင်းသင်း ဆက်ဆံတတ် ကြတဲ့ လူတချို့ဟာ မိမိလည်း ပြင်ပလှအောင် တန်းတူ ဖြစ်လာအောင် ပြုလုပ်ရင်းနဲ့ အသိတရားမဲ့၊ ငွေကြေးတွေ ပိုပြီး ကုန်ကျမှု များလာတတ် ပါတယ်။

ပစ္စည်းတွေ အသစ်အဆန်း ထွက်လေ မိမိမှာ ပိုပြီး လိုချင် တောင့်တလေသာ ဖြစ်တတ် ကြပါတယ်။ ယောက်ျားလေး၊ မိန်းကလေး ဆိုပြီး ခွဲခြား မပြောတော့ပါ။

လူသား တွေဟာ ပြင်ပ လှပမှု တွေကို စိတ်ဝင်စား လာရင် အဝတ်အစား အသုံးအဆောင် စသည့် အမျိုးမျိုးသော ပစ္စည်းတွေ အသစ်အဆန်း ထွက်ပေါ်လာသည်နှင့် အမျှ ဝယ်ယူသုံးစွဲ လာကြတတ် ပါတယ်။

အသစ်အဆန်းတွေ ဝယ်ယူပြီး ဝတ်ဆင်ပါ။ သို့သော် လိုအပ်သည်ထက် မဝယ်ယူဖို့။ ငွေကြေးတွေကို မဖြုန်းတီးဖို့ လိုအပ်လှ ပါတယ်။ ပြင်ပ လှပမှုဟာ အချိန် ခဏတာ အတွင်းမှာသာ လှပနေမှာ ဖြစ်ပါတယ်။ စိတ်ရဲ့ လှပမှု မှသာ တာရှည်စွာ ရှိနေမှာ ဖြစ်ပါတယ်။

ဘယ်လောက်ပဲ အရုပ်ဆိုးနေသူ ဖြစ်ပါစေ စိတ်လှသူ တယောက်အတွက် မိတ်ဆွေ ကောင်းတွေလည်း ရရှိတတ် ပါတယ်။ အတွင်းစိတ် နှလုံးသား လှပသူ တယောက်အတွက် နေရာကောင်း၊ မိတ်ဆွေကောင်းတွေ မရှားပါ။

လူအများစု ကလည်း စိတ်နှလုံးသား ကောင်းတဲ့ သူများနှင့် ပေါင်းသင်း ဆက်ဆံတတ် ကြပါတယ်။ ထို့ကြောင့် ပြင်ပ လှပမှု ထက် အတွင်းစိတ်နှလုံးသား လှပအောင် ပြုမူပြောဆို နေထိုင်သင့်ပါတယ်။

စိတ်နှလုံးသား လှပသော လူကောင်း လူမွန်များ ဖြစ်နိုင်ကြပါစေ။ KaungChit

Post a Comment

0 Comments