တစ်ခါတရံ ကလေးတွေရဲ့ ကျန်းမာအရေးအတွက် လေတက်ဖို့ လိုအပ်ပါတယ်။ လေမတက်တဲ့အခါ ကလေးတွေမှာ နာကျင်မှု ခံစားရပါတယ်။ အဲဒါကြောင့် ကလေးတွေကို လေမြန်မြန်တက်အောင် ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။
နည်းလမ်း ၁
ကလေးရဲ့မေးစေ့ကို သင့်ပုခုံးပေါ်မှာ တင်ထားပါ။ ကလေးရဲ့တင်ပါးကို သင့်လက်နဲ့ ထိန်းထားပေးပါ။ ပြီးရင် လက်တစ်ဖက်နဲ့ ကလေးရဲ့ကျောကို ညင်ညင်သာသာ ပွတ်သပ်ပေးပါ။
နည်းလမ်း ၂
ကလေးကို သင့်ပေါင်ပေါ်မှာ ထိုင်ခိုင်းထားပါ။ ကလေးရဲ့ခန္ဓာကိုယ်ကို ရှေ့ကို နည်းနည်းကိုင်းလိုက်ပြီး သင့်လက်ချောင်းလေးတွေနဲ့ ကလေးရဲ့ မေးစေ့နဲ့ မေးရိုးကို ညင်ညင်သာသာ ပွတ်သပ်ပေးပါ။ နောက်လက်တစ်ဖက်နဲ့ ကလေးရဲ့နောက်ကျောကို ပွတ်သပ်ပေးပါ။
နည်းလမ်း ၃
ကလေးကို သင့်ပေါင်ပေါ်မှာ မှောက်လိုက်ပါ။ ကလေးရဲ့ခေါင်းကို အောက်ကို မငိုက်ကျသွားအောင် သတိပြုပါ။ ပြီးရင် ကလေးရဲ့နောက်ကျောကို ညင်ညင်သာသာပွတ်သပ်ပေးပါ။ ဒါမှမဟုတ် ဖွဖွလေးရိုက်ပေးလို့လည်း ရပါတယ်။
ကလေးကို လေတက်အောင်ပြုလုပ်ရာမှာ သတိထားသင့်တဲ့အချက်များ
၁။ အစားစားပြီးတိုင်း ကလေးက လေမတက်ပါဘူး။ အချို့ကလေးတွေက လေအရမ်းတက်ပေမယ့် အချို့ကလေးတွေကတော့ ကြာကြာနေမှ တစ်ခါသာ လေတက်ပါတယ်။ အဲဒါကြောင့် လေတက်အောင် အတင်းအကြပ် မပြုလုပ်သင့်ပါဘူး။
၂။ ကလေးက လေတက်နေတုန်းမှာ နို့တွေ အန်လာတတ်ပါတယ်။ အဲဒီအခါ သင့်ပုခုံးပေါ်ကို မပေသွားအောင် အဝတ်စလေးတစ်ခု ခံထားပါ။
၃။ သင့်ကလေး လေတက်လာအောင် အထက်ပါနည်းလမ်း တစ်ခုတည်းကို မသုံးဘဲ နည်းလမ်းသုံးမျိုးလုံးကို အသုံးပြုပါ။
Zombie (lovemedia)
0 Comments