ပတ်ဝန်းကျင် ဆိုတာ

ကိုယ်က သူတို့ထက် တနေရာရာမှာ သာနေရင် ကိုယ့်အားနည်းချက် တခုကို မရ ရအောင် ရှာပြီး ပုံကြီးချဲ့ ထောက်ပြတတ် တာမျိုး။

ကိုယ့်ရဲ့ ထူးချွန်မှုကို လက်ခုပ် တီးပေးဖို့ ဝန်လေးကြ ပေမယ့် ကိုယ် ကျရှုံးတဲ့ အခါ လက်ညှိုး ထိုးပြီး ဟာသ လုပ်တတ်ကြ တာမျိုး။

ကိုယ် ထီပေါက်ပြီး ပိုက်ဆံ ဝေကြည့် ပါလား။ သဘော ကောင်းလိုက်တာ ပိုပြီး ချမ်းသာပါစေ ဆိုပြီး မေတ္တာ ပို့ပေးကြ လိမ့်မယ်။ အဲ့ဒီ ပိုက်ဆံ ကုန်တဲ့ အချိန် ရောက်ရင် ကိုယ့်ရဲ့ မကောင်းကြောင်းကို အတင်း အုပ်တတ် ကြတာမျိုး။

ကိုယ်တွဲတဲ့ ရည်းစား အကြောင်း သူတို့က ပိုသိပြီး သူတို့က ကိုယ့်မိသားစုထက် ကိုယ့်တို့ အကြောင်းကို ပိုပြီး စိတ်ဝင်စား နေကြတာမျိုး။ အားနည်း နေပြရင် ပိုထိုးနှက်မယ်။ ဝမ်းနည်း နေပြရင် ပိုကဲ့ရဲ့မယ်။ ရှက်သလို နေပြရင် ပို ဖိနှိပ် လာမယ်။

အဲ့ဒီလို အသိဉာဏ် မရှိ သာယာ ညာပေါင်း ပတ်ဝန်းကျင် ကြောင့်တော့ ကိုယ့်စိတ်ကို မညှင်းဆဲ ပါနဲ့။ သူတို့ ဘာလာပြောပြော အပြုံးမပျက်ဘဲ သူတို့ကို ပြန်ချေပ တတ်အောင် နေရမယ်။

ကိုယ့်ဝမ်းနာ ကိုယ်သာ သိတာမို့ ပတ်ဝန်းကျင် ကြောင့်တော့ ရှေ့ဆက်မယ့် လမ်းကို မရပ်တန့် လိုက်ပါနဲ့။ မတန်လို့ပါ။ Crd အရှင်ဝိသုတ (ညောင်တုန်း)

Zawgyi

ပတ္ဝန္းက်င္ ဆိုတာ

ကိုယ္က သူတို႔ထက္ တေနရာရာမွာ သာေနရင္ ကိုယ့္အားနည္းခ်က္ တခုကို မရ ရေအာင္ ရွာၿပီး ပုံႀကီးခ်ဲ႕ ေထာက္ျပတတ္ တာမ်ိဳး။ ကိုယ့္ရဲ႕ ထူးခြၽန္မႈကို လက္ခုပ္ တီးေပးဖို႔ ဝန္ေလးၾက ေပမယ့္ ကိုယ္ က်ရႈံးတဲ့ အခါ လက္ညႇိဳး ထိုးၿပီး ဟာသ လုပ္တတ္ၾက တာမ်ိဳး။

ကိုယ္ ထီေပါက္ၿပီး ပိုက္ဆံ ေဝၾကည့္ ပါလား။ သေဘာ ေကာင္းလိုက္တာ ပိုၿပီး ခ်မ္းသာပါေစ ဆိုၿပီး ေမတၱာ ပို႔ေပးၾက လိမ့္မယ္။ အဲ့ဒီ ပိုက္ဆံ ကုန္တဲ့ အခ်ိန္ ေရာက္ရင္ ကိုယ့္ရဲ႕ မေကာင္းေၾကာင္းကို အတင္း အုပ္တတ္ ၾကတာမ်ိဳး။

ကိုယ္တြဲတဲ့ ရည္းစား အေၾကာင္း သူတို႔က ပိုသိၿပီး သူတို႔က ကိုယ့္မိသားစုထက္ ကိုယ့္တို႔ အေၾကာင္းကို ပိုၿပီး စိတ္ဝင္စား ေနၾကတာမ်ိဳး။ အားနည္း ေနျပရင္ ပိုထိုးႏွက္မယ္။ ဝမ္းနည္း ေနျပရင္ ပိုကဲ့ရဲ႕မယ္။ ရွက္သလို ေနျပရင္ ပို ဖိႏွိပ္ လာမယ္။

အဲ့ဒီလို အသိဉာဏ္ မရွိ သာယာ ညာေပါင္း ပတ္ဝန္းက်င္ ေၾကာင့္ေတာ့ ကိုယ့္စိတ္ကို မညႇင္းဆဲ ပါနဲ႔။ သူတို႔ ဘာလာေျပာေျပာ အၿပဳံးမပ်က္ဘဲ သူတို႔ကို ျပန္ေခ်ပ တတ္ေအာင္ ေနရမယ္။

ကိုယ့္ဝမ္းနာ ကိုယ္သာ သိတာမို႔ ပတ္ဝန္းက်င္ ေၾကာင့္ေတာ့ ေရွ႕ဆက္မယ့္ လမ္းကို မရပ္တန႔္ လိုက္ပါနဲ႔။ မတန္လို႔ပါ။ Crd အရွင္ဝိသုတ (ေညာင္တုန္း)

Post a Comment

0 Comments