နတ်သမီးနှစ်ပါး

တခါက နတ်သမီးနှစ်ပါးဟာ ခရီးသွားနေရင်း ညအိပ် နားနေဖို့ အတွက် ချမ်းသာတဲ့ မိသားစု အိမ်ကို အကူအညီ တောင်းပါတယ်။ ချမ်းသာတဲ့ မိသားစုက အရမ်း မိုက်ရိုင်းပြီး နတ်သမီးတွေကို အိမ်ထဲ အဝင် မခံပါဘူး။ မြေအောက်ခန်းမှာပဲ ပေးနားပါတယ်။

နတ်သမီး နှစ်ပါးလည်း အိပ်ဖို့ ပြင်ဆင်နေချိန် မှာပဲ နတ်သမီးအကြီးက မြေအောက်ခန်း နံရံမှာ အပေါက် တပေါက် တွေ့လို့ ပိတ်ပေးလိုက် ပါတယ်။

နတ်သမီး အငယ်က ဘာလို့ အဲဒီလို လုပ်တာလဲ မေးတော့ နတ်သမီး အကြီးက "အရာရာတိုင်းက ညီမလေး ထင်သလို မဟုတ်ပါဘူး" လို့ပဲ ဖြေခဲ့တယ်။

နောက်နေ့ည မှာတော့ နတ်သမီး နှစ်ပါးက ဆင်းရဲတဲ့ အိမ်မှာ ဝင်နားဖြစ် ပါတယ်။ အဲဒီအိမ်က လယ်သမားကြီး လင်မယားအိမ်ဖြစ်ပြီး သူတို့ကို လှိုက်လှဲစွာ ကြိုဆိုပါတယ်။ နည်းပါးလှတဲ့ အစားအစာတွေ ကိုလည်း ဝေမျှပါတယ်။ သူတို့ရဲ့ ကုတင်ပေါ်မှာ နတ်သမီးတွေကို ပေးအိပ် ပါတယ်။

ဒါပေမယ့် နံနက် လင်းတဲ့ အချိန်မှာတော့ လယ်သမား လင်မယားက ငိုကြွေးနေ ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့အားကိုး နေရတဲ့ တကောင်တည်းသော နွားကြီး သေဆုံးသွား လို့ပါ။

နတ်သမီးအငယ်က အကြီးကို အပြစ်တင် ပါတယ်။ "အမ ဘာလို့ ဒီလို လုပ်ရတာလဲ။ ချမ်းသာတဲ့ အိမ်မှာ နေတုန်းကတော့ သူတို့ အိမ်က အပေါက်ကို ဖာပေးတယ်။ ဒီဆင်းရဲတဲ့ အိမ်မှာကျတော့ သူတို့ နွားကို သေစေတယ်။ အမ ဘာလို့ မကူညီတာလဲ"

နတ်သမီးအကြီးက ပြောပါတယ်။ "အရာရာတိုင်းက ညီမလေး ထင်သလို မဟုတ်ပါဘူး။ ချမ်းသာတဲ့ အိမ်ရဲ့ မြေတိုက်ခန်းကအပေါက်ကို အမ ပိတ်လိုက်တာက အဲဒီ အပေါက်ထဲမှာ ရွှေတွေကို တွေ့ရလို့ပါ။ တကယ်လို့ ရွှေတွေသာ ထပ်ရခဲ့ရင် အဲဒီချမ်းသာတဲ့ မိသားစုက ပိုပြီး မောက်မာသွားမှာ စိုးလို့ အမ ပိတ်လိုက်တာပါ။

ဒီလယ်သမား လင်မယားကတော့ ညဖက်တုန်းက သေမင်းက လယ်သမားမယားကို ခေါ်ဖို့ လာပါတယ်။ အမက သူတို့ကစိတ်ကောင်း ရှိသူတွေပါ။ လယ်ထဲက နွားကိုပဲ အစားခေါ်သွားပါ ဆိုပြီး တောင်းပန်လိုက် တာပါ။ အရာရာတိုင်းက ညီမ ထင်သလို မဟုတ်ပါဘူး"

တခါတလေမှာ လူတွေက ကိုယ့်ပေါ်မှာ ဖြစ်ပျက်လာတဲ့ မကောင်းမှုကိုပဲ အကျယ်ချဲ့ပြီး မြင်တတ်ကြ ပါတယ်။ အဲဒီ မကောင်းမှုက ကောင်းမှု တခုအတွက် ဖြစ်ပေါ်လာတာ ဖြစ်နိုင်တယ် ဆိုတာကို မေ့နေတတ် ကြပါတယ်။

တခါတလေ မှာလည်း သေးငယ်တဲ့ အောင်မြင်မှုအတွက် ပျော်ရွှင်နေတတ် ပါတယ်။ ဒါပေမယ့် သေးငယ်တဲ့ အောင်မြင်မှု ရလိုက်တာဟာ ကြီးမားတဲ့ အောင်မြင်မှုတခု ဆုံးရှုံးလိုက်တာလည်း ဖြစ်နိုင်တယ် ဆိုတာကို သတိမမူမိ ကြပါဘူး။ Crd

Post a Comment

0 Comments