မာန်တက်နေသောမြင်း

တခါတုန်းက ကျန်းမာ သန်စွမ်းတဲ့ မြင်းတကောင်ဟာ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ သန်မာ ဖြတ်လတ်မှုကို မာန်တက် ဂုဏ်ယူ နေပါတယ်။

အဲဒီ အချိန်မှာ သန်စွမ်းတဲ့ မြင်းဟာ မြည်းတကောင်ကို ဝန်စည် စလွယ်တွေ လေးလံစွာ၊ ပင်ပန်း ဆင်းရဲကြီးစွာ သယ်နေရ တာကို တွေ့လိုက်ရ ပါတယ်။

မာန်တက်နေတဲ့ မြင်းဟာ သူ့ရဲ့ လှပတဲ့ ဝန်စည် စလွယ်တွေ အတွက် ဂုဏ်ယူပြီး တဖက်က ညစ်ပေနေတဲ့ မြည်းကို ရှုတ်ချ အပြစ်တင် လိုက်ပါတယ်။

"နှေးကွေး လေးလံ လွန်းလို့ အဲဒီလို ဖြစ်နေတာ။ ငါ့အရှေ့က ဖယ်" ဆိုပြီး မတူမတန် ပြောဆို လိုက်ပါတယ်။ အလေး အပင်သယ်ပိုး ထားရတဲ့ မြည်းဟာ သည်းခံပြီး ရှေ့ကိုသာ ဆက်လျှောက် သွားလိုက် ပါတယ်။

ကာလ အတန်ကြာတဲ့ အခါမှာတော့ အရင်က လှပ သန့်ရှင်းပြီး ကျန်းမာ သန်စွမ်းတဲ့ မြင်းဟာ သူ မတူမတန်သလို ဆက်ဆံ ခဲ့တဲ့ မြည်းနဲ့ ပြန်လည် တွေ့ဆုံခဲ့ ပြန်ပါတယ်။

အဲဒီအခါ မှာတော့ သူ့ရဲ့ ကျန်းမာ သန်စွမ်း ကြံ့ခိုင်မှုကို မာန်တက်ခဲ့တဲ့ မြင်းဟာ လယ်သမား တယောက်ထံမှာ အရောင်းစား ခံလိုက်ရတာမို့ ရွံ့တွေ ပေလူး ညစ်ပတ်နေပြီး နွားချေးလှည်း တစီးကို ဆွဲလာတဲ့ အချိန် ဖြစ်ပါတယ်။

အဲဒီအခါမှာ သူရှုံ့ချခဲ့တဲ့ မြည်းဟာ မြင်းကို ကြည့်ပြီး "အို မာနကြီးတဲ့ မိတ်ဆွေကြီး ဘယ်လိုများ ဖြစ်ရတာလဲ။ ဒီလို အဖြစ်မျိုးရောက်မယ်လို့ သင့်ကိုယ်သင် မထင်မိခဲ့ဖူး မဟုတ်လား" လို့ ပြောလိုက် ပါတော့တယ်။

ဘဝမှာလည်း အဲဒီအတိုင်း ပါပဲ။ ကိုယ်က ကောင်းစားနေတဲ့ အချိန်မှာ နိမ့်ကျသူကို တွဲခေါ်သင့် ပါတယ်။ အမြဲတမ်း ကောင်းစား နေမယ်လို့ ပြောလို့ မရသလို၊ နိမ့်ကျနေသူ ဟာလည်း အမြဲ နိမ့်ကျနေမယ် လို့ သတ်မှတ်လို့ မရနိုင်ပါဘူး။

အဲဒီအတွက် ဘယ်တော့ မဆို လူတိုင်းကို အထင်မသေးဘဲ မျှတစွာ ဆက်ဆံတတ်ဖို့နဲ့ ကိုယ့်ရောက်ရှိနေတဲ့ နေရာဟာ အမြဲမရှိနိုင်ဘူး လို့ နှလုံးသွင်း သင့်ကြောင်း သင်ခန်းစာ ပေးထားတာပဲ ဖြစ်ပါတယ်။ BAWA

Zawgyi

မာန္တက္ေနေသာျမင္း

တခါတုန္းက က်န္းမာ သန္စြမ္းတဲ့ ျမင္းတေကာင္ဟာ သူ႔ရဲ႕ ခႏၶာကိုယ္ ႀကံ့ခိုင္မႈနဲ႔ သန္မာ ျဖတ္လတ္မႈကို မာန္တက္ ဂုဏ္ယူ ေနပါတယ္။

အဲဒီ အခ်ိန္မွာ သန္စြမ္းတဲ့ ျမင္းဟာ ျမည္းတေကာင္ကို ဝန္စည္ စလြယ္ေတြ ေလးလံစြာ၊ ပင္ပန္း ဆင္းရဲႀကီးစြာ သယ္ေနရ တာကို ေတြ႕လိုက္ရ ပါတယ္။

မာန္တက္ေနတဲ့ ျမင္းဟာ သူ႔ရဲ႕ လွပတဲ့ ဝန္စည္ စလြယ္ေတြ အတြက္ ဂုဏ္ယူၿပီး တဖက္က ညစ္ေပေနတဲ့ ျမည္းကို ရႈတ္ခ် အျပစ္တင္ လိုက္ပါတယ္။

"ေႏွးေကြး ေလးလံ လြန္းလို႔ အဲဒီလို ျဖစ္ေနတာ။ ငါ့အေရွ႕က ဖယ္" ဆိုၿပီး မတူမတန္ ေျပာဆို လိုက္ပါတယ္။ အေလး အပင္သယ္ပိုး ထားရတဲ့ ျမည္းဟာ သည္းခံၿပီး ေရွ႕ကိုသာ ဆက္ေလွ်ာက္ သြားလိုက္ ပါတယ္။

ကာလ အတန္ၾကာတဲ့ အခါမွာေတာ့ အရင္က လွပ သန႔္ရွင္းၿပီး က်န္းမာ သန္စြမ္းတဲ့ ျမင္းဟာ သူ မတူမတန္သလို ဆက္ဆံ ခဲ့တဲ့ ျမည္းနဲ႔ ျပန္လည္ ေတြ႕ဆုံခဲ့ ျပန္ပါတယ္။

အဲဒီအခါ မွာေတာ့ သူ႔ရဲ႕ က်န္းမာ သန္စြမ္း ႀကံ့ခိုင္မႈကို မာန္တက္ခဲ့တဲ့ ျမင္းဟာ လယ္သမား တေယာက္ထံမွာ အေရာင္းစား ခံလိုက္ရတာမို႔ ႐ြံ႕ေတြ ေပလူး ညစ္ပတ္ေနၿပီး ႏြားေခ်းလွည္း တစီးကို ဆြဲလာတဲ့ အခ်ိန္ ျဖစ္ပါတယ္။

အဲဒီအခါမွာ သူရႈံ႕ခ်ခဲ့တဲ့ ျမည္းဟာ ျမင္းကို ၾကည့္ၿပီး "အို မာနႀကီးတဲ့ မိတ္ေဆြႀကီး ဘယ္လိုမ်ား ျဖစ္ရတာလဲ။ ဒီလို အျဖစ္မ်ိဳးေရာက္မယ္လို႔ သင့္ကိုယ္သင္ မထင္မိခဲ့ဖူး မဟုတ္လား" လို႔ ေျပာလိုက္ ပါေတာ့တယ္။

ဘဝမွာလည္း အဲဒီအတိုင္း ပါပဲ။ ကိုယ္က ေကာင္းစားေနတဲ့ အခ်ိန္မွာ နိမ့္က်သူကို တြဲေခၚသင့္ ပါတယ္။ အၿမဲတမ္း ေကာင္းစား ေနမယ္လို႔ ေျပာလို႔ မရသလို၊ နိမ့္က်ေနသူ ဟာလည္း အၿမဲ နိမ့္က်ေနမယ္ လို႔ သတ္မွတ္လို႔ မရႏိုင္ပါဘူး။

အဲဒီအတြက္ ဘယ္ေတာ့ မဆို လူတိုင္းကို အထင္မေသးဘဲ မွ်တစြာ ဆက္ဆံတတ္ဖို႔နဲ႔ ကိုယ့္ေရာက္ရွိေနတဲ့ ေနရာဟာ အၿမဲမရွိႏိုင္ဘူး လို႔ ႏွလုံးသြင္း သင့္ေၾကာင္း သင္ခန္းစာ ေပးထားတာပဲ ျဖစ္ပါတယ္။ BAWA

Post a Comment

0 Comments