ကလေးတွေအတွက် ခွေးမွေးပေးထားရင် ရလာမယ့်အကျိူးကျေးဇူး (၄) ချက်

ခွေးလေးတွေက လူတွေရဲ့ ဘဝမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လာနေပါပြီ။ သူတို့လေးတွေက စကားမပြောတတ်ပေမယ့် အမူအရာလေးတွေနဲ့ ခံစားချက်တွေကို ဖော်ပြတတ်ကြပါတယ်။ ခွေးလေးတွေ ကြီးပြင်းလာခြင်းက ကလေးတွေအတွက် အမှန်တကယ် အကျိုးရှိစေပါတယ်။

လမ်းကြောင်းမှန်ပေါ်ကို စောစောပို့ဆောင်ရာမှာလည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်နိုင်ကြောင်း သိပ္ပံပညာက သက်သေပြခဲ့ပါတယ်။ ခွေးတွေက ကလေးရဲ့ အမူအကျင့်၊ ကိုယ်ရည်ကိုယ်သွေးနှင့် လူမှုကျင့်ဝတ်တို့အပေါ်ကို ကောင်းမွန်တဲ့သဘော သက်ရောက်စေပါတယ်။

အသက် 2 နှစ်ကနေ 5 နှစ်ကြား ကလေးရှိတဲ့ မိသားစုပေါင်း 1,646 ရဲ့ လေ့လာမှုတစ်ခုအရ ခွေးလေးတွေနှင့် ကြီးပြင်းလာတဲ့ ကလေးတွေမှာ အပြုအမူဆိုင်ရာ ပြဿနာတွေ 30% နည်းပါးကြောင်း သိရပါတယ်။ ဒီကလေးတွေက အကျင့်စာရိတ္တကောင်းမွန်ပြီး တိုက်ခိုက်ခြင်း၊ ဝုန်းဒိုင်းကြဲခြင်းနှင့် မနာခံမှုတို့ကို သိပ်မလုပ်ကြောင်း တွေ့ရပါတယ်။

ဒါ့အပြင် တူညီတဲ့လေ့လာမှုအရ အဆိုပါကလေးတွေက ခွေးမရှိတဲ့အိမ်ထောင်စုတွေနှင့် နှိုင်းယှဉ်ရင် လုပ်ဖော်ကိုင်ဖက်တွေနှင့် လူမှုဆက်ဆံရေးမှာ 40 ရာခိုင်နှုန်း တိုးတက်မှုရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

တစ်နည်းဆိုသော် ဒီကလေးတွေက ပေါင်းသင်းဆက်ဆံရာမှာ ပိုမိုအဆင်ပြေကြပြီး သူငယ်ချင်းကောင်းတွေလည်း ဖြစ်ကြပါတယ်။ ပြီးတော့ အနိုင်ကျင့်ခံရနိုင်ချေလည်း နည်းသွားပါတယ်။

ဒီလေ့လာမှုတွေကနေ ခွေးတစ်ကောင်နှင့် တူတူကြီးပြင်းလာခြင်းက ကလေးရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပုံဖော်တဲ့နေရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကြောင်း သိရှိရပါတယ်။

လူမှုရေးဆက်ဆံရေးတွေမှာ တန်ဖိုးထားတတ်လာပြီး ကိုယ်ရည်ကိုယ်သွေးစရိုက်တွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ကူညီပေးပါတယ်။ ဥပမာအားဖြင့် ဒီကလေးတွေက ချစ်ခင်တတ်ပြီး အခြားသူရဲ့ခံစားချက်တွေကို ထောက်ထားစာနာတတ်သွားပါတယ်။

လူမှုဆက်ဆံရေးမှာလည်း ပိုတိုးတက်လာပါတယ်။

သုတေသနပြုချက်တွေအရ ကလေးတွေက သူတို့ရဲ့အဖော်တွေနှင့် ဆက်ဆံမှုများလေလေ အရည်အသွေးတွေ ပိုမိုအားကောင်းလေဖြစ်ပြီး သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ထင်ရှားစေတယ်လို့ သိရပါတယ်။

သုတေသနအဖွဲ့ကနေ ရရှိတဲ့ ရလဒ်တွေအရ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ် ခွေးနဲ့ လမ်းလျှောက်တဲ့ကလေးက လူမှုဆက်ဆံရေး မှာ ၄၅ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

ခွေးနှင့် တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ် လမ်းလျှောက်ပေးတဲ့ကလေးကတော့ ၇၄ ရာခိုင်နှုန်းတိုးတက်လာတာကို တွေ့ရပါတယ်။ အိမ်မှာ ခွေးမမွေးတဲ့ ကလေးတွေနဲ့ ယှဉ်ရင် ပိုကောင်းတဲ့အကျင့်ပါ။

အာရုံစူးစိုက်မှုကို တိုးတက်စေလာပါတယ်။

ခွေးလေးတွေ‌မွေးခြင်းရဲ့ သက်ရောက်မှုက ကလေးရဲ့ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးမှုမှာတင် မကပါဘူး။ အခြားလေ့လာမှုတစ်ခုအရ ခွေးတစ်ကောင်အနီးမှာရှိခြင်းက ကလေးတွေရဲ့ အာရုံကြောဆိုင်ရာစွမ်းရည်ကို မြှင့်တင်ပေးကြောင်း တွေ့ခဲ့ရပါတယ်။

စမ်းသပ်မှုအတွင်း အသက် 10 နှစ်ကနေ 14 နှစ်ကြား ကလေးငယ် 24 ဦးကို ခွေးနှင့် 15 မိနစ်ကြာ အပြန်အလှန် ဆော့ကစားစေပြီး မှတ်ဉာဏ်စမ်းသပ်မှု ပြုလုပ်ပေးခဲ့ပါတယ်။ ရလဒ်တွေက အာရုံစူးစိုက်နိုင်စွမ်းနှင့် အလွန်အာရုံစိုက်နိုင်မှုတို့မှာ သိသိသာသာ တိုးတက်မှုရှိကြောင်း ပြသခဲ့ပါတယ်။

ခွေးတွေက ကလေးတွေကို တက်ကြွစေပြီး ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်ပေးပါတယ်။

ခွေးတွေက ကလေးတွေကို လေ့ကျင့်ခန်းလုပ်ဖို့နှင့် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

အဝလွန်တဲ့ကလေးတွေကို အဓိကထားလုပ်ဆောင်တဲ့ စမ်းသပ်မှုမှာ ခွေးတစ်ကောင်ရှိနေခြင်းကြောင့် ကလေးငယ်တွေက တက်ကြွလာပြီး အပြင်ဘက်မှာ အချိန်ဖြုန်းခြင်းကို ပိုမိုစိတ်ဝင်စားလာကြောင်း တွေ့ရှိခဲ့ပါတယ်။

ခွေးတစ်ကောင် ရှိနေတာက ကလေးရဲ့ ကိုယ်လက်လှုပ်ရှားမှု အကြိမ်ရေကိုသာမက အရည်အသွေးကိုပါ လွှမ်းမိုးထားပါတယ်။ ခွေးနှင့်အတူ လမ်းလျှောက်တဲ့ ကလေးတွေက လျင်မြန်စွာ လမ်းလျှောက်ကြပြီး အားကစား လုပ်ရင်လည်း အချိန်ကြာကြာပိုလုပ်နိုင်ကြောင်း ​တွေ့ရှိရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments