အိမ်သာပိုက်ကို အလွယ်တကူပိတ်ဆို့စေတဲ့ အရာ (၈) ခု

အချို့တွေက အိမ်သာပိုက်ထဲကို အမှိုက်တွေ၊ စက္ကူတွေ ထည့်ပြီး ရေဆွဲချတတ်ပါတယ်။ အဲဒါကြောင့် အိမ်သာပိုက် ပိတ်သွားရင် အချိန်ကြန့်ကြာပြီး အဆင်မပြေမှုတွေဖြစ်စေပါတယ်။ ပိတ်ဆို့မှုတွေ မဖြစ်အောင်၊ အနံ့ဆိုးတွေ မဖြစ်အောင် အိမ်သာထဲကို ဘယ်လိုအရာတွေ မထည့်သင့်လဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ တစ်ရှူးစက္ကူ

တစ်ရှူးစက္ကူတွေက အိမ်သာသုံးစက္ကူနဲ့ ဆင်တူတာကြောင့် အချို့တွေက အသုံးပြုကြပါတယ်။ ဒါပေမယ့် တစ်ရှူးစက္ကူတွေက ပိုပြီး ထူထဲတာကြောင့် ရေဆိုးပိုက်စနစ်ထဲမှာ ဆွေးမြည့်ဖို့ ခက်ခဲပါတယ်။ အဲဒါကြောင့် အိမ်သာသုံးစက္ကူအစား တစ်ရှူးစက္ကူသုံးမယ်ဆိုရင် အိမ်သာရေပိုက်ထဲမထည့်ဘဲ သန့်စင်ခန်းထဲက အမှိုက်ပုံးထဲကိုသာ လွှင့်ပစ်သင့်ပါတယ်။

၂။ Wet wipes

Wet wipes က သန့်ရှင်းရေး ပြုလုပ်တဲ့အခါ အရမ်းကို အဆင်ပြေတဲ့အရာပါ။ ဒါပေမယ့် wet wipe တွေကို အိမ်သာပိုက်ထဲ ထည့်လိုက်ရင် ပိုက်ပိတ်ဆို့သွားပါလိမ့်မယ်။ Wet wipes နဲ့ သန့်ရှင်းရေးလုပ်ပြီးရင် သန့်စင်ခန်းထဲကို အမှိုက်ပုံးထဲကိုသာ ထည့်သင့်ပါတယ်။

၃။ ဆီ

အချို့သော ဟင်းချက်ဆီတွေက အပူချိန်နည်းတဲ့အခါ ပိုက်ထဲမှာ ပိတ်နေတတ်ပါတယ်။ အဲဒီအခါ ရေတွေက အပေါ်ကိုပြန်တက်လာပြီး အဆင်မပြေ ဖြစ်နေမှာပါ။ ဆီပါတဲ့ အစားအစာတွေကို ရေဆိုးပိုက်ထဲကို အလွယ်တကူ မလွှင့်ပစ်ဘဲ စနစ်တကျထုတ်ပိုးပြီးမှ စွန့်ပစ်ပါ။

၄။ သောက်ဆေး၊ အိမ်သုတ်ဆေး

အချို့ဓာတုဆေးတွေကို ရေဆိုးပိုက်ထဲ ပစ်လိုက်ရင် အဆိပ်အတောက်ဖြစ်ပြီး ရက်ပေါင်းများစွာ ရေတွေပိတ်နေတတ်ပါတယ်။ အထူးသဖြင့် သောက်ဆေး၊ အိမ်သုတ်ဆေး၊ ရေမခဲဆေးတွေကို ရေဆိုးပိုက်ထဲ မထည့်သင့်ပါဘူး။ အရောင်ချွတ်ဆေးတွေကိုလည်း အိမ်သာထဲကို အလွယ်တကူထည့်လိုက်ရင် ပိုက်တွေကို ကြာရှည်မခံစေပါဘူး။ ဒါ့အပြင် အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေကိုလည်း ထုတ်လွှတ်ပါတယ်။

၅။ လစဉ်သုံးပစ္စည်းများ

လွယ်လွယ်နဲ့ မပြိုကွဲလွယ်တဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ၊ ဒိုင်ပါတွေကို အိမ်သာထဲကို ထည့်ပြီးလွှင့်လိုက်ရင် ရေဆိုးပိုက်က လျင်လျင်မြန်မြန် ပိတ်သွားပါတယ်။ လစဉ်သုံးပစ္စည်းတွေနဲ့ ဒိုင်ပါတွေကို အိမ်သာထဲ မထည့်ဘဲ အိတ်လေးတစ်လုံးထဲမှာ ထည့်ပြီးတော့ သန့်စင်ခန်းထဲက အမှိုက်ပုံးထဲမှာသာ ပစ်ပါ။

၆။ ကြောင်အညစ်အကြေးစွန့်တဲ့သဲ

အချို့တွေက ကြောင်တွေ အညစ်အကြေးစွန့်ပြီးတဲ့အခါ သဲတွေကို အိမ်သာထဲကို ပစ်တတ်ကြပါတယ်။ သဲတွေက အိမ်သာကို ပိတ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ကြောင်အညစ်အကြေးမှာ Toxoplasma gondi ပါတာကြောင့် လူသားတွေရဲ့ ကိုယ်ခံအားစနစ်ကို ဒုက္ခပေးပါတယ်။ အဲဒါကြောင့် ကြောင်အညစ်အကြေးနဲ့အတူ သဲတွေကို အိတ်ထဲမှာ ထည့်ပြီးတော့သာ အခြားနေရာမှာ စွန့်ပစ်ပါ။

၇။ ဆံပင်

ဆံပင်တွေကို အိမ်သာထဲကို အလွယ်တကူ လွှင့်ပစ်တဲ့အခါ ဆံပင်တွေ လုံးသွားပြီး ရေဆိုးပိုက်ကို ပိတ်နေစေမှာပါ။ ဒါ့အပြင် အနံ့အသက်ဆိုးတွေကိုပါ ဖြစ်လာစေပါတယ်။ ဆံပင်ကျွတ်တွေကို အိမ်သာထဲ အလွယ်တကူမပစ်ဘဲ အိတ်သီးသန့်နဲ့ထည့်ပြီး အမှိုက်ပုံးထဲကို လွှင့်ပါ။

၈။ စားကြွင်းစားကျန်များ

ဆံပင်တွေလိုပဲ စားကြွင်းစားကျန်တွေဟာလည်း အိမ်သာထဲကို မပစ်သင့်တဲ့အရာတွေပါ။ အချို့အစားအစာတွေက ပိုက်မှာ ကပ်ကျန်နေတတ်တာကြောင့် ရေဆိုးပိုက်ပိတ်တာကို ခဏခဏဖြစ်စေမှာပါ။ အစားအစာတွေကို ဖြစ်သလို လွှင့်ပစ်ရင် ကျန်းမာရေးကိုလည်း ထိခိုက်လာစေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments