ဆံပင်ကို အပူပေးစရာမလိုတဲ့ အလွယ်ဆုံးဆံပင်ကောက်နည်း (၃) မျိုး

ဆံပင်ကို အပူပေးပြီး ကောက်တာက ဆံသားတွေကို အများကြီး ထိစေပါတယ်။ သင်က ဆံပင်ကောက်ကောက်လေးကို သဘောကျပေမယ့် အပူပေးပြီး မကောက်ချင်ဘူးဆိုရင် အောက်ပါနည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။

နည်းလမ်း ၁

လိုအပ်သောပစ္စည်းများ

- (သင့်ဆံပင်ပေါ်မူတည်ပြီး) ပိုက် ၂၅ ချောင်းခန့်

- ခေါင်းစည်းကွင်းသေး ၂၅ ကွင်း

- ဆံပင်ပုံသွင်းတဲ့ခေါင်းဘီး

- Anti-frizz cream

- ကတ်ကြေး

- ဆံပင်ပုံသွင်းဆေး

ဆင်ပင်ကောက်တော့မယ်ဆိုရင် ဆံပင်အရမ်းစိုနေလို့ အဆင်မပြေပါဘူး။ ပုံမသွင်းခင်မှာ Anti-frizz cream နဲ့ ဆံပင်ပုံသွင်းဆေးကို လိမ်းထားပါ။ အဲဒီအခါ ဆံပင်ကောက်သားကို ပိုပြီး ကြာရှည်ခံစေမှာပါ။

နောက်တစ်ဆင့်မှာတော့ ဆံပင်နည်းနည်းချင်းစီကို အရင်းကနေ ပိုက်နဲ့ တစ်ရစ်ချင်းလိမ်လိုက်ပါ။ သင့်ဆံပင်က တိုတယ်ဆိုရင် ပိုက်ကို ကတ်ကြေးနဲ့ လိုသလောက်ဖြတ်လိုက်လို့ရပါတယ်။

ဆံပင်ကိုပိုက်မှာ လိမ်ပြီးသွားရင် ပိုက်ကိုခေါက်လိုက်ပြီး ခေါင်းစည်းကွင်းနဲ့ စည်းလိုက်ပါ။

ဆံပင်အဲဒီအနေအထားနဲ့ တစ်နေကုန်ထားပြီးမှ ပိုက်တွေကို ဖြုတ်လိုက်ပါ။ ညပိုင်းမှာ ပြုလုပ်ပြီး မနက်ရောက်မှ ပိုက်တွေကို ဖယ်လိုက်လည်း ရပါတယ်။

ဆံပင်ကနေ ပိုက်တွေဖယ်ရှားပြီးရင် ဆံပင်ကို အနည်းငယ်စီ ခွဲလိုက်ပါ။ အဲဒီအခါ ဆံပင်က ထူတယ်လို့ ထင်ရစေပါတယ်။ ဆံပင်ကောက်တာကို ကြာရှည်ခံချင်ရင် ဆံပင်ပုံသွင်းတဲ့ ခရင်မ်လိမ်းပေးလို့ ရပါတယ်။

နည်းလမ်း ၂

လိုအပ်သောပစ္စည်းများ

- (သင့်ဆံပင်ပေါ်မူတည်ပြီး) ကွေးနိုင်ဆန့်နိုင်တဲ့ပိုက် ၂၅ ချောင်းခန့်

- ဆံပင်ပုံသွင်းတဲ့ခေါင်းဘီး

- Anti-frizz cream

- ကတ်ကြေး

- ဆံပင်ပုံသွင်းဆေး

- ဆံပင်ကိုရေဓာတ်ဖြည့်တဲ့ ဆီ

- ဆံပင်လေမှုတ်စက်

အရင်ဆုံး ဆံပင်ကို ရေဓာတ်ပြည့်အောင် ရေဓာတ်ဖြည်တဲ့ဆီကို လိမ်းပေးပါ။ ဒါပေမယ့် ဆံပင်ကို ရေနဲ့တော့ မစွတ်သင့်ပါဘူး။

ဆံပင်ရှုပ်နေတာတွေ ရှင်းသွားအောင်လို့ ခေါင်းဖြီးလိုက်ပါ။ အဲဒီနောက် ကွေးနိုင်ဆန့်နိုင်တဲ့ပိုက်နဲ့ ဆံပင်နည်းနည်းချင်းစီကို အရင်းကနေ လိမ်ပတ်ပါ။

ဆံပင်ကို အရင်းကနေ အဖျားအထိ ပိုက်နဲ့လိမ်ပတ်ပြီးရင် ပိုက်ကို ကွေးလိုက်ပါ။

ပြီးရင် ဆံပင်ကို လေမှုတ်စက်နဲ့ အခြောက်ခံလိုက်ပါ။ ဆံပင်ကို မခြောက်သွေ့သွားအောင် အပူခံဖျန်းဆေးဖျန်းဖို့ မမေ့ပါနဲ့နော်။

တစ်ရက်လောက်ထားပြီးရင် ပိုက်တွေကို ဖြုတ်လိုက်လို့ရပါပြီ။ ဆံပင်တွေကို မခွဲခင်မှာ ရေဓာတ်ဖြည့်တဲ့ဆီကို လိမ်းပေးပါ။

နည်းလမ်း ၃

လိုအပ်သောပစ္စည်းများ

- ခြေအိတ် ၄ စုံ

- ဆံပင်ကောက်တဲ့ခရင်မ်

- ဆံပင်ဖျန်းဆေး

ဒီနည်းနဲ့ ဆံပင်ကောက်မယ်ဆိုရင် ဆံပင်က သန့်ရှင်းနေစေဖို့ လိုအပ်ပါတယ်။ မနက်အိပ်ရာထကာစမှာ ပြုလုပ်နိုင်သလို အိပ်ရာမဝင်ခင်မှာလည်း ပြုလုပ်နိုင်ပါတယ်။

ပိုပြီး လွယ်ကူအောင်လို့ ဆံပင်ကို နှစ်ဖက်ခွဲလိုက်ပါ။ နောက်ပြီးမှာ ဆံပင်တစ်ဖက်ချင်းစီမှာ ခြေအိတ်ကိုအသုံးပြုပြီး ခွေလိမ်လိုက်ပါ။

ဆံပင်တွေ ပြေလျော့မသွားအောင် ခြေအိတ်အစွန်းနှစ်ဖက်ကို ချည်လိုက်ပါ။ ဆံပင်ကောက်ကောက်လေးကို အချိန်ကြာကြာခံအောင်လို့ ခရင်မ်လိမ်းပေးပါ။

ဆံပင်တွေကို ခြေအိတ်နဲ့ ချည်ထားပြီး ၈ နာရီကြာအောင် ထားပါ။ ၈ နာရီကြာ ထားပြီးရင်တော့ ဖြည်လိုက်လို့ရပါပြီ။

ဆံပင်တွေကို ဖြည်ပြီးရင် ပွပွလေးဖြစ်အောင် ခွဲလိုက်ပါ။ အဲဒီနောက် ဆံပင်ဖျန်းဆေးဖျန်းလိုက်ပါ။ ဒီနည်းနဲ့ ဆံပင်ကို အပူပေးစရာမလိုဘဲ ဆံပင်ကောက်ကောက်လေး ပြုလုပ်နိုင်ပါပြီ။

zombie (lovemedia)

Post a Comment

0 Comments