ဆိုင်သွားစရာမလိုဘဲ ခြေထောက်တွေကို ဖြူဖွေးနူးညံ့သွားစေမယ့် နည်းလမ်း (၇) ခု

လူအများစုက အသားအရေနဲ့ ဆံပင်ကိုပဲ ပိုဂရုစိုက်တတ်ကြပြီး ခြေထောက်လှပဖို့အတွက် ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ အချိန်တော်တော်များများ လမ်းလျှောက်ပြီးတဲ့နောက်၊ တင်းကျပ်တဲ့ဖိနပ်တွေကို စီးပြီးနောက် ခြေထောက်ကို လှပနေဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။

၁။ နွားနို့နဲ့ နှင်းဆီပွင့်ချပ်

ဇောက်နက်တဲ့ ဇလုံတစ်ခုထဲမှာ နွားနို့၊ နှင်းဆီရည်လက်ဖက်ရည် ဇွန်းနှစ်ဇွန်းနဲ့ နှင်းဆီပွင့်ဖတ်လေးတွေကို ထည့်ပါ။ ပြီးရင် အဲဒီဇလုံထဲမှာ ခြေထောက်ကို မိနစ် ၃၀ ခန့် စိမ်ထားပါ။ နွားနို့က အသားအရေကို နူးညံ့စေတာကြောင့် စိုစိုအိအိလေး ဖြစ်နေမှာပါ။ မိနစ် ၃၀ ကြာစိမ်ပြီးနောက်မှာတော့ ခြေထောက်ကို ရေဓာတ်ဖြည့်ခရင်မ်တစ်ခု လိမ်းလိုက်ပါ။

၂။ ပျားရည်နဲ့ မီးသွေး

Bentonite ရွှံ့၊ ပျားရည်၊ မီးသွေးတို့ကို ဇလုံတစ်လုံးထဲမှာ ရောမွှေပါ။ အဲဒီနောက် ရလာတဲ့အနှစ်ကို ခြေထောက်မှာ သုတ်လိမ်းပေးပါ။ မိနစ် ၃၀ ခန့်ထားပြီးရင်တော့ ဖြည်းဖြည်းချင်း ခွချလိုက်ပါ။ ခြေထောက်မှာ ရှိနေတဲ့ဆဲလ်သေတွေ၊ ကြာရှည်စွဲနေတဲ့ အညစ်အကြေးတွေအားလုံး ကင်းစင်သွားပါတယ်။

၃။ ကြက်ဥ

ဇလုံတစ်ခုထဲကို ကြက်ဥ ၅ လုံးခန့် ဖောက်ထည့်ပြီးမွှေလိုက်ပါ။ ခြေဖဝါးကို တစ်ရှူးစက္ကူနဲ့ ပတ်ထားပါ။ ပတ်တီးစရှိရင်လည်း အသုံးပြုလို့ရပါတယ်။ အဲဒီနောက် ကြက်ဥဖောက်ထည့်ထားတဲ့ ဇလုံထဲကို ခြေထောက်နှစ်ထည့်လိုက်ပါ။ အနည်းဆုံး မိနစ် ၂၀ ခန့်ထားပြီးမှ တစ်ရှူးစက္ကူတွေကို ခွာချလိုက်ပါ။ ကြက်ဥမှာ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ အများကြီးပါဝင်တာကြောင့် ခြေထောက်က အရင်ကနဲ့မတူဘဲ နူးညံ့သွားတာကို တွေ့ရမှာပါ။

၄။ ဖယောင်းနဲ့ အုန်းဆီ

ဇောက်နက်တဲ့ ဇလုံတစ်ခုထဲမှာ ၈လက်မလောက်ရှည်တဲ့ ဖယောင်းတိုင်ကို အရည်ပျော်အောင် ပြုလုပ်ပါ။ အဲဒီနောက် အုန်းဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်း ထပ်ထည့်ပါ။ ပါဝင်ပစ္စည်းတွေကို နှံ့အောင် ရောမွှေပါ။ စုတ်တံတစ်ခုနဲ့ မွှေထားတာတွေကို ယူပြီး ခြေထောက်မှာ သုတ်လိမ်းလိုက်ရုံပါပဲ။

ဖယောင်းတွေက ခြေထောက်မှာ အနည်းငယ်ခဲလာမှသာ ခွာလိုက်ပါ။ အဲဒီနောက်မှာတော့ ခြေထောက်လေးတွေက အရမ်းကို နူးညံ့သွားတာကို တွေ့ရမှာပါ။ အုန်းဆီမှာ ရေဓာတ်ဖြည့်တဲ့ အစွမ်းပါတာကြောင့် ဆဲလ်သေတွေကို ဖယ်ရှားဖို့ ကူညီပေးပါတယ်။

၅။ ခြေထောက်ကို ဆီကို အသုံးပြုပြီး နှိပ်နယ်ပေးပါ။

နာရီပေါင်းများစွာ လမ်းလျှောက်ပြီးတဲ့အခါ၊ တင်းကျပ်တဲ့ ဖိနပ်တွေကို အချိန်အကြာကြီး စီးထားပြီးတဲ့အခါ ခြေထောက်က နာကျင်ရောင်ရမ်းလာမှာပါ။ အဲဒါကြောင့် ခြေချောင်းလေးတွေ၊ ခြေဖဝါး၊ ခြေဖမိုးတို့ပါဝင်အောင် ခြေထောက်ကို နှိပ်နယ်ပေးပါ။ ဒီလိုနှိပ်နယ်ပေးခြင်းက ခြေထောက်မှာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး နာကျင်တာတွေကို သက်သာသွားစေပါတယ်။

၆။ ရွှံ့

ဇလုံတစ်လုံးထဲမှာ bentonite ရွှံ့ လက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ ရေတစ်ခွကို ရောထည့်ပြီး အနှစ်ရလာတဲ့အထိ မွှေပါ။ စုတ်တံတစ်ချောင်းကိုအသုံးပြုပြီး ရွှံ့တွေကို ခြေဖဝါးအောက်မှာ သုတ်လိမ်းပါ။ လိမ်းပြီးနောက် အနည်းဆုံး ၁၅ မိနစ်ခန့်ထားပါ။

ရွှံ့တွေကို ဖယ်ရှားမယ်ဆိုရင် စိုစွတ်နေတဲ့တဘက်စနဲ့ ဖယ်ရှားပေးနိုင်ပါတယ်။ အဲဒီနောက်မှာတော့ ခြေထောက်လေးတွေက အရင်ကနဲ့မတူဘဲ နူးညံ့သွားတာကို တွေ့ရမှာပါ။ ဒီနည်းက ခြေထောက်က အဆိပ်အတောက်တွေနဲ့ ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားပေးပါတယ်။

၇။ သကြားနဲ့ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးဆော့ လက်ဖက်ရည်ဇွန်းနဲ့ သကြားလက်ဖက်ရည်ဇွန်း ၄ ဇွန်းတို့ကို ဇလုံတစ်လုံးထဲမှာ ရောမွှေပါ။ ရလာတဲ့အနှစ်ကို ညီတူမျှတူခွဲပြီး ပလက်စတစ်အိတ် နှစ်လုံးထဲမှာ ခွဲထည့်လိုက်ပါ။ ခြေထောက်တစ်ဖက်စီကို အိတ်တစ်လုံးစီထဲ ထည့်ပြီးနောက် အပေါ်ကနေ ခြေအိတ်ဝတ်လိုက်ပါ။

၁၀ မိနစ်ခန့် ကြာပြီးနောက်မှာတော့ ခြေထောက်ကို သန့်ရှင်းရေး လုပ်လို့ရပါပြီ။ သင်က အသားအရေထိခိုက်လွယ်သူ ဆိုရင်တော့ ဒီနည်းလမ်းကို မပြုလုပ်သင့်ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments