အတွေးလွန်ပြီး ကြောက်ရွံ့နေတဲ့အရာတွေကို ဖြတ်ကျော်နိုင်မယ့် နည်းလမ်း (၇) ခု

လူတိုင်းလူတိုင်းမှာ ကြောက်တတ်တဲ့အရာတွေ ရှိကြပါတယ်။ အချို့က အမြင့်ကြောက်တတ်သလို အချို့ကလည်း ခွေးတွေကို ကြောက်တတ်ကြပါတယ်။ အကြောက်လွန်တဲ့စိတ်ကြောင့် တစ်ခါတရံမှာ ပိုမိုဆိုးတဲ့ အခြေအနေလည်း ဖြစ်သွားတတ်ပါတယ်။ အဲဒါကြောင့် ကြောက်စိတ်တွေကို ဘယ်လိုကျော်ဖြတ်နိုင်မလဲ ဆိုတာကို ဖော်ပြပေးပါမယ်နော်။

၁။ သင့်ကို ကြောက်စေတဲ့အရာတွေကို ခွဲခြားပါ။

အရင်ဆုံး သင်က ဘယ်အရာကိုကြောက်တတ်တာလဲ၊ ဘာ့ကြောင့် ကြောက်တာလဲ၊ ဘယ်အချိန်ကနေ စတင်ပြီး ကြောက်တတ်သွားတာလဲ စသဖြင့် သင့်ကို ကြောက်လန့်စေတဲ့အရာတွေကို ခွဲခြမ်းစိတ်ဖြာလိုက်ပါ။

သင်ကြောက်ရွံ့နေတဲ့အရာတွေကို စာအုပ်မှာ ချရေးပြီး ကြောက်ရွံ့ရတဲ့ အဖြေတွေကိုလည်း ချပြီးရေးလိုက်ပါ။ အဲဒီအခါကျရင် သင်ကိုယ်တိုင် သဘောပေါက်လာပြီး နောက်ဆုံးမှာတော့ သင်ကြောက်ရွံ့နေတဲ့ အရာမှန်သမျှကို ဖြေရှင်းနိုင်သွားပါလိမ့်မယ်။

၂။ ဆိုးရွားတဲ့အခြေအနေဖြစ်လာနိုင်တဲ့အခါ လက်တွေ့ကျကျရင်ဆိုင်ပါ။

ယခင်အတွေ့အကြုံတွေ ကနေတစ်ဆင့်လည်း ကြောက်ရွံ့စိတ်ဖြစ်လာပါတယ်။ ဥပမာ သင်က အခန်းတစ်ခန်းထဲမှာ ပိတ်မိပြီးထွက်မရတော့မှာကို တွေးကြောက်နေရင် သင်ကိုယ်တိုင် မေးခွန်းပြန်မေးဖို့လိုသလို အခြားသူတွေကိုလည်း မေးကြည့်ပါ။ အခြားသူတွေ အဲဒီလိုအခြေအနေ ကြုံလာခဲ့ရင် သင်ဘယ်လိုအကြံပေးနိုင်မလဲဆိုတာကိုလည်း စိတ်ကူးကြည့်ပါ။

၃။ စိတ်ကူးယဉ်ကြည့်ပါ။

စိတ်ကူးယဉ်တာက ဝေဖန်စဉ်းစားတွေးခေါ်နိုင်စွမ်းကို တိုးတက်စေတဲ့အရာပါ။ ဒါပေမယ့် စိတ်ကူးယဉ်ခြင်းကြောင့် မလိုအပ်ဘဲ ကြောက်စိတ်တွေလည်း ဖြစ်လာစေပါတယ်။ သင်က စိတ်ကူးနဲ့တွေးကြောက်တတ်သူဆိုရင် စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို အဖြေရှာကြည့်ပါ။

၄။ သဘာဝနဲ့ထိတွေ့ပါ။

သဘာဝတရားနဲ့ အချိန်ကုန်ရင် စိတ်ဖိစီးမှုတွေ၊ ကြောက်စိတ်တွေ လျော့ပါးပြီး စိတ်တည်ငြိမလာစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေပါတယ်။ သင့်မှာ ကြောက်စိတ်တွေ လွှမ်းမိုးလာတဲ့အခါတိုင်း ပန်းခြံ၊ လယ်ကွင်း စတဲ့နေရာတွေကို လမ်းလျှောက်ထွက်ပါ။ နောက်ပိုင်းမှာ ကြောက်စိတ်တွေကို ထိန်းချုပ်လာနိုင်တာကို သိသိသာသာ မြင်တွေ့ရပါတယ်။

၅။ သင်ကြောက်ခဲ့တဲ့အရာတွေကို ဘယ်လိုကျော်ဖြတ်ခဲ့လဲဆိုတာ ပြန်လည်အမှတ်ရကြည့်ပါ။

သင့်တစ်ဘဝတစ်လျှောက်လုံးမှာ ကြောက်ရွံ့တဲ့အရာတွေကို ရင်ဆိုင်ပြီး အောင်မြင်ခဲ့တဲ့အချိန်တွေ ရှိခဲ့မှာပါ။ အခုချိန်မှာ တွေဝေပြီး ကြောက်ရွံ့နေရင် အရင်က သင်လုပ်နိုင်ခဲ့တာတွေကို ပြန်လည်စဉ်းစားကြည့်ပါ။ အဲဒီအခါ ယခင်ကထက် ပိုပြီး ကြိုးစားလိုစိတ်တွေ ဖြစ်ပေါ်လာမှာပါ။

၆။ ကောင်းမွန်တဲ့ရလဒ်တွေအကြောင်းကိုပဲ တွေးပါ။

သင့်ရဲ့ကြောက်စိတ်ကြောင့် အန္တရာယ်ရှိတဲ့အရာတွေကို တားမြစ်နိုင်သလို အောင်မြင်မှုတွေကိုလည်း တားမြစ်နိုင်မှာပါ။ သင်တစ်ခုခု လုပ်တော့မယ်ဆိုရင် အခြားသူတွေရဲ့အမြင်တွေကို တွေးကြောက်နေရင်၊ မဖြစ်လာနိုင်တဲ့အရာတွေကို အတွေးလွန်နေရင် စိတ်ဖိစီးမှုတွေပဲဖြစ်လာမှာပါ။

သင်ကြောက်ရတဲ့အကြောင်းအရင်းတွေကို ထပ်ခါထပ်ခါ တွေးခေါ်ကြည့်လိုက်ရင် အရမ်းကြောက်စရာ မကောင်းတော့တာကို တွေ့ရမှာပါ။ ဒါ့အပြင် သင်က တစ်ခုခုလုပ်ရမှာ ကြောက်ရွံ့နေရင် ရလာမယ့် ကောင်းမွန်တဲ့ရလဒ် ရလာမယ့်အကြောင်းကိုပဲ စဉ်းစားလိုက်ပါ။

၇။ သင်နဲ့အနီးအနားမှာ ရှိနေသူတွေကို လေ့လာပါ။

သင်ကြောက်ရွံ့နေတဲ့အရာတွေကို မိသားစု သို့မဟုတ် မိတ်ဆွေသူငယ်ချင်းတွေကို ပြောပြပါ။ အဲဒီအခါ ကြောက်ိစတ်တွေကို ကျော်လွှားနိုင်မယ့် အကြံဉာဏ်တွေကို ရလာနိုင်ပါလိမ့်မယ်။ သူတို့မှာ ရှိတဲ့ကြောက်စိတ်တွေကို ဖြတ်ကျော်ခဲ့တဲ့ အတွေ့အကြုံတွေအကြောင်းကို သင်သိရတဲ့အခါ ယခင်ကလောက် ကြောက်စိတ်တွေမရှိနိုင်တော့ပါဘူး။

zombie (lovemedia)

Post a Comment

0 Comments