မျက်နှာအသားအရေကို မညီမညာ မလှမပဖြစ်စေတဲ့ အကြောင်းအရင်း (၁၀) ခု

Skin care လုပ်နေပေမယ့် မျက်နှာအသားအရေက မကောင်းလာဘူးလို့ သင်တွေးထင်မိပါလိမ့်မယ်။ Skin care ကို ပုံမှန်စွဲမြဲမလုပ်တာကြောင့် ရလဒ်မသိသာတာဖြစ်နိုင်သလို အခြားသော အချက်တွေကြောင့်လည်း မျက်နှာအသားအရေက ထင်သလောက် မကောင်းလာနိုင်ပါဘူး။ အဲဒါကြောင့် သင့်မျက်နှာအသားရေလှပဖို့ ပြုပြင်သင့်တဲ့ အချက်လေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အလှအပပစ္စည်းတွေကို ခဏခဏပြောင်းလဲသုံးစွဲခြင်း

Skin care ပစ္စည်းတွေကို ရာသီဥတုပေါ် မူတည်ပြီး ပြောင်းလဲသုံးစွဲသင့်ပေမယ့် အမျိုးမျိုးအစား အများကြီးကို ခဏခဏ ပြောင်းသုံးတာတော့ မကောင်းပါဘူး။ တစ်ခါတရံ လျှော့ဈေးနဲ့ရတာကြောင့် ဝယ်လိုက်မိတဲ့ အလှအပပစ္စည်းတွေက မျက်နှာအသားအရေနဲ့ မကိုက်ညီဘဲ ဖြစ်တတ်ပါတယ်။

အဲဒါကြောင့် မိမိနဲ့အဆင်ပြေနေဆဲဖြစ်တဲ့ Skin care ကိုသာ တစ်သမတ်တည်းသုံးပါ။ တစ်ခါတရံ ခရင်မ်လေး ပြောင်းလိမ်းမိလိုက်ရင်တောင် မျက်နှာမှာ အဖုအပိမ့်တွေက ထွက်လာပါတယ်။

၂။ မျက်နှာအတွက် scrub ကို နေ့စဉ်သုံးခြင်း

မျက်နှာက ဆဲလ်သေတွေကို ဖယ်ရှားဖို့အတွက် scrub ကို သုံးပေးဖို့ လိုပါတယ်။ ဒါပေမယ့် နေ့စဉ်အသုံးအပြုရင် မျက်နှာအသားအရေ ပွန်းလာပြီး နီမြန်းနာကျင်တာကို ခံစားရမှာပါ။ အဲဒါကြောင့် တစ်ပတ်ကို တစ်ခါ၊ နှစ်ခါသုံးပေးရင် လုံလောက်ပါပြီ။

၃။ Makeup remover ကို အသုံးမပြုခြင်း

မိတ်ကပ်လိမ်းပြီးတဲ့အခါ သာမန်မျက်နှာသစ်ရုံနဲ့ မိတ်ကပ်အညစ်အကြေးတွေက မပြောင်သွားပါဘူး။ အဲဒါကြောင့် မိတ်ကပ်ဖျက်ဆေးကို အသုံးပြုပေးဖို့ လိုပါတယ်။ မျက်နှာမှာ မိတ်ကပ်အညစ်အကြေးတွေ များလာရင် ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်လာတာကြောင့် skin care သလောက် မထိရောက်ပါဘူး။

၄။ ခေါင်းအုံးစွပ်ကို ရက်ပေါင်းများစွာ အသုံးပြုခြင်း

သင်က ခေါင်းကို သေသေချာချာလျှော်ပြီး skin care ရင်တောင် ခေါင်းအုံးစွပ်က ညစ်ပတ်နေရင် ဝက်ခြံတွေဖြစ်လာနိုင်ပါသေးတယ်။ ခေါင်းအုံးစွပ်ကို ၃ ရက်တစ်ခါခန့် လဲပေးသင့်ပါတယ်။ ဒါ့အပြင် ပိုးသားခေါင်းအုံးစွပ်က မျက်နှာမှာ အရေးအကြောင်းဖြစ်တာကို ကာကွယ်ပေးပါတယ်။

၅။ တိုနာကို အသုံးမပြုခြင်း

တိုနာက မျက်နှာအသားအရေကို pH ညီမျှအောင် ထိန်းညှိပေးပါတယ်။ ချွေးပေါက်ကျယ်သူတွေအတွက် တိုနာကို မဖြစ်မနေ သုံးပေးသင့်ပါတယ်။ မျက်နှာအသားအရေ ခြောက်တာ၊ မညီမမျှတာတွေ မဖြစ်အောင် တိုနာလိမ်းဖို့ မမေ့သင့်ပါဘူးနော်။

၆။ ပေါင်ဒါကို အဆီပြန်တာ ဖုံးဖို့အတွက် အသုံးပြုခြင်း

မျက်နှာကို အမြဲအဆီမပြန်ဖို့ ပေါင်ဒါက အမြဲမကူညီပေးနိုင်ပါဘူး။ ရာသီဥတုပူတဲ့အခါ အဆီပြန်လို့ ပေါင်ဒါတွေပဲဖို့နေရင် ချွေးပေါက်တွေ ပိတ်သွားမှာပါ။ ပေါင်ဒါအစား အဆီစုပ်ပေးတဲ့ စက္ကူပါးလေးကိုသာ အသုံးပြုပါ။

၇။ မျက်ခုံးကို မဖျက်ခြင်း

သင်က မိတ်ကပ်ဖျက်ပြီးနောက် မျက်ခုံးဆွဲထားတာကို ဖျက်ဖို့လည်း လိုပါသေးတယ်။ မျက်ခုံးဆွဲထားတာကို မဖျက်ဘဲ တစ်ညလုံး အိပ်လိုက်ရင် မျက်ခုံးတစ်ဝိုက်ယားယံတာတွေကို ခံစားရစေမှာပါ။

၈။ ရေမချိုးခင်မှာ မျက်နှာသစ်ခြင်း

ရေမချိုးခင်မှာ မျက်နှာသစ်တာက မျက်နှာက အညစ်အကြေးတွေကို မပြောင်စင်စေပါဘူး။ ဒါ့အပြင် ခေါင်းလျှော်ရည်မှာပါတဲ့ပစ္စည်းတွေက မျက်နှာပေါ်ကို စီးကျလာရင် မျက်နှာအသားအရေနဲ့ ဓာတ်မတည့်တာ ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် ရေချိုးပြီးမှ မျက်နှာကို သေသေချာချာ သန့်ရှင်းရေး လုပ်သင့်ပါတယ်။

၉။ အိပ်ရာမဝင်ခင်မှာ skin care မလုပ်ခြင်း

တစ်နေကုန် မိတ်ကပ်လိမ်းပြီးသွားရင် skin care လုပ်ဖို့လည်း လိုပါသေးတယ်။ အဲဒီအခါမှသာ မျက်နှာအသားအရေက ကောင်းမွန်ပြီး ရလဒ်ကောင်း ရရှိမှာပါ။ အဆင့်ဆင့်လုပ်ဖို့အတွက် အချိန်မရရင်တောင် nighte cream, serum သို့မဟုတ် mask ကိုတော့ အသုံးပြုသင့်ပါတယ်။

၁၀။ Sunscreen ကို အသုံးမပြုခြင်း

Sunscreen ကို နေရောင်ထဲသွားမှသာ လိုအပ်တယ်လို့ အများက ထင်ကြပါတယ်။ တကယ်တော့ SPF ပါဝင်တဲ့ Sunscreen ကို မိုးအုံ့တဲ့နေ့တွေနဲ့ အပြင်မထွက်ဖြစ်တဲ့ နေ့တွေမှာတောင် လိမ်းပေးဖို့ လိုအပ်ပါတယ်။ SPF အနည်းဆုံး ၃၀ လောက်ပါပြီး ရေဓာတ်ဖြည့်ပေးတဲ့ Sunscreen ကို ဝယ်ယူရင် အသားအရေအတွက်လုံလောက်ပါပြီ။

Bonus

မျက်နှာအသားအရေကို ကြေးချွတ်ဖို့၊ ဆဲလ်သေတွေကို ဖယ်ရှားဖို့ ငှက်ပျောသီးက ကူညီပေးနိုင်ပါတယ်။

- မျက်လုံးက မို့ပြီးရောင်နေရင် ငှက်ပျောသီးအခွံကို မျက်လုံးပေါ်မှာ မိနစ်အနည်းငယ်ကြာ အုပ်ထားလိုက်ပါ။

- ငှက်ပျောသီးအခွံက အနှစ်တွေကို မျက်နှာပေါ်မှာ မိနစ် ၃၀ ကြာ ပေါင်းထားပေးရင် အရေးအကြောင်းတွေကို ကာကွယ်ပြီး ဖြစ်စေပါတယ်။

- ငှက်ပျောသီးအခွံနဲ့ သွားကို ပွတ်တိုက်ပေးရင် သွားတွေ ဖြူစင်လာစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments