တရုတ်အမျိုးသမီးတွေ နုပျိုနေရတဲ့လျှို့ဝှက်ချက် (၇) ခု

တရုတ်နိုင်ငံဟာ သင့်ကို အသက်ရှည်ကျန်းမာစေဖို့ ကူညီပေးနိုင်တဲ့ ဉာဏ်ပညာနှင့် လျှို့ဝှက်ချက်တွေ သိမ်းဆည်းထားတဲ့ သိုလှောင်ခန်းပဲ ဖြစ်ပါတယ်။ တစ်ခါတရံမှာ ဆံပင်ဖြူလာမှသာ တကယ့်အသက်အရွယ်ရဲ့ အရိပ်အမြွက် ဖြစ်နိုင်ပါတယ်။

ကောင်းမွန်တဲ့ အလှကုန်တွေက သင့်ကို လှပအောင် ကူညီပေးနိုင်ပေမယ့် သင့်ခန္ဓာကိုယ်ကို အတွင်းပိုင်းကနေ ထောက်ပံ့ပေးဖို့ကလည်း အရေးကြီးပါတယ်။

၁။ တစ်ပတ်တစ်ခါ သက်သက်လွတ်စားပါ။

တရုတ်လူမျိုးတွေရဲ့ ငယ်ရွယ်နုပျိုနေပုံဟာ အခြားလူတွေကို မကြာခဏ အံ့အားသင့်စေပါတယ်။ အသက် 53 နှစ်အရွယ်ရှိတဲ့ မင်းသမီး Xu Qing ဟာ နုပျိုလွန်းနေတာကြောင့် အသက် 30 ထက် မပိုဘူးလို့တောင် ထင်ရပါတယ်။

တရုတ်ရိုးရာဆေးပညာအရ အလှအပနှင့် နုပျိုခြင်းအတွက် အရေးကြီးဆုံးအရာ တစ်ခုကတော့ အသားမစားခြင်းပဲ ဖြစ်ပါတယ်။ လတ်ဆတ်တဲ့ အစားအစာတွေကို စားပြီး တစ်ပတ်ကို အသီးအရွက် တစ်ရက်လောက်စားခြင်းက အလွန်အထောက်အကူ ဖြစ်တယ်လို့ ဆိုပါတယ်။

၂။ ထမင်းချက်ရင် ဆားထည့်မချက်ပါနဲ့။

ဆားက ဓာတ်မတည့်မှု ခုခံအား တုံ့ပြန်မှုမှာ အဓိက အကြောင်းရင်း ဖြစ်နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။ ဆိုဒီယမ်စားသုံးမှုကို လျှော့ချတာက အိုမင်းရင့်ရော်မှုကို နှေးကွေးစေနိုင်ပါတယ်။ တရုတ်တွေက ထမင်းချက်တဲ့အခါ ဆားထည့်မချက်ကြပါဘူး။

၃။ ကြာရွက်ကို ကြိုသောက်ပါ။

သောက်မယ်ဆိုရင် အပူလည်း သောက်နိုင်သလို အအေးခံပြီးမှလည်း သောက်နိုင်ပါတယ်။ ဆီးပြဿနာကိုလည်း အဆင်ပြေစေတဲ့အပြင် ဝိတ်ကိုလည်း ကျစေပါတယ်။ ပြီးတော့ အစာအိမ်နဲ့ဆိုင်တဲ့ ရောဂါတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

အဝလွန်သူတွေနဲ့ အဆီစားများခြင်းကြောင့် ကိုယ်အလေးချိန်တက်လာသူတွေအတွက် အထူးသင့်တော်ပါတယ်။ တစ်နေ့ကို ကြာပန်းလက်ဖက်ရည် သုံးခွက်ကနေ လေးခွက်လောက် သောက်ဖို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

၄။ Tai Chi လေ့ကျင့်ပါ။

Tai Chi က စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်းကို လျှော့ချနိုင်ပြီး စွမ်းအင်၊ သက်လုံနှင့် ပျော့ပြောင်းမှုကို တိုးမြင့်စေနိုင်ကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ယောဂကျင့်ခြင်းနဲ့ အလားတူပါပဲ။ တစ်နေ့ကို 10 မိနစ်လောက် Tai Chi ကစားပေးခြင်းက အသက်ရှည်ပြီး နုပျိုစေပါတယ်။

၅။ မတ်ပဲစေ့နဲ့ မျက်နှာပေါင်းတင်ပါ။

မတ်ပဲရဲ့ အသုံးဝင်ပုံအကြောင်း တစ်ခါမှ မကြားဖူးဘူး ဆိုရင်တော့ ဒါက တရုတ်ရဲ့ ရှေးကျတဲ့ လျှို့ဝှက်ချက်တစ်ခုပါပဲ။ မတ်ပဲကို အမှုန့်ဖြစ်အောင်ကြိတ်ပြီး သင့်မျက်နှာပေါ် လိမ်းပေးပါ။ ဝက်ခြံတွေကို သက်သာပျောက်ကင်းစေပါတယ်။

၆။ နနွင်းလိမ်းပေးပါ။

ပိုထိရောက်တဲ့ ပေါင်းတင်နည်းတစ်ခုကတော့ နနွင်းပါ။ မျက်နှာပေါ်မှာရှိတဲ့ အချို့သော အရေပြား အခြေအနေတွေကို ကုသတဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။ ဒိန်ချဉ် ဒါမှမဟုတ် ပျားရည်ကိုထည့်ပြီး Mask ပြုလုပ်နိုင်ပါတယ်။ ဓာတ်မတည့်ခြင်းနှင့် ယားယံခြင်းတွေ ဖြစ်လာရင်တော့ ဆက်မလုပ်တာ အကောင်းဆုံးပါပဲ။

၇။ မှိုစားပါ။

တရုတ်နိုင်ငံရဲ့ ဟင်းပွဲအများစုမှာ မှိုထည့်ချက်ကြပါတယ်။ အစားအသောက်မှာတင်မကပဲ တရုတ်တိုင်းရင်းဆေးပညာမှာလည်း အလွန်သုံးပါတယ်။ မှိုမှာ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်တဲ့ ထူးခြားတဲ့ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ မှိုတွေထဲမှာမှ လူ့ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်ဆုံးကတော့ ကောက်ရိုးမှို၊ shiitakes၊ truffles နှင့် နို့မှိုတို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် မှိုဟာ ဗီတာမင် D ရဲ့အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပြီး သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကယ်လိုရီနည်းပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်ကို နုပျိုနေစေဖို့ကတော့ အသေအချာပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments