အဝတ်လျှော်စက်ထဲမှာ ကြာရှည်စွဲနေတဲ့ မှိုတွေကို ဖယ်ရှားနိုင်မယ့်နည်းလမ်း (၇) ခု

အဝတ်လျှော်စက်ကို သေချာသန့်ရှင်းရေးမလုပ်ဘဲ အချိန်အကြာကြီးထားတဲ့အခါ မှိုတွေ ပေါက်ဖွားနေမှာပါ။ သင့်ရဲ့အဝတ်လျှော်စက်ထဲမှာ မှိုတွေရှိနေပြီဆိုရင် စိတ်မပူပါနဲ့တော့။ အဝတ်လျှော်စက်ထဲက မှိုတွေကို လွယ်လွယ်ကူကူ ရှင်းထုတ်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ လိုအပ်သောပစ္စည်းများ

အဝတ်လျှော်စက်ထဲက မှိုတွေ မရှိစေဖို့ အောက်ပါအရည်တွေထဲက နှစ်သက်ရာတစ်မျိုးကို ရွေးချယ်နိုင်ပါတယ်။

- ရေနှစ်ခွက်၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ခွက်တစ်ဝက်၊ သံပုရာရည်ခွက် လေးပုံတစ်ပုံကို ရောမွှေပါ။ ဒီနည်းကတော့ မှိုတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးပြီး နောက်ထပ်ဖြစ်မလာအောင်လည်း ကာကွယ်ပေးပါတယ်။

- ရေနှစ်ခွက်၊ သံပုရာရည်ခွက် လေးပုံတစ်ပုံ၊ ရှာလကာရည်ခွက် တစ်ဝက်ကို နှံ့အောင်ရောမွှေပါ။

- ရှာလကာရည် ၁ ဆနဲ့ ရေ ၄ ဆတို့ကို ရောမွှေပါ။ မှိုတွေက အရမ်းများနေရင် ရှာလကာရည်သီးသန့်ပဲ ထည့်ပါ။

- အစွန်းချွတ်ဆေး ၁ ဆနဲ့ ရေ၁ဆကို ရောပါ။ ဒါမှမဟုတ် အစွန်းချွတ်ဆေးသီးသန့်ပဲ အသုံးပြုလို့လည်း ရပါတယ်။

၂။

အထက်ပါ မှိုပျောက်ဆေးအရည်တွေထဲက တစ်မျိုးကို ဘူးတစ်ခုထဲမှာ ထည့်ပါ။ အဲဒီနောက် အဝတ်လျှော်စက်ရဲ့ ဂတ်စကတ်ထဲက မှိုတွေပေါ်မှာ ဖျန်းပေးပါ။ ဖျန်းတဲ့အခါ လက်အိတ်စွပ်ပြီး mask တပ်ဖို့ မမေ့ပါနဲ့နော်။

၃။

ဂတ်စကတ်ပေါ်မှာ ဖျန်းပြီးတဲ့အခါ ပိတ်စလေးနဲ့ သေသေချာချာ သန့်ရှင်းရေးလုပ်ပါ။

၄။

မှိုတွေက ရှိနေသေးရင် မှိုပျောက်ဆေးအရည်ကို ထပ်ဖျန်းပြီး မိနစ်အနည်းငယ် ကြာအောင်ထားပါ။ ပြီးရင် သွားတိုက်တံအဟောင်း တစ်ချောင်းနဲ့ နှံ့အောင် ပွတ်တိုက်ပေးပါ။

၅။

ဂတ်စကက်ကို သန့်ရှင်းရေးလုပ်ပြီးတဲ့အခါ ဒရမ်နဲ့ ပိုက်ထဲကို သန့်ရှင်းရေး လုပ်လို့ရပါပြီ။ မှိုပျောက်ဆေးအရည်ကို အဝတ်လျှော်စက်ထဲ လောင်းထည့်လိုက်ပြီး စက်ကို လည်လိုက်ပါ။ အဲဒီအခါ ပိုက်တွေထဲမှာရှိတဲ့မှိုတွေ၊ အနှံ့အသက်ဆိုးတွေပါ ကင်းစင်သွားမှာပါ။

၆။ အဝတ်လျှော်စက်ထဲက ဆပ်ပြာရည်ထည့်တဲ့ အကန့်လေးတွေကိုလည်း သန့်ရှင်းရေးလုပ်ပေးပါ။

ရေနွေးထဲမှာ ခဏထည့်စိမ်ထားပြီး နိုင်လွန်ဘရက်ရှ်နဲ့ ညင်ညင်သာသာ ရှင်းလင်းပေးလို့ရပါတယ်။ ဆပ်ပြာရည်ထည့်တဲ့ အကန့်လေးတွေကို သန့်ရှင်းဖို့ အဝတ်လျှော်ဆပ်ပြာရည်နဲ့ အစွန်းချွတ်ဆေးတို့ကို သုံးလို့မရပါဘူး။ ရေနွေးနဲ့ သန့်ရှင်းပေးရင် လုံလောက်ပါပြီ။

၇။

အထက်ပါနည်းလမ်းတွေက အဆင်မပြေဘူးဆိုရင်၊ ပိုက်ထဲမှာ ပိတ်ဆို့နေရင်၊ ဒရမ်ရဲ့နောက်မှာ မှိုတွေ အရမ်းပွားနေတယ်ဆိုရင် ကျွမ်းကျင်သူနဲ့ ပြသသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments