အဝတ်လျှော်စက်ကိုသာမက အဝတ်အစားတွေကိုပါ ထိခိုက်စေတဲ့ အဝတ်လျှော်နည်း (၉) ခု

အဝတ်လျှော်စက်နဲ့ အဝတ်လျှော်ရတာ အချိန်ကုန်လူပင်ပန်း သက်သာပါတယ်။ ဒါပေမယ့် အဝတ်လျှော်စက်ကို အသုံးပြုပုံ မှားယွင်းရင် စက်ကိုသာမက အဝတ်အစားတွေကိုပါ ထိခိုက်စေပါတယ်။ အဲဒါကြောင့် ဘယ်လိုအချက်တွေက အဝတ်လျှော်စက်နဲ့ အဝတ်တွေကို ကြာရှည်မခံစေလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အဝတ်နည်းနည်းလေး လျှော်တဲ့အခါ washing capsules ကို အသုံးပြုခြင်း

washing capsules ထဲမှာ အဝတ်လျှော်ဆပ်ပြာရည်ကို တိုင်းတာပြီး ထည့်ထားတာကြောင့် အသုံးပြုရတာလွယ်တဲ့အပြင် သိမ်းရလည်း လွယ်ကူပါတယ်။ အဝတ်အစား မနည်းမများအရေအတွက်လောက် လျှော်မယ်ဆိုရင် washing capsules က အရမ်းအဆင်ပြေပါတယ်။

ဒါပေမယ့် အဝတ်အစား နည်းနည်းလေးလျှော်တဲ့အခါ washing capsules ထည့်လျှော်ရင် အဝတ်အစားနဲ့ ဆပ်ပြာရည် မမျှဘဲ အဝတ်လျှော်စက်ကိုသာမက အဝတ်အစားတွေကိုပါ ထိခိုက်စေပါတယ်။

၂။ အဝတ်လျှော်စက်ကို လေဝင်လေထွက်ကောင်းအောင် မထားခြင်း

လူအများစုက အဝတ်လျှော်ပြီးရင် စက်ကို တစ်ခါတည်းပိတ်လိုက်ကြပါတယ်။ အဲဒီအခါ အစိုဓာတ်တွေကြောင့် မှိုနဲ့ ဘက်တီးရီးယားတွေ ပွားလာပါတယ်။ အဲဒါကြောင့် အဝတ်လျှော်ပြီးရင် အဝတ်လျှော်စက်တံခါးကို ၁၅ မိနစ်ခန့် လေဝင်အောင် ဖွင့်ထားပေးပါ။

၃။ အဝတ်လျှော်ဆပ်ပြာရည်အစား ဆပ်ပြာမှုန့်ကို အသုံးပြုခြင်း

အဝတ်လျှော်ဆပ်ပြာရည်နဲ့ ဆပ်ပြာမှုန့်ကို ယှဉ်လိုက်ရင် ဆပ်ပြာရည်ကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။ အဝတ်လျှော်ဆပ်ပြာရည်က အစွန်းအထင်းတွေကို ပိုပြီးပြောင်စင်စေပါတယ်။ အဝတ်လျှော်စက်မှာ ဆပ်ပြာရည်သုံးမယ်ဆိုရင် စက်အတွက် သက်တမ်းပိုကြာရှည် ခံစေပါတယ်။

၄။ အဝတ်လျှော်ဆပ်ပြာကို အဝတ်တွေပေါ်မှာ ထည့်ခြင်း

လူအများစုက အဝတ်လျှော်စက်ထဲကို အဝတ်တွေအားလုံးထည့်ပြီးမှ ဆပ်ပြာကို အပေါ်ကနေ လောင်းထည့်လိုက်ကြပါတယ်။ အဲဒီအခါ ဆပ်ပြာတွေက အကုန်အဆင်မပျော်ဝင်နိုင်တော့ပါဘူး။ ပြီးတော့ ဆပ်ပြာတွေက အဝတ်အစားတွေပေါ်မှာ တင်ကျန်ရစ်တာကြောင့် အဝတ်တွေကို ဆွေးမြည့်စေပါတယ်။

၅။ အဝတ်အစားတွေကို နူးညံ့စေတဲ့ဆပ်ပြာရည်ကို အသုံးပြုခြင်း

အဝတ်အစားတွေကို နူးညံ့စေတဲ့ဆပ်ပြာရည်က ရနံ့လည်း မွှေးတာကြောင့် လူကြိုက်များပါတယ်။ ဒါပေမယ့် သူက အဝတ်လျှော်စက်ထဲမှာ မှိုတွေပွားလာအောင် အားပေးတဲ့အပြင် စက်ရဲ့ပိုက်တွေမှာလည်း ပိတ်ဆို့စေပါတယ်။

၆။ အဝတ်လျှော်ဆပ်ပြာကို လုံလုံလောက်လောက်မထည့်ခြင်း

အဝတ်အစားနဲ့ ဆပ်ပြာ မမျှတရင်လည်း အဝတ်အစားတွေ မပြောင်မစင် ဖြစ်နေမှာပါ။ အဲဒီအခါ စက်ကလည်း ပိုပြီး အလုပ်လုပ်ရတဲ့အတွက် အဝတ်လျှော်စက်ရဲ့သက်တမ်းကိုလည်း တိုစေပါတယ်။ အဝတ်အစား အထည်အရေအတွက်နဲ့မျှတတဲ့ ဆပ်ပြာရည်ကို ထည့်ဖို့လိုအပ်ပါတယ်။

၇။ မလျှော်ခင်မှာ အဝတ်မှာကပ်နေတဲ့ အမျှင်တွေကို မဖယ်ရှားခြင်း

သင့်အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေရှိနေရင် သူတို့ရဲ့အမွေးအမျှင်တွေက သင့်ရဲ့အင်္ကျီမှာ ကပ်နေမှာပါ။ အမျှင်တွေ ကပ်နေတဲ့အဝတ်အစားတွေကို အဝတ်လျှော်စက်ထဲ တိုက်ရိုက်မထည့်သင့်ပါဘူး။

အဲဒီအမျှင်တွေက ပိုက်တွေမှာ ပိတ်ဆို့စေပြီး မော်တာကိုလည်း ထိစေမှာပါ။ အဲဒါကြောင့် အဝတ်အစားမှာကပ်နေတဲ့အမျှင်တွေကို သေသေချာချာ ဖယ်ရှားပြီးမှာ အဝတ်လျှော်သင့်ပါတယ်။

၈။ မလျှော်ဖြစ်သေးတဲ့ အဝတ်အစားအစိုတွေကို အဝတ်လျှော်စက်ထဲ ထည့်ထားခြင်း

ချွေးတွေ၊ ရေတွေစိုနေတဲ့ အဝတ်အစားတွေကို မလျှော်ဖြစ်သေးဘဲ အဝတ်လျှော်စက်ထဲကို ထည့်ထားလိုက်ရင် မှိုနဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားနေမှာပါ။ ဒါ့အပြင် လျှော်ပြီးသား အဝတ်အစားတွေကိုလည်း အဝတ်လျှော်စက်ထဲ အကြာကြီးမထားဘဲ လှန်းသင့်ပါတယ်။ အဲဒီအခါ အနံ့ဆိုးတွေ ထွက်မလာအောင် ကာကွယ်ပြီးသား ဖြစ်စေမှာပါ။

၉။ အဝတ်စားတွေကို ခြောက်သွေ့စေတဲ့ သိုးမွေးဘောလုံးလေးကို အသုံးမပြုခြင်း

လူအများစုက အဝတ်အစားတွေကို နူးညံ့စေတဲ့ဆပ်ပြာရည်ကို အသုံးပြုပြီး သိုးမွေးဘောလုံးလေးကို မေ့နေတတ်ကြပါတယ်။ အဝတ်လျှော်စက်ထဲမှာ သိုးမွေးဘောလုံးလေးကို ထည့်ပြီးလျှော်ရင် စက်ထဲမှာ ပိတ်တာမျိုးမဖြစ်ပါဘူး။ အဝတ်အစားတွေ မြန်မြန်ခြောက်သွေ့အောင်၊ နူးညံ့အောင်လည်း ကူညီပေးပါတယ်။

zombie (lovemedia)

Post a Comment

0 Comments