မီးဖိုချောင်ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်ရာမှာ သံပုရာသီးရဲ့အသုံးဝင်ပုံ (၄) မျိုး

သံပုရာသီးက မီးဖိုမှာ အရမ်းကို အသုံးဝင်တဲ့ အသီးပါ။ သံပုရာသီးကို သောက်တာအပြင် အခြားအသုံးဝင်ပုံတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

၁။ စဉ်းတီတုံး သန့်ရှင်းရေးအတွက်

သစ်သားစဉ်းတီတုံးကို အသားတွေ လှီးပြီးအခါ သန့်ရှင်းရေးလုပ်ဖို့လိုရင် သံပုရာသီးရှိပါတယ်။ သံပုရာသီးတစ်လုံးကို နှစ်ခြမ်းခွဲလိုက်ပါ။ ခြမ်းထားတဲ့ သံပုရာသီးနဲ့ စဉ်းတီတုံးကို ပွတ်တိုက်လိုက်ပါ။ ၅ မိနစ်လောက် ကြာပြီးရင်တော့ စဉ်းတီးတုံးကို ရေဆေးချလိုက်ပါ။

၂။ လက်က အနံ့ဆိုးတွေ ပျောက်စေဖို့အတွက်

သံပုရာသီးက လက်မှာစွဲကျန်နေတဲ့ ငါးညှီနံ့တွေ၊ ဟင်းနံ့တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး လက်အနှံ့ပွတ်တိုက်ပါ။ ဆားထည့်ပြီး ပွတ်တိုက်ရင် ပိုပြီးတော့ ထိရောက်ပါတယ်။

၃။ ခြစ်ခုံက အစားအစာအကျန်တွေကို ဖယ်ရှားဖို့အတွက်

ခြစ်ခုံမှာ ချိစ်တွေ ခြစ်ပြီးနောက် ချိစ်တွေအနည်းငယ် ကျန်နေတတ်ပါတယ်။ ကျန်နေတာတွေကို ပန်းကန်ဆေးဖော့နဲ့ ဆေးတာထက် သံပုရာသီးနဲ့ ဆေးတာက ပိုပြီး မြန်ဆန်ပါတယ်။ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး ဆားအနည်းငယ် ထည့်လိုက်ပါ။

အဲဒီနောက် ခြစ်ခုံမှာကျန်တဲ့ အစားအစာတွေကို မရှိတော့အောင် သံပုရာသီးနဲ့ ခြစ်ချလိုက်ပါ။ သံပုရာသီးနဲ့ခြစ်ပြီးရင် ၅ မိနစ်ခန့်ထားလိုက်ပါ။ ၅ မိနစ်ကြာပြီးနောက် ရေနွေးနဲ့ ဆေးချလိုက်ပါ။

၄။ ကြိတ်စက်ကို သန့်ရှင်းရေးလုပ်ဖို့အတွက်

ကြိတ်စက်ကို သန့်ရှင်းရေး လုပ်မယ်ဆိုရင် ကြိတ်စက်ထဲကို ရှာလကာရည်ခွက်ရဲ့ လေးပုံတစ်ပုံ၊ မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်းအနည်းငယ်၊ ရေနွေးတစ်ခွက်တို့ကို ထည့်ပြီး ပူဖောင်းတွေ ပျောက်သွားတဲ့အထိ စောင့်ပါ။ ပူဖောင်းတွေ ပျောက်သွားပြီဆိုရင် သံပုရာသီးတစ်လုံးကို အစိတ်လေးတွေဖြစ်အောင် လှီးပြီးထည့်လိုက်ပါ။

အဲဒီနောက် အဝတ်စတစ်ခုနဲ့ ကြိတ်စက်ပေါ်ကို ဖုံးအုပ်ထားပြီး စက္ကန့် ၆၀ ခန့်စောင့်ပါ။ ခဏကြာရင်တော့ အကုန်သွန်ပစ်လိုက်ပြီး ကြိတ်စက်ကို ဆပ်ပြာနဲ့ရေဆေးလိုက်လို့ရပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments