လက်မောင်းကြီးသူတွေအတွက် လက်မောင်းသေးသွယ်တယ်လို့ထင်ရစေတဲ့ အဝတ်အစားရွေးချယ်နည်းလျှို့ဝှက်ချက် (၁၀) ခု

သင်ဟာ လက်မောင်းကြီးတဲ့သူဆိုရင် အဝတ်အစား ရွေးချယ်တဲ့အခါ အခက်တွေ့မှာပါ။ အချို့အဝတ်အစားတွေက လက်မောင်းကြီးတာထက် ပိုကြီးတယ်လို့ ထင်ရစေလို့ပါ။ အဲဒါကြောင့် လက်မောင်းကြီးတာကို ဖုံးကွယ်နိုင်မယ့် အဝတ်အစား ရွေးချယ်နည်းတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ လက်မောင်းကို ထွင်းဖောက်မြင်ရတဲ့ ဇာအင်္ကျီ

သင်က လက်မောင်းကြီးတယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံစားနေရရင် လက်ပြတ်အင်္ကျီတွေအစား ဘလောက်စ်အင်္ကျီနဲ့ လက်မောင်းကို ထွင်းဖောက်မြင်ရတဲ့ ဇာအင်္ကျီကို ရွေးချယ်ပါ။ အနည်းငယ်ပွတဲ့ အင်္ကျီလက်တွေကလည်း သင့်လက်မောင်းကို သေးသွယ်တယ်လို့ ထင်ရစေမှာပါ။

၂။ လက်တိုအင်္ကျီ

လက်မောင်းကြီးတာကို ဖုံးချင်လို့ဆိုပြီး လက်မောင်းကျယ်တဲ့အင်္ကျီတွေကို မရွေးသင့်ပါဘူး။ အဲဒီအခါ ခန္ဓာကိုယ်က ပိုကြီးတယ်တောင် ထင်ရပါတယ်။ အရောင်နုနုလေးနဲ့ လက်တိုအင်္ကျီလေးတွေကိုသာ ရွေးချယ်ပါ။

၃။ ကြိုးပြားကြီးတဲ့ အင်္ကျီ

လက်ပြတ်အင်္ကျီတွေကို ရွေးချယ်တော့မယ်ဆိုရင် ကြိုးပြားသေးတဲ့အင်္ကျီတွေက လက်မောင်းအသားကို ပိုထင်ရှားစေပါတယ်။ အဲဒါကြောင့် ကြိုးပြားသေးတဲ့အင်္ကျီတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေမှာပါ။

၄။ လက်စကအင်္ကျီ

လက်မောင်းကြီးတာကို မမြင်ရအောင်လို့ လက်ရှည်အင်္ကျီတွေချည်းပဲ မဝတ်လိုက်ပါနဲ့ဦး။ ပေါ့ပါးပြီး လူငယ်ဆန်တဲ့ ပုံစံဖြစ်စေဖို့ လက်စကအင်္ကျီလေးတွေကို ရွေးဝတ်ပါ။ ဒါပေမယ့် လက်ဖောင်းအင်္ကျီ မဖြစ်ဖို့တော့ လိုပါတယ်။ လက်ဖောင်းအင်္ကျီဆိုရင် ခန္ဓာကိုယ်က ပိုကြီးသွားမှာပါ။

၅။ ကုတ်အင်္ကျီ

ကုတ်အင်္ကျီတွေဝတ်တဲ့အခါ လက်ကို အနည်းငယ် မတင်ပြီးမှ ဝတ်ပါ။ အဲဒီအခါ ခန္ဓာကိုယ်ကို ပိန်သွယ်တယ်လို့ မြင်ရစေပြီး ကျက်သရေရှိတဲ့အလှကို ရရှိစေပါတယ်။ လက်ကောက်ဝတ်မှာ လက်ကောက်၊ နာရီတို့ဝတ်လိုက်ရင် ပိုပြည့်စုံသွားမှာပါ။

၆။ ဆွယ်တာ

လက်မောင်းတုတ်သူတွေအတွက် ဆွယ်တာရွေးတော့မယ်ဆိုရင် ပုခုံးကျတဲ့ ဆွယ်တာမျိုးကို ရွေးပါ။ အဲဒီလို ဆွယ်တာတွေက သင့်ကို ပိုပြီး မိန်းမဆန်တယ်လို့ ထင်ရစေပါတယ်။ အရောင်နုနုဆွယ်တာတွေက လက်မောင်းကြီးတာကို ပိုထင်ရှားစေတာကြောင့် မရွေးသင့်ပါဘူး။

၇။ ကြိုးမပါတဲ့အင်္ကျီ

ကြိုးမပါတဲ့ ပုခုံးပြတ်အင်္ကျီတွေ ဝတ်တော့မယ်ဆိုရင် ဆံပင်ကို တစ်ဖက်မှာ အမြဲချထားပါ။ ပြီးတော့ လည်ပင်းမှာ လည်ဆွဲတစ်ခုခု ဝတ်ဆင်လိုက်ပါ။ ကြိုးမပါတဲ့အင်္ကျီကို ဒီတိုင်းပဲ ဝတ်မယ်ဆိုရင် ခန္ဓာကိုယ်ကို ကြီးမားတယ်လို့ ထင်ရစေပါတယ်။

၈။ ဆွဲကြိုး အရှည်ကြီးဆွဲပါ။

သင်က ပုခုံးကျယ်နေလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိရင် စိတ်ပူစရာ မလိုတော့ပါဘူး။ ခပ်ရှည်ရှည် ဆွဲကြိုးတစ်ကုံးဆွဲပြီး ဆံပင်ကို ပုခုံးတစ်ဖက်မှာ ချထားလိုက်ပါ။ အဲဒီအခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် မြင်ရစေမှာပါ။

၉။ ပုခုံးတစ်ဖက်ပါတဲ့အင်္ကျီ

သင်က လက်မောင်းကြီးနေလို့ ပုခုံးတစ်ဖက်ပါတဲ့အင်္ကျီနဲ့ မလိုက်ဖက်လောက်ဘူးလို့ မထင်လိုက်ပါနဲ့။ လက်မောင်းတစ်ဖက်ပါတဲ့အင်္ကျီက လက်မောင်းကို ကြီးတဲ့ပုံမပေါ်စေတဲ့အပြင် ခန္ဓာကိုယ်ကို သေးသွယ်တယ်လို့တောင် ထင်ရစေတာပါ။ ဒါ့အပြင် ဆွဲဆောင်မှုလည်း ပိုရှိပါတယ်။

၁၀။ v ပုံစံလည်ပင်း

ဘယ်ရာသီဥတုမှာပဲဖြစ်ဖြစ် လှနေတဲ့လည်ပင်းပုံစံက v ပုံစံလည်ပင်းပါ။ ချစ်စရာကောင်းတယ်လို့ ထင်ရစေတဲ့အပြင် လက်မောင်းကြီးတာလည်း မသိသာတော့ပါဘူး။ လက်မောင်းကနေ ခါးအထိ အချိုးကျကျ လှပစေတာကြောင့် ရွေးချယ်သင့်တဲ့ လည်ပင်းပုံစံပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments