သင့်ကို အရပ်ရှည်တယ်လို့ထင်ရစေတဲ့ အဝတ်အစားဝတ်ဆင်နည်း (၆) ခု

တစ်ခါတရံမှာ အဝတ်အစားဝတ်ဆင်ပုံကို ပြောင်းလဲလိုက်တာနဲ့ ခန္ဓာကိုယ်ပုံစံ ပြောင်းလဲသွားပါတယ်။ အဝတ်အစားတွေက သင့်ကို ဝတယ်လို့ထင်ရစေသလို ပိန်သွယ်တယ်လို့လည်း ထင်ရစေပါတယ်။ ဒီနေ့မှာတော့ ဘယ်လိုအဝတ်အစားတွေက သင့်ကို အရပ်ရှည်တယ်လို့ ထင်ရစေလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ဖိနပ်နဲ့ ဘောင်းဘီ

ဖိနပ်နဲ့ဘောင်းဘီက အရောင်တူနေတယ်ဆိုရင် ခြေထောက်က ပိုပြီး ရှည်သွယ်တယ်လို့ ထင်ရစေပါတယ်။ ဒီနည်းလမ်းက ဒေါက်မြင့်ဖိနပ်တွေ စီးတာထက်ကို ပိုပြီးထိရောက်ပါသေးတယ်။

၂။ ခန္ဓာကိုယ်နဲ့ ကွက်တိကျတဲ့အဝတ်အစား

ပွချောင်တဲ့အဝတ်အစားတွေက သင့်ကို ဝဖြိုးတယ်လို့ ထင်ရစေပါတယ်။ အဲဒါကြောင့် သင့်ခန္ဓာကိုယ်နဲ့ ချပ်ချပ်ကပ်ကပ်ဖြစ်နေစေမယ့် အဝတ်အစားတွေကို ရွေးချယ်ပါ။ အဲဒီအခါ ခန္ဓာကိုယ်တစ်ခုလုံး ပိန်သွယ်ပြီး အရပ်ရှည်တဲ့ပုံစံ ဖြစ်သွားမှာပါ။

၃။ ခါးမြင့်တဲ့ဘောင်းဘီ

ဘောင်းဘီခါးကို လျှောဝတ်တာက ပိုပြီး စမတ်ကျတယ်လို့ လူအများက ထင်ကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ ဘောင်းဘီဝတ်တဲ့အခါ ခါးမြင့်တဲ့ဘောင်းဘီကို ရွေးချယ်ဝတ်ပါ။ အဲဒီအခါ သင့်ကို အရပ်ပုတယ်လို့ မထင်ရတော့ပါဘူး။

၄။ အရောင်တူတဲ့ဝတ်စုံ

ဝတ်စုံကို ရွေးချယ်တဲ့အခါ အပေါ်တစ်ရောင်၊ အောက်တစ်ရောင်ဝတ်စုံတွေက သင့်ကို စမတ်မဖြစ်စေပါဘူး။ အဲဒါကြောင့် အပေါ်အောက် အရောင်တူတဲ့ဝတ်စုံကို ရွေးချယ်ပါ။ အရပ်ရှည်တယ်လို့ ထင်ရစေတဲ့အပြင် ခန့်ညားတဲ့အသွင်ကိုလည်း ထပ်ဆောင်းအနေနဲ့ ရရှိပါတယ်။

၅။ အပွင့်သေးလေးတွေပါတဲ့ အဝတ်အစား

အဝတ်အစားရွေးချယ်တဲ့အခါ အပွင့်ကြီးတွေပါဝင်တဲ့ အဝတ်အစားတွေက သင့်ကို ခန္ဓာကိုယ်ကြီးမားတယ်လို့ ထင်ရစေပါတယ်။ အပွင့်သေးသေးလေးတွေပဲ ပါတဲ့အဝတ်အစားတွေကတော့ သင့်ကို အချိုးကျလှပပြီး အရပ်ပိုရှည်နေစေမှာပါ။

၆။ ဦးထုပ်

သင်က အရပ်ပုသူဆိုရင် အဝတ်အစားဝတ်တဲ့အခါ ဦးထုပ်ဆောင်းပါ။ ဦးထုပ်ဆောင်းတာက သင့်ကို အရပ်ပုတယ်လို့ မထင်ရစေတော့ပါဘူး။ ဒါမှမဟုတ် မိန်းကလေးဆိုရင်လည်း ခေါင်းမှာ ပုဝါလေးစည်းထားပေးလို့ ရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments