ခန္ဓာကိုယ်မှာ အနံ့အသက်ပြင်းတာကို ထိန်းချုပ်နိုင်မယ့်နည်းလမ်းများ

ချွေးထွက်တာက သဘာဝဖြစ်စဉ်တစ်ခုပါပဲ။ ဒါပေမယ့် ချွေးတွေ အရမ်းထွက်တာများရင် အနံ့အသက်ဆိုးတွေ ထွက်လာပါတယ်။ အဲဒီအခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ နည်းလာမှာပါ။ အဲဒါကြောင့် ခန္ဓာကိုယ်အနံ့အရမ်းပြင်းတဲ့အခါ ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

ခန္ဓာကိုယ်မှာ အပူချိန်မြင့်လာတဲ့အခါ ချွေးဂလင်းတွေကလည်း အလိုအလျောက် အလုပ်လုပ်လာပါတယ်။ ချိုင်း၊ ခြေထောက်၊ လက်ဖဝါးတို့မှာ ချွေးတွေအများဆုံးထွက်ပါတယ်။ ချွေးမှာ အနံ့မရှိပါဘူး။

ဒါပေမယ့် ချွေးက အရေပြားပေါ်ကို ရောက်လာတဲ့အခါ ဘက်တီးရီးယားတွေနဲ့ ထိတွေ့ပြီး အနံ့ဆိုးတွေ ထွက်လာတာပါ။ ခန္ဓာကိုယ်က ချွေးနံ့က ချွေးဂလင်းနှစ်ခုပေါ်မှာ မူတည်ပြီး အနံ့ဆိုးတွေ ထွက်ပါတယ်။

Eccrine glands

Eccrine glands ကို ခန္ဓာကိုယ်တစ်ခုလုံးမှာ တွေ့နိုင်ပါတယ်။ Eccrine glands က ချွေးတွေကို အရောပြားပေါ်ကို ထုတ်ပေးပါတယ်။ Eccrine glands ကနေ ထုတ်လုပ်တဲ့ ချွေးတွေမှာ အများအားဖြင့် ဆားနဲ့ အခြားလျှပ်လိုက်ရည်တွေ ပါဝင်ပါတယ်။ အဆီပါဝင်မှု မရှိပါဘူး။ ဘက်တီးရီးယားတွေ ပြိုကွဲသွားတဲ့အခါ အခြားဒြပ်ပေါင်းတွေက အနံ့သက်ဆိုးတွေ ထုတ်လွှတ်ပါတယ်။

Apocrine glands

ခန္ဓာကိုယ်က အနံ့တွေက အများအားဖြင့် Apocrine glands ကနေ ထုတ်လုပ်တဲ့ ချွေးတွေကြောင့် ထွက်လာတာပါ။ ဒီဂလင်းမှာ အဆီပါဝင်မှာများပြီး ဘက်တီးရီးယားတွေ ပြိုကွဲသွားတဲ့အခါ အခြားဒြပ်ပေါင်းတွေကနေ အနံ့သက်ဆိုးတွေ ထုတ်လွှတ်ပါတယ်။

ခန္ဓာကိုယ်မှာ အပူချိန်မြင့်နေတဲ့အခါ သို့မဟုတ် စိတ်ဖိစီးမှုတွေများနေတဲ့အခါ Apocrine glands က ချွေးတွေကို ထုတ်လွှတ်ပါတယ်။ ချိုင်း၊ ပေါင်ခြံ၊ ချက်နဲ့ ရင်ဘတ်တစ်ဝိုက်မှာ ချွေးထက်ပါတယ်။

ရောဂါကြောင့် ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်ရဲ့ အနံ့အသက်များ

ကျန်းမာရေး အခြေအနေတွေကြောင့် ခန္ဓာကိုယ်မှာ အနံ့အသက်တွေက ပြောင်းလဲသွားပါတယ်။ ဆီးချို၊ လေးဘက်နာ၊ သွေးဆုံးချိန်၊ သိုင်းရွိုက်ပြဿနာ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ တို့ဖြစ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အနံ့အသက်ကိုပါ သက်ရောက်မှု ရှိစေပါတယ်။

ဟော်မုန်းနဲ့ ခန္ဓာကိုယ်ရဲ့အနံ့အသက်များ

ဟော်မုန်းအပြောင်းအလဲ ဖြစ်တဲ့အခါမှာလည်း ခန္ဓာကိုယ်မှာ ကိုယ်နံ့ပြင်းလာတတ်ပါတယ်။ သွေးဆုံးချိန်မှာဖြစ်တဲ့ ဟော်မုန်းအတက်အကျကြောင့် ချွေးတွေက ပုံမှန်ထက်ကို ပိုထွက်ပြီး အမျိုးသမီးတွေကိုယ်နဲ့က ပုံမှန်နဲ့ မတူတော့ပါဘူး။

ခန္ဓာကိုယ်ကို အနံ့အသက်ဆိုးဖြစ်စေတဲ့ အစားအစာများ

စားသောက်လိုက်တဲ့ အစားအစာတွေက ခန္ဓာကိုယ်ရဲ့အနံ့ကို သက်ရောက်မှုရှိစေပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီစိမ်း၊ ပန်းမုံလာ၊ အသား၊ အချိုမုန့်၊ ကော်ဖီ၊ အပူအစပ် အစားအစာများ စတဲ့အရာတွေက ခန္ဓာကိုယ်မှာ မကောင်းတဲ့အနံ့တွေ ပိုထွက်ဖို့အားပေးပါတယ်။ အဲဒီအစားအစာတွေကို လျှော့စားတာက ခန္ဓာကိုယ်ရဲ့ အနံ့အသက်ပြင်းတာတွေကို ထိန်းပြီးသား ဖြစ်စေပါတယ်။

ခန္ဓာကိုယ်မှာ အနံ့အသက်ဆိုးတွေကို ဘယ်လိုထိန်းချုပ်မလဲ။

- တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပါ။

- ချိုင်းက အမွေးအမျှင်တွေကို သန့်ရှင်းရေးလုပ်ပါ။

- အဝတ်အစားတွေကို ပုံမှန်လဲပါ။

- ချည်သားနဲ့ချုပ်ထားတဲ့ အောက်ခံ အစားအစာတွေကို ရွေးချယ်ပါ။

- ချွေးနံ့ပျောက်ဆေးကို အသုံးပြုပါ။

- ခန္ဓာကိုယ်မှာ အနံ့အသက်ဆိုး ဖြစ်စေမယ့် အစားအစာတွေကို ရှောင်ကြဉ်ပါ။

- စိတ်ဖိစီးမှုကို လျော့နည်းအောင် နေထိုင်ပါ။

အိမ်မှာတင်လွယ်လွယ်ကူကူ ပြုလုပ်နိုင်တဲ့ ချွေးနံ့ပျောက်ဆေးများ

- မုန့်ဖုတ်ဆိုဒါကို ရေနဲ့အနှစ်ရအောင်ဖျော်ပြီး ချိုင်းမှာ လိမ်းပေးပါ။ မုန့်ဖုတ်ဆိုဒါက အနံ့အသက်ဆိုးတွေကို လျော့နည်းစေပါတယ်။

- လက်ဖက်စိမ်းရေနွေးကို ချိုင်းမှာ နေ့တိုင်းလိမ်းပေးနိုင်ပါတယ်။

- ပန်းသီးရှာလကာရည်ကို ရေအနည်းငယ်နဲ့ရောပြီး ချိုင်းနေရာမှာ ဖျန်းပေးပါ။

- သံပုရာရည်ကို ရေအနည်းငယ်နဲ့ ရောပြီး ချိုင်းတစ်ဝိုက်မှာ သုတ်လိမ်းပေးပါ။

Zombie (lovemedia)

Post a Comment

0 Comments