အလွန်အကျွံမစားသင့်သော အစားအစာ (၈) မျိုး

“စူပါအစားအစာ” ဆိုတဲ့ အသုံးအနှုန်းကို နှစ်ဆယ်ရာစုအစောပိုင်းမှာ ငှက်ပျောသီးကို စားဖို့ ပထမဆုံး အသုံးပြုခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ အာဟာရဓာတ်များပြီး ကယ်လိုရီနည်းတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများစွာရှိတဲ့ မည်သည့်အစားအစာကိုမဆို superfood လို့ ခေါ်ပါတယ်။

စူပါအစားအစာတွေ စားသုံးခြင်းမှာ အကျိုးကျေးဇူးများစွာ ရှိပေမယ့်လည်း အလွန်အကျွံစားသုံးရင်တော့ ကျန်းမာရေးနှင့် မညီညွတ်နိုင်ပါဘူး။

၁။ ပန်းမုံလာက သင့်အူတွေကို ယားယံစေနိုင်ပါတယ်။

ပန်းမုံလာမှာ ကယ်လိုရီ ၃၁၊ ကာဗိုဟိုက်ဒရိတ် ၆ ဂရမ်နဲ့ အဆီ ၀.၃ ဂရမ်ပဲ ပါဝင်ပါတယ်။ အမျှင်ဓာတ်၊ ပရိုတင်း၊ ဗီတာမင် C၊ ပိုတက်စီယမ်နှင့် အခြားဗီတာမင်နှင့် သတ္တုဓာတ်င်္တေ ကြွယ်ဝစွာပါရှိပါတယ်။

ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ကိုက်လန်၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်တို့ကလည်း အူယားယံခြင်း ဒါမှမဟုတ် ဗိုက်ဆာစေတတ်ကြောင်း လေ့လာမှုတွေက တွေ့ရှိခဲ့ပါတယ်။ ပန်းမုန်လာနဲ့ အပေါ်က ဖော်ပြခဲ့တာတွေကို အလွန်အကျွံစားသုံးခြင်းက နှလုံးနှင့် သွေးကျဲဆေး သောက်တဲ့သူတွေအပေါ် ဆိုးကျိုးတွေဖြစ်စေကြောင်း တွေ့ရှိခဲ့ပါတယ်။

၂။ ဆော်လမွန်က သင့်ကို သွေးကျစေနိုင်ပါတယ်။

ဆော်လမွန်က ရောင်ရမ်းမှုကို လျှော့ချဖို့အတွက် အသင့်တော်ဆုံးပါပဲ။ ပိန်စေတဲ့ပရိုတင်းနှင့် အိုမီဂါ-၃ ဖက်တီးအက်ဆစ်ရဲ့ အရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဆယ်လမွန် ၃ အောင်စက အရွယ်ရောက်ပြီးသူရဲ့ တစ်နေ့တာ ပရိုတင်းလိုအပ်ချက်ရဲ့ ၃၀ ရာခိုင်နှုန်းနီးပါးကို ဖြည့်တင်းပေးပါတယ်။

ဆော်လမွန်က ကျန်းမာရေးနှင့် ညီညွတ်တဲ့ လူများစွာအတွက် ထိပ်တန်းရွေးချယ်မှု ဖြစ်ပေမယ့်လည်း အိုမီဂါ-၃ အလွန်အကျွံ စားသုံးခြင်းဟာ သင့်သွေးဥဆဲလ်အရေအတွက်အပေါ် သက်ရောက်မှုရှိပြီး သွေးကျစေနိုင်ပါတယ်။ ဒါ့အပြင် ဆော်လမွန် အပါအဝင် ငါးကို အလွန်အကျွံ စားသုံးခြင်းက သွေးတွင်း ပြဒါးဓာတ် ပမာဏကို မြှင့်တင်ပေးနိုင်ကြောင်း လေ့လာမှုတွေက တွေ့ရှိခဲ့ပါတယ်။

၃။ သစ်ကြံပိုးခေါက်က ခန္ဓာကိုယ်ကို အဆိပ်ဖြစ်စေနိုင်ပါတယ်။

Antioxidant ပါဝင်မှုမြင့်မားပြီး ဆေးဖက်ဝင် ဂုဏ်သတ္တိများစွာကြောင့် စူပါအစားအစာအဖြစ် သတ်မှတ်ပါတယ်။ သွေးတွင်းသကြားဓာတ်ပမာဏကို လျှော့ချပေးခြင်း၊ ရောင်ရမ်းခြင်းကို လျှော့ချပေးပြီး နှလုံးရောဂါကို ကာကွယ်ပေးနိုင်စွမ်းရှိတာကြောင့် ထိပ်တန်းအစားအစာတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

သစ်ကြံပိုးခေါက်မှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပေမယ့်လည်း အရွယ်ရောက်ပြီးသူ တစ်ဦးကို တစ်နေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းအထိ ပဲ စားသင့်ပါတယ်။ သစ်ကြံပိုးခေါက်မှာ ပါဝင်တဲ့coumarin ကြောင့် အဆိပ်သင့်နိုင်ကြောင်း သုတေသနပြုချက်တွေအရ သိရပါတယ်။ Coumarin က အသည်းပြဿနာ ရှိသူတွေအတွက် အန္တရာယ်ရှိပြီး အလွန်အကျွံ စားသုံးခြင်းက အသည်းပျက်စီးစေနိုင်ပါတယ်။

၄။ ထောပတ်သီးက အဆီဖြစ်စေနိုင်ပါတယ်။

ထောပတ်သီးရဲ့ အာဟာရဂုဏ်သတ္တိတွေ မြင့်မားမှုကြောင့် မကြာသေးမီနှစ်များအတွင်းမှာ ကမ္ဘာနှင့်အဝှမ်း ရေပန်းစားလာခဲ့ပါတယ်။ ထောပတ်သီးတစ်လုံး စားသုံးခြင်းက အရွယ်ရောက်ပြီးသူတစ်ဦးရဲ့ ဗီတာမင် K လိုအပ်ချက် လေးပုံတစ်ပုံ၊ ဖောလိတ်လိုအပ်ချက်ရဲ့ ငါးပုံတစ်ပုံနှင့်  နေ့စဥ်လိုအပ်တဲ့ ဗီတာမင် E ၏ ဆယ်ပုံတစ်ပုံကို ဖြည့်ဆည်းပေးပါတယ်။

အဆီများတဲ့ အသီးအနှံတွေမှာလည်း အိုမီဂါ-၃ နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝပေမယ့် ထောပတ်သီးမှာက ပိုများလွန်းတာကြောင့်လည်း ရောင်ရမ်းခြင်း၊ ဖောရောင်ခြင်းနဲ့ အစာအိမ်နာခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ သူရဲ့ အဆီဓာတ်ဂုဏ်သတ္တိတွေကြောင့် ထောပတ်သီးမှာ အာဟာရသိပ်သည်းရုံသာမက ကယ်လိုရီပါ မြင့်မားပါတယ်။

အခြားသော ကယ်လိုရီတွေလိုပဲ များလွန်းပါက ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ သင့်နေ့စဉ်အစာအစီအစဉ်မှာ ထောပတ်သီးထည့်စားဖို့ စီစဉ်ထားရင်တော့ 50 ဂရမ် ဒါမှမဟုတ် ထောပတ်သီးရဲ့ သုံးပုံတစ်ပုံမှ တစ်ဝက်ခန့်ကို စားသုံးဖို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

၅။ Hummusက အဝလွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

Hummus ဆိုတာက ကုလားပဲ၊ နှမ်း၊ သံပုရာသီး၊ ကြက်သွန်ဖြူနှင့် သံလွင်ဆီတို့နဲ့ ပြုလုပ်ထားတဲ့ အရှေ့အလယ်ပိုင်း အစားအစာတစ်မျိုး ဖြစ်ပါတယ်။ အစားအစာတစ်ခုစီမှာကတည်းက ကျန်းမာရေး အကျိုးကျေးဇူးများစွာ ပါ၀င်ပါတယ်။ ဒါပေမယ့် ပေါင်းစပ်လိုက်တဲ့အခါ အာဟာရပြည့်ဝပြီး ပရိုတင်းဓာတ်ပါတဲ့ စူပါအစားအစာကို ရရှိသွားပါတယ်။

hummus ဟာ သားသတ်လွတ်သမားတွေ နှင့် အခွံမာသီးတွေ၊ နို့ထွက်ပစ္စည်းတွေနှင့် ဓာတ်မတည့်သူတွေအတွက် သင့်တော်ရုံသာမကဘဲ အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။ အထူးသဖြင့် အိမ်မှာလုပ်တဲ့ hummus တွေ ပိုကောင်းပါတယ်။ စတိုးဆိုင်ကဝယ်တဲ့ hummus အများစုက ကျန်းမာရေးနှင့် ညီညွတ်ခြင်းမရှိတဲ့အပြင် ဆိုဒီယမ်ပမာဏများပါတယ်။

မလိုအပ်တဲ့ဆီတွေနှင့် ကြာရှည်ခံပစ္စည်းတွေလိုမျိုး အန္တရာယ်ရှိတဲ့ ပါဝင်ပစ္စည်းတွေတောင် ပါဝင်နိုင်ပါတယ်။ စတိုးဆိုင်တွေမှာ ရောင်းတဲ့ hummus တွေက အဝလွန်ခြင်းနှင့် အမျိုးမျိုးသော ရောဂါဝေဒနာတွေကို ဖြစ်စေနိုင်တာကြောင့် သင်ကိုယ်တိုင် ပြုလုပ်ခြင်းက အကောင်းဆုံးပါပဲ။

၆။ Kombucha က အက်ဆစ်ဓာတ်ကို တိုးစေပါတယ်

Kombucha ဆိုတာက အချဉ်ဖောက်ထားတဲ့ လက်ဖက်ခြောက်တစ်မျိုးဖြစ်ပြီး antioxidants နှင့် probiotics တွေ မြင့်မားစွာ ပါဝင်ပါတယ်။ အဆိုပါအရက်ကို ၁၉၉၀ ခုနှစ်ကတည်းက လူကြိုက်များလာခဲ့ပေမယ့်လည်း တရုတ်မှာတော့ 220 BC ကတည်းက စတွေ့ခဲ့ပါတယ်။ ဒီနေ့မှာတော့ kombucha က ကျန်းမာရေးနှင့်ညီညွတ်တဲ့ စူပါအစားအစာတစ်ခုဖြစ်ပြီး detoxing ပြုလုပ်ဖို့အတွက် သွားသောက်ရမယ့်အရက် ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Kombucha မှာ ဘက်တီးရီးယား နှင့် တဆေး အမျိုးအစား အမျိုးမျိုး ပါ၀င်နေတာကြောင့် ကိုယ်ခံအားနည်းသူတွေ သောက်လို့အဆင်မပြေပါဘူး။ ဒါ့အပြင် kombucha အသောက်များလွန်းရင် သင့်ကို ဗိုက်အောင့်စေခြင်း ဒါမှမဟုတ် အူချဉ်ပေါက်စေခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ သကြားပမာဏများတာကြောင့် ကိုယ်အလေးချိန်တက်ဖို့လည်း လွယ်ပါတယ်။

၇။ တူနာငါးက အစာခြေစနစ်ကို ထိခိုက်စေပါတယ်။

တူနာငါးဟာ အိုမီဂါ 3s နှင့် ဗီတာမင် B12 ကြွယ်ဝစွာပါရှိတဲ့ အဆီဓာတ်များတဲ့ ငါးမျိုးဖြစ်ပါတယ်။ လေ့လာမှုတွေအရ တူနာငါးစားသုံးခြင်းဟာ နှလုံးအတွက်ကောင်းပြီး မျက်စိကျန်းမာရေးကို အားကောင်းစေပါတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး သွေးဖိအားကိုလည်း လျော့ကျစေကြောင်း လေ့လာမှုတွေက ဖော်ပြခဲ့ပါတယ်။

ဆော်လမွန်ငါးနှင့် အခြားငါးတွေလိုပဲ တူနာငါးမှာလည်း မာကျူရီပါ၀င်တာကြောင့် ပမာဏများပြားစွာ မကြာခဏ စားသုံးမိရင် အန္တရာယ်ရှိတဲ့အစားအစာ ဖြစ်လာပါတယ်။ အဆိပ်သင့်ခြင်းက မှတ်ဉာဏ် ဒါမှမဟုတ် အမြင်အာရုံ ဆုံးရှုံးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ တုန်လှုပ်ခြင်းနှင့် ထုံကျင်ခြင်းတို့ကို ဖြစ်စေပါတယ်။

စည်သွတ်ဘူးနှင့် လတ်ဆတ်တဲ့ တူနာငါးရဲ့ အကျိုးကျေးဇူးတွေကို နှိုင်းယှဉ်ကြည့်ရင်တော့ နှစ်မျိုးလုံးဟာ အဆီနည်းပြီး ပရိုတင်းဓာတ်များပါတယ်။ ဒါပေမယ့်လည်း အယ်လ်ဘာ Core ဒါမှမဟုတ် တူနာဖြူကြီးတွေက တခြားတူနာမျိုးကွဲတွေနှင့် နှိုင်းယှဉ်ရင် ပြဒါးဓာတ်ပါဝင်မှု ပိုမိုမြင့်မားကြောင်း သုတေသနပြုချက်တွေအရ သိရပါတယ်။

၈။ Green tea က နာကျင်ကိုက်ခဲမှုကို ဖြစ်စေနိုင်ပါတယ်။

Green Tea မှာ Antioxidant ပါဝင်မှု မြင့်မားတာကြောင့် ကမ္ဘာပေါ်မှာ ကျန်းမာရေးနှင့် အညီညွတ်ဆုံးသော အဖျော်ယမကာတွေထဲကမှ တစ်ခုအဖြစ် နာမည်ရထားပါတယ်။ လက်ဖက်စိမ်းမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကင်ဆာနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးတဲ့အပြင် အဆီတွေကို လောင်ကျွမ်းစေပြီး ဦးနှောက်လုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။

လက်ဖက်စိမ်းမှာ မရေမတွက်နိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိပေမယ့်လည်း ပမာဏများလွန်းရင်တော့ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဘာလို့ဆို ကဖိန်းဓာတ်တွေ ပါဝင်နေလို့ပါ။ ကဖိန်းဓာတ်ကို အလွန်အကျွံ စားသုံးခြင်းရဲ့ အကျိုးသက်ရောက်မှုတွေကတော့ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်းနှင့် ရင်ပူခြင်း တို့ဖြစ်ပါတယ်။

ကဖင်းဓာတ်ပါတဲ့ ထုတ်ကုန်တွေကို ခံနိုင်ရည်မရှိတဲ့သူတွေအတွက် အဆင်မပြေပါဘူး။ လက်ဖက်စိမ်းက အချဉ်ဓာတ်နှင့် အစာမကြေခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ တစ်နေ့ကို ရေနွေးကြမ်း ၃ ခွက်ကနေ ၅ ခွက်အထိ သောက်တာဟာ အရွယ်ရောက်ပြီးသူတိုင်းအတွက် လုံလောက်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments