အကြောပြတ်ရာတွေ ဖြစ်လာရတဲ့အကြောင်းအရင်းနဲ့ အကြောပြတ်ရာတွေကို မှေးမှိန်သွားအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းများ

အကြောပြတ်ရာတွေက ဗိုက်၊ ရင်ဘတ်၊ တင်ပါး၊ ခြေသလုံးနေရာတွေမှာ ပေါ်လာလေ့ရှိပါတယ်။ ဒါပေမယ့် အကြောပြတ်ရာတွေက နာကျင်မှုမရှိသလို အန္တရာယ်လည်းမရှိပါဘူး။ ဒါပေမယ့် အချို့လူတွေကတော့ အကြောပြတ်ရာတွေရှိနေတာကို သဘောမကျကြပါဘူး။

အကြောပြတ်ရာတွေက တစ်ခါတရံမှာ အမာရွတ်တွေနဲ့တူနေတတ်ပါတယ်။ အကြောပြတ်ရာတွေက အနီရောင်၊ ခရမ်းရောင်၊ ပန်းရောင်၊ အညိုရောင်ဆိုပြီး အသားအရောင်ပေါ်မူတည်ပြီး ဖြစ်ပေါ်လာပါတယ်။ အချိန်တွေ ကြာလာရင်တော့ အရောင်က မှေးမှိန်လာပြီး အကြောပြတ်ရာတွေကို သိပ်မမြင်ရတော့ပါဘူး။

အကြောပြတ်ရာတွေ ဖြစ်လာရတဲ့အကြောင်းအရင်းများ

ကိုယ်အလေးချိန်ရုတ်တရက်မြင့်လာရင် သို့မဟုတ် အရပ်ရှည်လာရင် အကြောပြတ်ရာ ဖြစ်လာပါတယ်။ အပြောင်းအလဲဖြစ်လာတာတွေက အရေပြားက လျင်လျင်မြန်မြန် ကျင့်သားမရသေးပါဘူး။ အဲဒီကနေ အရေပြားအောက်က အလွှာတွေက ခွဲထွက်သလိုဖြစ်လာပြီး အကြောပြတ်ရာတွေ ဖြစ်လာပါတယ်။

- ကိုယ်ဝန်ဆောင်ချိန်

- အပျိုဖော်၊ လူပျိုဖော်ဝင်ချိန်

- လေ့ကျင့်ခန်းလုပ်တာကြောင့် ကြွက်သားတွေ လျင်လျင်မြန်မြန် ကြီးထွားလာခြင်း

- ကိုယ်အလေးချိန် လျင်လျင်မြန်မြန်ကျသွားခြင်း သို့မဟုတ် လျင်လျင်မြန်မြန်တက်လာခြင်း

- ရင်သားကြီးထွားအောင် ခွဲစိတ်မှုလုပ်ခြင်း

စတဲ့အချက်တွေကြောင့် အကြောပြတ်ရာတွေ ဖြစ်လာပါတယ်။

အကြောပြတ်ရာတွေ ဖြစ်လာစေတဲ့ နောက်ထပ်အချက်တွေကတော့

- အမျိုးသမီးဖြစ်နေခြင်း

- ကိုယ်အလေးချိန်များခြင်း

- Anabolic steroids ဆေးတွေကို သောက်ခြင်း

- အရေပြားမှာ corticosteroid ကို အချိန်ကြာမြင့်စွာစွဲလိမ်းခြင်း

- Cushing ရောဂါ၊ Marfan ရောဂါ၊ Ehlers-Danlos ရောဂါတို့လို မျိုးရိုးဗီဇနဲ့သက်ဆိုင်တဲ့ ရောဂါတွေရှိခြင်းကြောင့် ဖြစ်ပါတယ်။

အကြောပြတ်ရာတွေကို ဘယ်လိုကုသမလဲ။

အကြောပြတ်ရာတွေက ရောဂါမဟုတ်သလို ကုသဖို့လဲ မလိုအပ်ပါဘူး။ အချိန်ကြာလာရင် မှေးမှိန်ပြီး ပျောက်ကွယ်သွားပါတယ်။ ဒါပေမယ့် အသားအရေပေါ်မှာ အကြောပြတ်ရာတွေ ရှိနေလို့ စိတ်ထဲအလိုမကျ ဖြစ်နေရင်တော့ ကျွမ်းကျင်သူတွေနဲ့ ကုသမှုခံယူလို့ရပါတယ်။ အလှအပဆရာဝန်တွေက အသားအရေ၊ အကြောပြတ်ရာတွေပေါ်မူတည်ပြီး အကြံပေးနိုင်ပါတယ်။ အခြားကုထုံးတွေလည်း ရှိပါတယ်။

- Retinoid creams နဲ့ lotion တွေက အသားအရေရဲ့ကော်လဂျင်ကို ထိန်းသိမ်းပေးပြီး အကြောပြတ်ရာတွေကို မှေးမှိန်သွားအောင် လုပ်ပေးပါတယ်။ ဒါပေမယ့် ဒီခရင်မ်တွေကိုတော့ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်နေစဉ် အသုံးပြုရင် ကလေးကို ထိခိုက်နိုင်တာကြောင့် ရှောင်သင့်ပါတယ်။

- လေဆာ၊ အာထရာဆောင်း၊ ရေဒီယိုလှိုင်းနဲ့ အခြားကုထုံးတွေက ကော်လဂျင်ထုတ်လှုပ်မှုကို လှုံ့ဆော်ပေးပါတယ်။

- Microdermabrasion နဲ့ chemical peels ပြုလုပ်တာကလည်း ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။

- ပလက်စတစ်ဆာဂျရီလည်း ပြုလုပ်လို့ရပါတယ်။ ဒါပေမယ့် ဒီနည်းက ခွဲစိတ်မှုပြီးတဲ့အခါ အမာရွတ်ကျန်ခဲ့တဲ့အပြင် နာကျင်တာလည်း ဖြစ်စေပါတယ်။ ငွေလည်း ပိုပြီးကုန်ကျပါတယ်။

အကြောပြတ်ရာနဲ့ပတ်သက်ပြီး ကုသမှုခံယူမယ် ဆိုရင်တော့ ဆရာဝန်နဲ့သာတိုင်ပင်သင့်ပါတယ်။

အကြောပြတ်ရာတွေကို ဖယ်ရှားနိုင်မယ့်နည်းလမ်းများ

အကြောပြတ်ရာတွေကို ပါးသွားဖို့အတွက် သဘာဝအဆီတွေကို လိမ်းလို့ရတယ်လို့ ကြော်ငြာကြပေမယ့် ထင်သလောက် အကျိုးရလဒ်မရှိပါဘူး။ မနက်အစောပိုင်း နေရောင်ခြည်ကို ခံယူတာက အကြောပြတ်ရာတွေကို ဖယ်ရှားနိုင်မယ့် နည်းလမ်းပါပဲ။

ဒါပေမယ့် အသစ်ဖြစ်လာမယ့် အကြောပြတ်ရာတွေကိုတော့ မကာကွယ်နိုင်ပါဘူး။ အကြောပြတ်ရာတွေ ထပ်ပြီးမဖြစ်လာဖို့ဆိုရင် ကိုယ်အလေးချိန်ကို ထိန်းတာ၊ ကိုယ်လက်လှုပ်ရှားအားကစားလုပ်တာ၊ အစားအစာကို အာဟာရ မျှမျှတတ စားတာတို့ကို ပြုလုပ်ပေးသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments