စိတ်ဖိစီးမှုဆိုတာက လူတိုင်းနဲ့ မကင်းနိုင်ပါဘူး။ စိတ်ဖိစီးမှုကြောင့် နောက်ဆက်တွဲအနေနဲ့ ခေါင်းကိုက်၊ နှလုံးရောဂါ၊ ဆီးချိုနဲ့အခြားရောဂါတွေကို ဖြစ်ပေါ်စေပါတယ်။
စိတ်ဖိစီးမှုကင်းတဲ့အခါမှသာ ပျော်ရွှင်ကျန်းမာနိုင်မှာပါ။ အဲဒါကြောင့် စိတ်ဖိစီးတဲ့ အခြေအနေတွေကို လျင်လျင်မြန်မြန် ကျော်ဖြတ်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အသက်ရှူလေ့ကျင့်ခန်းများ
ဒီလေ့ကျင့်ခန်းလေးတွေက ထိုင်နေရင်းတောင် ပြုလုပ်လို့ရပါတယ်။ လက်နှစ်ချောင်းကို နှာခေါင်းပေါက်နှစ်ပေါက်နားမှာထားပြီး အသက်ကို ပြင်းပြင်းရှူသွားတဲ့ လေ့ကျင့်ခန်းပါ။ နောက်ထပ်လေ့ကျင့်ခန်းကတော့ လက်နှစ်ဖက်နဲ့ နားရွက်နှစ်ဖက်ကို ယှက်ကိုင်ထားပြီး အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ်ပေးရုံပါပဲ။
၂။ လျှာပေါ်မှာ ဆားကို တင်ခြင်း
ဒီနည်းလမ်းကတော့ အချို့လူတွေအတွက် အဆင်မပြေနိုင်ပါဘူး။ ဒါပေမယ့် အရမ်းထိရောက်တဲ့နည်းပါပဲ။ ဆားအနည်းငယ်ကို လျှာပေါ်မှာ တင်ထားလိုက်ပါ။ ခဏလောက် တင်ထားပြီးရင်တော့ ရေသောက်လိုက်ပါ။ စိတ်ဖိစီးမှုတွေ သိသိသာသာ လျော့ကျသွားတာကို တွေ့ရမှာပါ။
၃။ ရေခဲတုံးလေးတွေကို ရင်ဘတ်ပေါ်တင်ခြင်း
ရေခဲတုံးလေးတွေ သို့မဟုတ် အေးခဲထားတဲ့ သစ်သီးလေးတွေကို ရင်ဘတ်ပေါ်မှာ မိနစ်အနည်းငယ် တင်ထားပေးပါ။ ဒီနည်းက vagus nerve လေးတွေကို တည်ငြိမ်ပြီးအေးသွားအောင် ပြုလုပ်ပေးပါတယ်။ Vagus nerve က အာရုံကြောစနစ်ကို ထိန်းညှိပေးဖို့ အရေးကြီးတဲ့နေရာကနေ ဆောင်ရွက်ပေးပါတယ်။
၄။ ထိုင်ခုံပေါ်မှာပဲ ပြုလုပ်နိုင်သည့်လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ထိုင်ခုံတစ်ခုံပေါ်မှာထိုင်ပြီး ခြေအိတ်တွေ၊ ဖိနပ်တွေကို ချွတ်လိုက်ပါ။ ခြေထောက်ကို ကြမ်းပြင်နဲ့ထိထားပြီး အသက်ကို ပြင်းပြင်းရှူပါ။ မျက်လုံးတွေကို မှိတ်ထားပါ။ အဲဒီအချိန်မှာ ခေါင်းထဲကနေ မကောင်းတဲ့အတွေးတွေ အကုန်ထွက်သွားတယ်လို့ စိတ်ကူးကြည့်လိုက်ပါ။
၅။ လက်ဖဝါးပေါ် ရေခဲတင်ခြင်း
နောက်ထပ်နည်းလမ်းလေးကတော့ ရေခဲတုံးလေးတွေကို လက်ဖဝါးပေါ်တင်ပြီး လက်ဖဝါးကို ဆုပ်လိုက်၊ ဖြန့်လိုက်ပြုလုပ်ပါ။ အေးမြတဲ့အထိအတွေ့က စိတ်ဖိစီးမှုတွေကို လျော့ပါးစေပါတယ်။ ရေခဲအစား အေးတဲ့အရာတစ်ခုခုကိုလည်း လက်ဖဝါးပေါ် တင်ထားလို့ရပါတယ်။
၆။ ကြိုးခုန်ခြင်း
စိတ်စိစီးမှုတွေကြောင့် မွန်းကြပ်လာပြီဆိုရင် မိနစ်အနည်းငယ်လောက် ကြိုးခုန်ပါ။ လေ့ကျင့်ခန်း အနည်းငယ်လုပ်တာက စိတ်ပူပန်တာတွေကို နည်းပါးသွားစေပါတယ်။
၇။ လိပ်ပြာ
ဒီလေ့ကျင့်ခန်းကိုတော့ မတ်တပ်ရပ်နေရင်း သို့မဟုတ် ထိုင်နေရင်းနဲ့ ပြုလုပ်လို့ရပါတယ်။ လက်နှစ်ဖက်ကို ယှက်ပြီး ပုခုံး သို့မဟုတ် ရင်ဘတ်ပေါ်မှာ တင်ထားပါ။ ပြီးတော့ လိပ်ပြာတောင်ပံခတ်သလိုပုံစံ ပြုလုပ်ပါ။ မျက်လုံးကို မှိတ်ထားပြီး အသက်ရှူသွင်းရှူထုတ်နေတာကို အာရုံစိုက်ပါ။
၈။ လျှာလေ့ကျင့်ခန်း
နောက်ထပ်နည်းလမ်းက လွယ်ကူပါတယ်။ မျက်လုံးကို မှိတ်ထားပြီး လျှာကို အပေါ်နှုတ်ခမ်းအောက်ဖက်နဲ့ မိနစ်အနည်းငယ်ကြာ ထိထားပါ။ ဒီနည်းလမ်းကို ၃ ကြိမ်ခန့် ပြုလုပ်လို့ရပါတယ်။
Zombie (lovemedia)
0 Comments