အိပ်တဲ့ပုံစံ (၆) မျိုးကနေ သိနိုင်တဲ့ သင့်ရဲ့ပင်ကိုစရိုက်

သင်က ညအိပ်တဲ့အခါ ဘယ်လိုပုံစံနဲ့ အိပ်လေ့ရှိပါသလဲ။ အိပ်ပုံအိပ်နည်းကနေတစ်ဆင့် သင့်ရဲ့ပင်ကိုစရိုက်ကို သိရှိနိုင်ပါတယ်။

၁။ သင်က ဒူးကိုကွေးပြီး ဘေးစောင်းအိပ်တတ်သူဆိုရင် စိတ်တည်ငြိမ်ပြီး ယုံကြည်လို့ရတဲ့သူပါ။ သင့်ကို လာရှုပ်လို့တော့ မရပါဘူး။ ဘဝမှာကြုံလာတဲ့ ပြဿနာတွေကို အလိုက်သင့် ပြေလည်အောင် ဖြေရှင်းတတ်တာကတော့ အရည်အချင်း တစ်ရပ်ပါပဲ။

၂။ သန္ဓေသားပုံစံ ကွေးပြီးအိပ်တတ်ရင်တော့ သင့်ကို လုံခြုံမှုပေးတာကို တစ်ခါတရံ လိုအပ်သူပါ။ အခြားသူတွေအပေါ်မှာလည်း ကိုယ်ချင်းစာစိတ် အမြဲထားတတ်တဲ့သူပါ။

အေးအေးဆေးဆေး နေတတ်ပြီး ပြဿနာကို မီးထွန်းရှာရတာကို အရမ်းမုန်းတဲ့စိတ် ရှိပါတယ်။ ပန်းချီဆွဲတာ၊ ကတာ၊ စာရေးတာ စတဲ့အနုပညာတွေမှာ ပိုပြီး အားသန်တတ်ပါတယ်။

၃။ ခြေတွေ၊ လက်တွေကို ဖြန့်ကျက်ပြီး မှောက်အိတ်တတ်သူဆိုရင် သင့်မှာ ခေါင်းဆောင်နိုင်တဲ့စွမ်းရည်တွေ ရှိပါတယ်။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာရော၊ အလုပ်ကိစ္စတွေမှာရော အများထက်ကို ပိုပြီး ဦးဆောင်နိုင်တတ်သူပါ။

အများထက်ပိုပြီး ရှေ့ကို တွေးခေါ်မြော်မြင်နိုင်စွမ်း ရှိပါတယ်။ တာဝန်ယူတတ်တာကတော့ သင့်ရဲ့ ပင်ကိုစရိုက်ဖြစ်ပြီး သင်နဲ့အတူ အခြားသူတွေကိုပါ အောင်မြင်အောင် လက်တွဲခေါ်ပေးတတ်သူပါ။


၄။ သင်က ပက်လက်အိပ်တတ်သူဆိုရင် ဘဝအပေါ်မှာ အမြဲအကောင်းမြင်စိတ် မွေးသူပါ။ လက်ရှိပစ္စုပ္ပန်ကိုသာ အာရုံစိုက်ထားတတ်ပါတယ်။ အလုပ်လုပ်တဲ့အခါ ဇွဲနဘဲနဲ့ လုပ်တတ်တာကတော့ အားသာချက်ပါပဲ။ ပက်လက်အိပ်တတ်သူတွေ အများစုမှာ ခိုင်မာတဲ့စိတ်ဓာတ်တွေ ရှိတတ်ကြပါတယ်။

၅။ လက်တွေကို ခန္ဓာကိုယ်ရဲ့ဘေးဘက်မှာ ချထားပြီး သတိပုံစံ အနေအထားနဲ့ အိပ်တတ်သူတွေက လူအများနဲ့ အလိုက်သင့် ပြုမူနေထိုင်ပြောဆိုတတ်သူတွေပါ။ သူတို့ရဲ့ဘဝမှာရှိတဲ့ ပန်းတိုင်တွေဆီကို မရောက်ရောက်အောင် သွားဖို့အတွက် စိတ်ဓာတ်ပြင်းထန်သူတွေပါ။ အချိန်ကို ရွှေလို့သဘောထားသူတွေပါပဲ။


၆။ ငဟစ်ငှက်လို ခြေထောက်တစ်ဖက်ကို ထောင်အိပ်သူတွေက ခန့်မှန်းရခက်တွေပါပဲ။ သူတို့က စွန့်စားသွားလာရတာကို အရမ်းသဘောကျပါတယ်။ စိတ်က အရမ်းမြန်တာကြောင့် သင့်အနားမှာရှိသူတွေ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။

ဆုံးဖြတ်ချက်တစ်ခု ချတော့မယ်ဆိုရင်တော့ အချိန်အကြာကြီး စဉ်းစားတတ်ပါတယ်။ တစ်ဖက်မှာတော့ သင်က အပြိုင်အဆိုင်နည်းပြီး တည်ငြိမ်အေးချမ်းတဲ့ဘဝကို ပိုပြီးမက်မောတတ်သူပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments