အိမ်သုံးပစ္စည်းအချို့က ဆယ်စုနှစ်တွေကြာအောင် ကြာရှည်အသုံးခံပါတယ်။ ဒါပေမယ့် အိမ်သုံးပစ္စည်းအချို့မှာ သက်တမ်းကုန်ဆုံးရက် ရှိတာကြောင့် အချိန်အကြာကြီး မသုံးသင့်ပါဘူး။

၁။ မကပ်အိုး

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက မကပ်အိုးတွေက ၂ နှစ် သို့မဟုတ် ၃ နှစ်လောက်အထိပဲ အသုံးခံပါတယ်။ ဒီနေ့ခေတ်မှာတော့ နည်းပညာတွေ ဖွံ့ဖြိုးလာတာကြောင့် မကပ်အိုးတွေကို ၅ နှစ်ကနေ ၇ နှစ်လောက်အထိ သုံးလို့ရနေပါပြီ။ ၇ နှစ်လောက်အထိ သုံးပြီးရင်တော့ မသုံးသင့်တော့ပါဘူး။

၂။ ပလက်စတစ်စဉ်းတီတုံး

ပလက်စတစ် စဉ်းတီတုံးတွေက သစ်သားစဉ်းတီတုံးတွေလောက် ကြာရှည်အသုံးမခံပါဘူး။ ပလက်စတစ်စဉ်းတီတုံးတွေကို ၁ နှစ်ကနေ ၅ နှစ်လောက်အထိ သုံးပြီးရင် အသစ်ကို ပြောင်းလဲသုံးသင့်ပါတယ်။

၃။ ယောဂဖျာ

ယောဂဖျာကို ပေါက်ပြဲယိုယွင်းနေရင် ဆက်မသုံးသင့်တော့ပါဘူး။ မကောင်းတော့တဲ့ ယောဂဖျာပေါ်မှာ လေ့ကျင့်ခန်းလုပ်ရင် ခန္ဓာကိုယ်ကိုပါ ထိခိုက်စေပါတယ်။ ယောဂဖျာကို အမျိုးအစားပေါ်မူတည်ပြီး ၆ လတစ်ကြိမ် သို့မဟုတ် တစ်နှစ်တစ်ကြိမ် ပြောင်းလဲအသုံးပြုပါ။

၄။ မိတ်ကပ်ဘရက်ရှ်

မိတ်ကပ်ဘရက်ရှ်ကို နေ့စဉ်အသုံးပြုနေတယ်ဆိုရင် ၃ လတစ်ကြိမ် အသစ်လဲလှယ်ပေးပါ။ ဒါမှမဟုတ် မိတ်ကပ်ဘရက်ရှ်တွေကို တစ်ပတ်တစ်ကြိမ်ခန့် ဆေးကြောပေးသင့်ပါတယ်။

၅။ အပ်

အပ်ချုပ်စက်က အပ်တွေကို ၈ နာရီကြာ အသုံးပြုပြီးတိုင်း နောက်တစ်ချောင်း လဲလှယ်ပေးသင့်ပါတယ်။ အပ်ချုပ်စက်ကအပ်နဲ့ လက်ချုပ်အပ်နဲ့ ကွာခြားမှု‌တွေက အများကြီးပါပဲ။ အပ်ချုပ်စက်ကို မပြောင်းလဲဘဲ အသုံးပြုနေရင် ချုပ်တဲ့နေရာမှာ အဆင်မပြေဖြစ်ပြီး သတ္တုအချင်းချင်း ပွတ်တိုက်မှုကြောင့် အနံ့လည်း ထွက်လာပါတယ်။

၆။ ရေမြှုပ်ကျောက်

ရေမြှုပ်ကျောက်ကိုတော့ လတိုင်းလတိုင်း အသစ်အစားထိုး အသုံးပြုပေးပါ။ ရေမြှုပ်ကျောက်ကို ဝယ်တဲ့အခါ သေးတဲ့ရေမြှုပ်ကျောက်ကို ပိုပြီး ရွေးချယ်သင့်ပါတယ်။

၇။ ကြောင်အညစ်အကြေးစွန့်တဲ့ခွက်

ပလက်စတစ်ခွက်တွေကို အသုံးပြုတဲ့ပေါ်မူတည်ပြီး နှစ်တိုင်းလဲလှယ် အသုံးပြုသင့်ပါတယ်။ အချိန်ကြာကြာအသုံးပြုတဲ့အခါ ကြောင်ရဲ့အညစ်အကြေး အနံ့အသက်တွေက ပလက်စတစ်ခွက်မှာ စွဲပြီး ဖယ်ရှားရခက်လာပါတယ်။

၈။ ဖိနပ်ခုံ

စံမီတဲ့ဖိနပ်ခုံရဲ့ သက်တမ်းက ၆ လသာ ရှိပါတယ်။ ဒါပေမယ့် စီးတဲ့အကြိမ်အရေအတွက်ပေါ် မူတည်ပြီး အချိန်ကြာကြာ အသုံးပြုလို့ရပါတယ်။ နေ့တိုင်းစီးနေတယ်ဆိုရင်တော့ ၄ လတစ်ကြိမ်လောက် ဖိနပ်ခုံအသစ်ကို အသုံးပြုသင့်ပါတယ်။

၉။ မျက်မှန်ကိုင်း

မျက်မှန်ကိုင်းကို သေသေချာချာ အသုံးပြုရင် တစ်နှစ်ကနေ သုံးနှစ်အထိ အသုံးခံပါတယ်။ သုံးနှစ်ကြာပြီးရင်တော့ အသစ်အစားထိုးသင့်ပါတယ်။

၁၀။ အိမ်သာကမုတ်

အိမ်သာကမုတ်က ၁၅ နှစ်အထိ အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် အသုံးပြုတဲ့အပေါ်မူတည်ပြီး ၅ နှစ်တစ်ကြိမ် သို့မဟုတ် ၇ နှစ်တစ်ကြိမ်ခန့် လဲလှယ်ပေးသင့်ပါတယ်။ အချိန်ကြာကြာ အသုံးပြုပြီးသွားရင် အိမ်သာကမုတ်က အက်ကွဲလာပြီး အစွန်းတွေကလည်း ချွတ်ရခက်လာပါတယ်။

Zombie (lovemedia)