ကော်ဖီအရမ်းကြိုက်တတ်သူက ကော်ဖီကို ရုတ်တရက်ဖြတ်လိုက်ရင် ခန္ဓာကိုယ်မှာပြောင်းလဲလာမယ့် အချက် (၆) ခု

ကော်ဖီက အချို့လူတွေအတွက် ကောင်းကျိုးတွေပေးပေမယ့် အချို့တွေအတွက်ကတော့ ကော်ဖီဖြတ်တာက အမှန်ကန်ဆုံးရွေးချယ်မှု ဖြစ်နေတတ်ပါတယ်။ မနက်အိပ်ရာထမှာ ကော်ဖီသောက်လိုက်ရရင် တစ်နေ့တာက လန်းဆန်းနေမှာပါ။

သင်က တစ်နေ့ကို ကော်ဖီ ၅ ခွက်လောက် သောက်နေရင်တော့ ကော်ဖီကို လျှော့ပြီး သောက်သင့်နေပါပြီ။ ကော်ဖီကို အရမ်းကြိုက်တတ်သူက ကော်ဖီကို ရုတ်တရက် ဖြတ်လိုက်ရင် ခန္ဓာကိုယ်မှာ ဘယ်လိုတွေ ပြောင်းလဲလာမလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ခေါင်းကိုက်ခြင်း

မနက်အိပ်ရာထတဲ့အချိန် ခေါင်းကိုက်နေရင် ကော်ဖီသောက်လိုက်ရင် ခေါင်းကိုက်တာ သက်သာသွားတတ်ပါတယ်။ ကော်ဖီက ဦးနှောက်ထဲက သွေးကြောလေးတွေကို ကျဉ်းသွားအောင် ပြုလုပ်လိုက်လို့ပါ။

သင်က ရုတ်တရက် ကော်ဖီကို ဖြတ်တောက်လိုက်ရင် သွေးကြောတွေက ကျယ်လာပြီး ဦးနှောက်ဆီကို သွေးတွေ ရောက်တာ ပိုများပါတယ်။ သင့်ခန္ဓာကိုယ်က ရုတ်တရက်ပြောင်းလဲမှုကြောင့် ခေါင်းကိုက်တာကို ခံစားရမှာပါ။

၂။ စိုးရိမ်စိတ်တွေ ပိုများလာခြင်း

ကော်ဖီသောက်နေကျ လူတစ်ယောက်က ကော်ဖီမသောက်တော့ရင် စိတ်ပူပန်စိတ်တွေ ပိုတိုးလာပါတယ်။ သင်က ကော်ဖီကို အချိုများများနဲ့ သောက်တတ်သူ ဆိုရင်လည်း ကတုန်ကယင်နဲ့ စိတ်လှုပ်ရှားတာကို ခံစားရတတ်ပါတယ်။

၃။ အသားအရေ

စိုးရိမ်စိတ်တွေက ချွေးတွေပိုထွက်စေပြီး နှလုံးခုန်နှုန်းကို ပိုမြန်စေပါတယ်။ အဲဒီအခါ စိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ ကော်တီဇောဟော်မုန်းတွေ ထုတ်လွှတ်ပြီဂ အသားအရေကို ထိခိုက်စေပါတယ်။ အသားအရေမှာ ချွေးပေါက်တွေ ကျယ်လာပြီး အဆီထုတ်လုပ်မှုကလည်း ပိုများလာပါတယ်။ စိတ်ဖိစီးမှုက အသားအရေအတွက် အဆိုးဆုံးရန်သူပါပဲ။

၄။ သွားတွေ ပိုနာကျင်လာခြင်း

ကာဖိန်းဓာတ်ကို ရုတ်တရက် ဖြတ်တောက်ခြင်းရဲ့ ဆိုးကျိုးကတော့ သွားကို ထိခိုက်စေတာပါ။ ကော်ဖီသောက်ပါများရင် သွားတွေ ဝါလာပါတယ်။ ဒါပေမယ့် ကော်ဖီကို လုံးဝမသောက်တော့ရင်လည်း သွားဖုံးနဲ့ သွားတွေ အထိခိုက်မခံနိုင်ဘဲ နာကျင်လာပါတယ်။

၅။ မူးဝေခြင်း

သင်က ကော်ဖီကြိုက်တတ်သူဆိုရင် မနက်အိပ်ရာထချိန်မှာ ကော်ဖီသောက်ရမှ ပြည့်စုံသလို ခံစားရမှာပါ။ ဒါပေမယ့် ကော်ဖီကြိုက်တတ်သူက ကော်ဖီကို ရုတ်တရက် မသောက်တော့ဘူးဆိုရင် ခန္ဓာကိုယ်က ဒီပြောင်းလဲမှုတွေကို အလိုက်သင့်နေဖို့ အချိန်လိုအပ်ပါတယ်။

အဲဒီအခါ မူးဝေတဲ့ခံစားမှုကို ရရှိလာပါတယ်။ ကော်ဖီရုတ်တရက် ဖြတ်တော်လိုက်သူတွေက ၉ ရက်လောက်အထိ အနည်းငယ်မူးသလို ခံစားနေရတတ်ပါတယ်။

၆။ အာရုံစိုက်ဖို့ ခက်ခဲခြင်း

ကော်ဖီက တစ်ခုခုကို အာရုံစိုက်ရာမှာ ကူညီပေးနိုင်ပါတယ်။ ကာဖိန်းဓာတ်က အဒရီနယ်လင်ကို တိုးလာစေတာကြောင့် ဦးနှောက်ကို လှုံ့ဆော်ပေးသလို ဖြစ်စေပါတယ်။ ဒါပေမယ့် သင်က ကော်ဖီကို မသောက်တော့ဘဲ နေလိုက်တာနဲ့ အာရုံစိုက်ရတာ အနည်းငယ် ခက်ခဲလာတာကို ကြုံတွေ့ရနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments