ကမ္ဘာတစ်ဝှမ်းက ထူးထူးဆန်းဆန်း လက်ထပ်ခွင့်တောင်းတဲ့နည်းလမ်း (၉) ခု

စေ့စပ်ပွဲပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ရတဲ့သူကို လက်ထပ်တာပဲဖြစ်ဖြစ် နိုင်ငံနဲ့ သူ့ရဲ့ယဉ်ကျေးမှုအရ ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ကြပါတယ်။ အချို့သော ဓလေ့ထုံးတမ်းတွေကြားမှာ ဆင်တူတာတွေအချို့ရှိပေမယ့်လည်း နေရာတစ်ခုစီနှင့် ဒေသတစ်ခုစီမှာတော့ ကိုယ်ပိုင်ထူးခြားချက်တွေနှင့် အဓိပ္ပါယ်တွေ ရှိကြပါတယ်။

၁။ ပြင်သစ်

သတို့သားရဲ့မိဘတွေက အမွေဆက်ခံထားတာပဲဖြစ်ဖြစ် ဒါမှမဟုတ် အမွေပေးထားတဲ့ လက်စွပ်ကိုသုံးပြီး လက်ထပ်ကြတာက ထုံးစံပဲဖြစ်ပါတယ်။ လက်ထပ်ခွင့်တောင်းတာကို လက်ခံပြီးတာနှင့် သတို့သမီးနှင့် သတို့သားက လက်စွပ်ကို ဆက်သုံးဖို့ ဆန္ဒရှိမရှိ ဆုံးဖြတ်နိုင်ပါတယ်။ ဒီအခြေအနေမှာတော့ မိသားစုရဲ့ ခွင့်ပြုချက်ကို တောင်းခံရပါတယ်။ ကျောက်ကိုသာ ပေးမယ်ဆိုရင်လည်း စိတ်ကြိုက် လက်စွပ်ကို ရွေးချယ်နိုင်ပါတယ်။

၂။ စကော့တလန်

ဒီနိုင်ငံမှာတော့ အမျိုးသားတွေက The Speerin လို့ခေါ်တဲ့ အခမ်းအနားတစ်ခုမှာ စမ်းသပ်မှုတွေကို ဆက်တိုက်ဖြတ်သန်းပြီး သူတို့ရဲ့တန်ဖိုးကို သက်သေပြရပါတယ်။ အတားအဆီးတွေနှင့် စမ်းသပ်မှုတွေကိုတော့ သတို့သမီးရဲ့ဖခင်က ဆုံးဖြတ်ပါတယ်။ တကယ်လို့ သတို့သားလောင်းက ဒါတွေကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ရင် လက်ထပ်ခွင့်ရပါတယ်။

၃။ ဒူဘိုင်း

ဒူဘိုင်းနိုင်ငံမှာရှိတဲ့ ဓလေ့ထုံးတမ်းတွေက အတော်လေး တင်းကျပ်ပြီး ပရိုတိုကောနှင့် စည်းကမ်းတွေကို ဆက်တိုက်လိုက်နာရမှာပဲ ဖြစ်ပါတယ်။ သတို့သားက သတို့သမီးရဲ့မိခင်ဆီကို ချဉ်းကပ်ပြီး သမီးဖြစ်သူကို လက်ထပ်ခွင့်တောင်းနိုင်ဖို့ သူ့ရဲ့ခံစားချက်တွေနှင့် ရည်ရွယ်ချက်တွေကို ပြောပြရမှာပဲ ဖြစ်ပါတယ်။

၄။ ဂျပန်

စုံတွဲ တရားဝင် စေ့စပ်ထားတဲ့ အခမ်းအနားကို yuino လို့ ခေါ်ပြီး နှစ်ဖက်မိသားစုကြား တွေ့ဆုံမှုလည်း ပါဝင်ပါတယ်။ ဒီစုဝေးပွဲမှာ ဆန်စက္ကူ ၉ ထုပ် လက်ဆောင် ဖလှယ်ကြပါတယ်။ ဒါတွေက အနာဂတ်အိမ်ထောင်ရေးအတွက် သူတို့ရဲ့ခံစားချက်တွေနှင့် ကောင်းသောရည်ရွယ်ချက်တွေကို ကိုယ်စားပြုပါတယ်။

၅။ အိုင်ယာလန်

အိုင်ယာလန် ရိုးရာဓလေ့မှာတော့ လက် ၂ ဖက်နဲ့ ဆုပ်ကိုင်ထားတဲ့ သရဖူပုံစံ နှလုံးပါရှိတဲ့ Claddagh လို့ခေါ်တဲ့ လက်ထပ်လက်စွပ်ကို အသုံးပြုကြပါတယ်။ ဒါက မင်္ဂလာပွဲမတိုင်မီ လက်ခံသူရဲ့နှလုံးကို ညွှန်ပြတဲ့ သင်္ကေတနှင့် ပြည့်စုံတဲ့ လက်ဝတ်ရတနာတစ်ခု ဖြစ်ပါတယ် နောက်ပိုင်း လက်ထပ်ပြီးတဲ့အခါမှာလည်း နှလုံးသားအတွင်းထဲကို ညွှန်ပြတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

၆။ မက္ကဆီကို

မက္ကဆီကိုမှာရှိတဲ့ မင်္ဂလာဆောင်တွေမှာတော့ သတို့သမီးရဲ့ ဖခင်နှင့် မိသားစုဆီကနေ လက်ခံမှုရရှိဖို့ ကြိုးပမ်းရတာက အဓိကကျပါတယ်။ ဒါ့အပြင် ဇနီးမောင်နှံနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းနှင့် သူတို့ရဲ့ အနာဂတ်အိမ်ထောင်ရေးဆိုင်ရာ ဆန္ဒတွေအပြင် ယောက္ခမနှင့်ပတ်သက်တဲ့ တစ်စုံတစ်ရာအကြောင်း အတိုချုံး ဟောပြောရပါသေးတယ်။

၇။ ထိုင်း

ထိုင်းရိုးရာဓလေ့အရ သတို့သမီးလောင်းကို ရွှေစေ့စပ်ပွဲလို့ လူသိများတဲ့ လက်ဆောင်ပေးပြီး လက်ထပ်ခွင့်တောင်းရပါတယ်။ ၂၄ ကာရက်ရွှေနဲ့ ပြုလုပ်ထားတဲ့လက်ဆောင်ကို သတို့သားက သတို့သမီးကိုပေးရမှာပဲ ဖြစ်ပါတယ်။

၈။ အိန္ဒိယ

အိန္ဒိယဓလေ့ထုံးတမ်းမှာတော့ သတို့သမီးက သတို့သားကို တင်တောင်းရပါတယ်။ မန်နိ ဒါမှမဟုတ် နိစ္စိတာသမ်လို့ ခေါ်တဲ့အခမ်းအနားတစ်ခုကို မိသားစုနှစ်ရပ်လုံးက မိသားစုဝင်တွေ တက်ရောက်ကြရပါတယ်။

ထုံးတမ်းစဉ်လာများစွာကို ပြုလုပ်ကြပြီး ဇနီးမောင်နှံနှစ်ဦး တရားဝင် စေ့စပ်ပွဲအတွက် ကတိတွေ ဖလှယ်ကြရပါတယ်။ စေ့စပ်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့လည်း မင်္ဂလာပွဲမစမီ 2၊ 3 ရက်အလိုမှာ mehndi ဒါမှမဟုတ် henna လို့ခေါ်တဲ့ ဆိုးဆေးတွေကို သတို့သမီးက ဆိုးရပါတယ်။

၉။ ဖီဂျီ

ဖီဂျီမှာတော့ လူတွေကို အံ့ဩသွားစေနိုင်တဲ့ အထူးဓလေ့တစ်ခု ရှိပါတယ်။ သတို့သားနှင့် သူရဲ့မိသားစုတွေက လက်ထပ်ခွင့်တောင်းဖို့အတွက် သတို့သမီးရဲ့မိသားစုဆီကို အထူးလက်ဆောင်တစ်ခု ပေးရပါတယ်။ ဘယ်လိုလဲဆိုတော့ ဝေလငါးရဲ့သွားကို လက်ထပ်ခွင့်တောင်းဖို့ ယူဆောင်လာရတာပါ။ ဒီဓလေ့က ဖီဂျီရဲ့ကျေးလက်ဒေသတွေမှာ တကယ်ပြုလုပ်ကြပြီး မြို့ပြမှာနေထိုင်တဲ့ မိသားစုတွေလည်း ပြုလုပ်ကြပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments